the IX
? ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ ?
၂ ။
၁.
အိမ်သို့ပြန်ရောက်ပြီး လွယ်အိတ်ပင်မချရသေး ။
" ပြန်လာပြီလား သားထူး .... ကျောင်းမှာအဆင်ပြေရဲ့လား .... သူငယ်ချင်းတွေရောရခဲ့ပြီလား "
ဟူသော မေးခွန်းကို အဒေါ်လတ်ဖြစ်သူက မေးလာသောကြောင့် ထူးသစ် ကျေနပ်စွာပြုံးလိုက်ပြီး
" ကြီးလတ်ကလဲ ..... သားက,ကလေးမဟုတ်တော့ပါဘူး အဆင်ပြေပါတယ် "
ဟု ပြောလိုက်ကာ ဆတ်တီတွင်ဝင်ထိုင်လိုက်သည် ။ ထိုအခါမှ အဒေါ်လတ်ဖြစ်သူကလည်း ဆတ်တီတွင်ဝင်ထိုင်ကာ
" ခေါင်းမူးတာတို့ ခေါင်းကိုက်တာတို့ရောဖြစ်သေးလား သားလေး
ဟု ထပ်မေးသည် ။ လွန်ခဲ့သည့်လအတော်အကြာကတည်းက ကု၍ပျောက်ကင်းခဲ့ပြီဖြစ်သောရောဂါကို အဒေါ်လတ်ဖြစ်သူက ယခုအချိန်အထိ စိုးရိမ်ပူပန်နေဆဲဖြစ်သောကြောင့် အဒေါ်လတ်ဖြစ်သူကို ချွဲသည့်အကြည့်တို့ဖြင့်ကြည့်လိုက်ပြီး
" ပူစရာမရှိရှာကြံပူနေပြန်ပြီ ကြီးလတ်ရာ .... သားဘာမှမဖြစ်ဘူး ..... မဖြစ်လို့တောင်ညနေကျရင်ဘောလုံးသွားကန်မလို့ "
ဟု ပြောလိုက်သည် ။ ပြီးမှ
" သားကိုပူမနေနဲ့ .... ကြီးလတ်ဆိုင်ခင်းမှာမဟုတ်လား .... သားကူပေးမယ် "
ဟု ပြောကာ ဧည့်ခန်းထဲရှိ စာအုပ်စင်ဘေးတွင်စီထားသော စာအုပ်ထည့်ထားသည့်ခြင်းနှစ်ခြင်းကို တစ်ခြင်းစီကောက်ယူလိုက်သည် ။
၂.
လရိပ်တို့၏ကျောင်းဆင်းချိန်သည် ညနေလေးနာရီဖြစ်သော်လည်း အိမ်နှင့်ကျောင်းနှင့်ကနီးသောကြောင့် ညနေလေးနာရီမခွဲခင်မှာပင် အိမ်သို့ပြန်ရောက်သည် ။
သို့သော် ...
အနားမယူနိုင်သေး ။ ညနေငါးနာရီတွင်ကျောင်းဆင်းမည့်လေပြေ့ကို သွားကြိုရမည့်ကိစ္စကရှိသေးသည့်အပြင် အဒေါ်အပျိုကြီးက မိခင်ဖြစ်သူမနက်ပိုင်းမုန့်ဟင်းခါးရောင်းသည့်ဆိုင်တွင် နေ့လည်ဘက်မှညခုနစ်နာရီထိုးသည်အထိ ထမင်းကြော်နှင့်ဟင်းများကိုရောင်းသည် ။ အဒေါ်အပျိုကြီးက မိမိ၏မိခင်ဖြစ်သူနှင့် အသက်အရွယ်ချင်းမကွာခြားသော်လည်း မိမိ၏မိခင်ဖြစ်သူလို မကျန်းမာလှ ။ ထို့ကြောင့် မိမိနှင့်လေပြေက လေပြေ့ကိုကျောင်းကြိုပြီးချိန်တွင် အဒေါ်အပျိုကြီး၏ဆိုင်တွင် တစ်လှည့်ဆိုင်ထိုင်ပေးကာ ဆိုင်သိမ်းရသည် ။
အဒေါ်အပျိုကြီး၏ဆိုင်က မိခင်ဖြစ်သူ၏ မုန့်ဟင်းခါးဆိုင်လောက်ရောင်းအားမကောင်းသောကြောင့် လေပြေနှင့်မိမိသည် ဆိုင်စောင့်ရင်းစာကျက်နိုင်သည် ။ ဤသို့ လုပ်စရာရှိသည့်စာများကိုဆိုင်တွင်လုပ်ရင်း ကျန်သည့်စာတစ်ဝက်ကို အိမ်ပြန်ရောက်၍ ရေမိုးချိုးကာ ညစာစားပြီးမှဆက်လုပ်သည်မှာ နိစ္စဓူဝကိစ္စဖြစ်သောကြောင့် မိခင်ဖြစ်သူကို ကူညီစရာရှိသည့်ကိစ္စလေးများကိုကူညီပေးပြီး လေပြေ့ကိုကြိုရန် လေပြေတက်နေသည့် အ.ထ.က(၄) ကျောင်းဆီသို့ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည် ။
၃.
" ကိုကြီး ..... သမီးကို Report Card လက်မှတ်ထိုးပေးအုံး "
ဟူသော စကားကို လေပြေက ထူးထူးဆန်းဆန်းပြောလာသောကြောင့် လရိပ် လမ်းလျှောက်ခြင်းကိုရပ်၍ လေပြေ့ကိုကြည့်လိုက်သည် ။ လေပြေက ခေါင်းငုံ့ထားသောကြောင့်
" ဘာဖြစ်လို့အမေ့ကိုမထိုးခိုင်တာလဲ .... ဘာလဲ ..... အမှတ်ထပ်နည်းပြန်ပြီလား "
ဟု မေးလိုက်သည် ။ လေပြေက ခေါင်းငုံ့လျှက်ကပင်
" သမီး ... ဒီလ Chemistry ကျတယ် ကိုကြီး "
ဟု ပြောသဖြင့် ခေါင်းကြီးသွားသည် ။ တစ်ဆက်ထဲမှာပင် မျက်လုံးပြူးသွားပြီး
" လေပြေအေး "
ဟု ခေါ်လိုက်သည် ။ လေပြေက
" သမီးမေကြီးကိုမပြောရဲဘူး ကိုကြီး .... မေကြီးသိရင်သမီးကိုသတ်မှာ "
ဟု ပြောရင်း ငိုချလာသဖြင့် ခြေမကိုင် လက်မကိုင်မိဖြစ်ရပြီး
" အေးပါ အေးပါ ...... အမေ့ကိုငါကြည့်ပြောပေးပါ့မယ် ..... ဟုတ်ပြီလား ..... ငိုမနေနဲ့တော့ .... ငိုနေလို့လည်းဒီကိစ္စကဖြေရှင်းလို့ရသွားမှာလဲမဟုတ်ဘူး "
ဟူ၍ ပြောကာ လေပြေ့ကိုဖက်လိုက်သည် ။ လေပြေက မိမိရင်ခွင်ထဲသို့တိုးဝင်လာသဖြင့် ခေါင်းကိုဖွဖွပွတ်ပေးလိုက်ပြီး
" ကိုယ့်အမှားကိုသိတာကောင်းတဲ့ကိစ္စပဲ .... ဒီအမှားကိုသင်ခန်းစာယူပြီး နောက်လအမှတ်ကောင်းအောင်လုပ်ရင် အမေစိတ်မဆိုးလောက်ပါဘူး "
ဟု ပြောလိုက်သည် ။
၄.
ထူးသစ်တို့အဖွဲ့ ဘောလုံးကန်ပြီး၍ အိမ်ပြန်ချိန်သည် ညခုနစ်နာရီထိုးနေပြီဖြစ်သည် ။ သူငယ်ချင်းများနှင့်အတူသွားခြင်းဖြစ်သောကြောင့် သူခိုး ၊ ဓားပြရန်စိုးရိမ်စရာမရှိသော်လည်း အိမ်တွင်ကျန်ခဲ့သော အဒေါ်ကြီး ၊ အဒေါ်လတ် ၊ အဒေါ်ငယ်တို့က မိမိတွင်မရှိတော့သောရောဂါကိုတွေးကာ စိတ်ပူနေကြမည်ဖြစ်သည့်အပြင် တစ်နေကုန်အပြင်တွင်သာအချိန်ကုန်နေသောမိမိကလည်း ပင်ပန်းနေပြီဖြစ်သောကြောင့် လက်ဖက်ရည်ဆိုင်ထိုင်ရန်ခေါ်နေကြသောသူငယ်ချင်းများကိုနှုတ်ဆက်၍ အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့လိုက်သည် ။
ထင်ထားသည့်အတိုင်း မိမိ၏အဒေါ်အငယ်ဆုံးက ခြံပြင်တွင်မတ်တပ်ရပ်ကာ လည်တဆန့်ဆန့်လုပ်နေသောကြောင့် အနားသို့ပြေးသွားလိုက်ပြီး
" ကြီးကြီးငယ် "
ဟု ခေါ်လိုက်သည် ။ ထို့နောက် ပြုံး၍
" သားကိုစောင့်နေတာလား "
ဟု မေးလိုက်သည် ။ မိမိ၏အဒေါ်အငယ်ဆုံးက မိမိကိုမြင်သောအခါမှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ
" နောက်ကျလိုက်တာကွယ် သားထူးရယ် .... နောက်ငါးမိနစ်ဆယ်မိနစ်နေလို့မှပြန်မလာရင် ကြီးကြီးကလာရှာတော့မလို့ "
ဟု ပြောသည် ။ ထို့ကြောင့် မိမိ၏အဒေါ်အငယ်ဆုံးကိုဖက်လိုက်ပြီး
" ကြီးငယ်ရာ .... သားကလေးမဟုတ်တော့ပါဘူး ..... အိမ်ပြန်တတ်ပါတယ် .... ပြီးတော့ သားဒီမှာလာနေတာဘယ်လောက်ကြာပြီလဲ ..... တစ်နှစ်လောက်တောင်ရှိတော့မှာကို "
ဟု ပြောလိုက်သည် ။ ဤစကားကို မိမိ၏အဒေါ်အငယ်ဆုံးက
" အဲ့ဒါတော့အဲ့ဒါပေမဲ့ မင်းအဖေကကြီးကြီးတို့ကိုလာအပ်သွားတာလေ ဂရုစိုက်ရမှာပေါ့ ..... ပြီးတော့ ဟိုတစ်ခါကလို သားတစ်ယောက်ထဲမူးလဲနေရင်ဘယ်လိုလုပ်မလဲ .... သားသာတစ်ခုခုဖြစ်ရင် ကြီးကြီးတို့ပဲရင်ကွဲရမှာ .... မဖြစ်ပါဘူး ..... သားကိုတစ်ယောက်ထဲဘယ်မှမလွှတ်တာအကောင်းဆုံးပဲ "
ဟု တုံ့ပြန်သဖြင့် ခေါင်းကုတ်လိုက်ပြီး
" ကြီးလတ်တို့ညီအစ်မတွေကို ကျွန်တော်တကယ်နိုင်ကိုမနိုင်တော့ဘူးဗျာ "
ဟူ၍ ပြောကာ ခြံထဲသို့ဝင်လာခဲ့လိုက်သည် ။
၅.
အချစ်ခံရသည်ကို ထူးသစ်မမုန်းသော်လည်း မိမိ၏မျက်နှာရိပ်မျက်နှာကဲကို အမြဲအကဲခတ်ကာ လိုအပ်သည်များကိုဖြည့်ဆည်းပေးနေသော အဒေါ်သုံးယောက် အဖေတစ်ယောက်နှင့်နေရသည့်ဘဝကို စိတ်ကျဥ်းကြပ်လာသည် ။
ယခင်က သေလုနီးပါးအခြေအနေနှင့်ကြုံခဲ့ရသူဖြစ်သောကြောင့် ဤကဲ့သို့ဂရုစိုက်ကာစိတ်ပူနေကြသည်ကိုသိသော်လည်း သက်ဆိုင်ရာဆရာဝန်နှင့် ကာယကံရှင်မိမိက အစစအရာရာအဆင်ပြေနေပြီဖြစ်ကြောင်းပြောသည်ကို လက်မခံကြ ။ ထိုအထဲတွင် မိမိ၏ဖခင်ဖြစ်သူက အဆိုးဆုံးနှင့်အသဲဆုံးဖြစ်သည်ဟု ထင်မိသည် ။
ဖြစ်စဥ်အကျဥ်းကိုပြန်ပြောင်း၍တွေးရလျှင် ပဲခူးဒီဂရီကောလိပ်၌တက်နေသောမိမိက မမျှော်လင့်ပဲ သေလုနီးပါးနေမကောင်းဖြစ်ခဲ့သည် ။ မိခင်ဖြစ်သူက ဆရာဝန်ဖြစ်သောကြောင့် အသက်မသေခဲ့သော်လည်း ဖခင်ဖြစ်သူက မိမိစိတ်ချမ်းသာစေရန်ဟုဆိုကာ ပဲခူးဒီဂရီကောလိပ်၌တက်နေသောမိမိကို ဆေးခွင့်နှင့်ကျောင်းတစ်နှစ်နီးပါးနားစေပြီး ရန်ကုန်ရှိ ဤအဒေါ်သုံးယောက်၏အိမ်တွင် လာနေစေသည် ။ အဒေါ်သုံးယောက်ကလည်း သိုက်မှလာသူများဖြစ်၍ အိမ်ထောင်ပြု၍မရဟူသောအကြောင်းပြချက်ဖြင့် အိမ်ထောင်မပြုကြသောကြောင့် မိမိက တစ်မျိုးလုံးတွင်တစ်ယောက်ထဲထွန်းကားသည့်မြေးဦးဖြစ်နေသည့်အပြင် အဒေါ်အပျိုကြီးသုံးယောက်ကလည်း မိမိသန္ဓေသားဘဝကတည်းက မိမိအားမွေးလျှင် အလှည့်ကျထိန်းကြမည်ဟုကတိပြုထားသူများဖြစ်သောကြောင့် မိမိနေမကောင်းသည့်အကြောင်းကိုကြားသည်နှင့် ပဲခူးသို့ကိုယ်တိုင်ရောက်လာကြပြီး မိမိအား ရန်ကုန်သို့ဇွတ်အတင်းခေါ်လာကြသည် ။ မိခင်ဖြစ်သူကမူ မြန်မာတစ်နိုင်ငံလုံး လှည့်လည်သွားလာနေရသူဖြစ်သောကြောင့် မိမိတို့ကိစ္စ၌ဝင်မပါသလို စိတ်လည်းမဝင်စားပေ ။ မိမိစိတ်ချမ်းသာသည့်နေရာ၌နေရန်ခွင့်ပြုသည် ။ ထို့ကြောင့် ပဲခူးသို့ပြန်လျှင်လည်း အဒေါ်အပျိုကြီးသုံးယောက်က တကောက်ကောက်လိုက်လာကြမည်ဖြစ်သောကြောင့် မပြန်ဖြစ်ပဲ ရန်ကုန်တွင်သာသောင်တင်နေသည် ။ ဤသို့သောင်တင်နေစဥ် ရန်ကုန်တက္ကသိုလ်၌ ပထမနှစ်ပြန်တက်ရန်ကိုပါ ဖခင်ဖြစ်သူက စီစဥ်လာသဖြင့် ပဲခူးသို့ပြန်ရန် စိတ်ပင်မကူးနိုင်တော့ပေ ။ ထို့ကြောင့် ကျောင်းမတက်ရသေးခင်စပ်ကြားတွင် အားလပ်ကာ ပျင်းရိနေရသောကာလအတွင်း၌ ဤစွပ်ကျယ်စက်လမ်းတစ်ခုလုံးကိုသာမက စွပ်ကျယ်စက်လမ်းနှင့်ဆက်စပ်နေသော မာတင်နှင့် ကမွန်းခြံဘက်တို့ကိုပါ စက်ဘီးတစ်စီးနှင့် လျှောက်ပတ်ကာ ဟိုဟိုသည်သည် လိုက်စပ်စုမိသည် ။ ဤသို့လျှောက်စပ်စုရင်း စွပ်ကျယ်စက်၏ဘေး၌ ဆိုင်သေးသေးလေးခင်းကာ မုန့်ဟင်းခါးရောင်းသော လေပြေ့အမေဒေါ်ယဥ်မြနှင့် သိကျွမ်းခဲ့ရသည် ။ ထိုမှတဆင့် မုန့်ဟင်းခါးလာစားသော မိမိနှင့်ရွယ်တူကာလသားများအပြင် ဒေါ်ယဥ်မြ၏သမီးဖြစ်သူ လေပြေနှင့်ပါ သိကျွမ်းခဲ့ရသည် ။ အချိန်တိုအတွင်း၌ အသိမိတ်ဆွေများရလာခဲ့သဖြင့် ပဲခူးသို့ပြန်ရန် သတိပင်မရတော့ပေ ။
၆.
ထူးသစ် နေမကောင်းမဖြစ်သော်လည်း မိမိ၏အဒေါ်အငယ်ဆုံးက
" သားကိုတစ်ယောက်ထဲဘယ်မှမလွှတ်တာအကောင်းဆုံးပဲ "
ဟု ပြောလိုက်သောကြောင့် စိတ်ကောက်ဟန်ဆောင်ကာ ညစာပင်ထွက်မစားတော့ပဲ အခန်းထဲတွင်သာအောင်းနေလိုက်သည် ။ ဤသို့အောင်းနေရင်း ညရှစ်နာရီထိုးကာနီးသောအခါတွင်မူ
" သားထူး "
ဟု နူးညံ့စွာခေါ်လိုက်သော မိမိ၏အဒေါ်အကြီးဆုံး၏အသံကို အခန်းအပြင်မှကြားရသည် ။ တံခါးထမဖွင့်ပေးလိုသော်လည်း မဖွင့်ပေးပါက သုံးယောက်သား ဂယက်ရိုက်ကြအုံးမည်ဖြစ်သောကြောင့် မကြည်မလင်နှင့်ပင် အခန်းတံခါးထဖွင့်ပေးလိုက်ပြီး ကုတင်ပေါ်တွင်ပြန်ထိုင်နေလိုက်သည် ။ မိမိ၏အဒေါ်အကြီးဆုံးက အခန်းတံခါးဖွင့်ပေးလိုက်သည်နှင့် အမှောင်ထဲတွင်ထိုင်နေသောမိမိကို
" ညစာလည်းလာမစားဘူး သားလေး ..... ဘာဖြစ်လို့လဲ ..... နေမကောင်းဘူးလား ..... မှန်းစမ်း "
ဟု ပြောရင်း မိမိနဖူးပေါ်သို့ လက်တင်ကြည့်လာသည် ။ ထို့ကြောင့် ရုန်းလိုက်ပြီး
" ကြီးမေကလည်းဗျာ .... တစ်ခါလေးနေမကောင်းဖြစ်မိတာနဲ့ဘာဖြစ်ဖြစ်နေမကောင်းလို့ဖြစ်တယ်ပဲထင်နေကြတော့တာပဲ .... ကျွန်တော်ဘာမှမဖြစ်ပါဘူးလို့ဆို "
ဟု ပြောကာ ကုတင်ပေါ်သို့ မှောက်ရက်လှဲချလိုက်သည် ။ ပြီးမှ
" ကြီးမေတို့လုပ်နေကြပုံတွေကိုမြင်ရတာ စိတ်မသက်သာဘူး ကြီးမေရာ .... ကိုယ့်ကိုယ်ကိုယ် လူမမာကြီးလိုခံစားရတယ် ..... သားနေကောင်းနေပါပြီ "
" ထမင်းလည်းစားနိုင်တယ် ကျောင်းလည်းတက်နိုင်တယ် ..... ဘောလုံးလည်းကန်နိုင်တယ် "
ဟု ထပ်ပြောလိုက်သည် ။ ထိုအခါမှ မိမိ၏အဒေါ်အကြီးဆုံးက မိမိဘေးတွင်ဝင်ထိုင်ကာ
" ဟုတ်ပါပြီ ..... သားကဘာမှမဖြစ်ဘူးဆိုတော့လည်း ကြီးမေတို့စိတ်မပူတော့ပါဘူး ..... ဒါပေမဲ့ ထမင်းလေးတော့ထစားပါကွယ် .... ကြီးမေက သားကြိုက်တဲ့ဘူးသီးကြော်ချက်ရယ် ၊ အညာထောင်းရယ် ၊ ဝက်သားဆီပြန်လေးရယ်ချက်ထားတယ် "
ဟု ပြောသည် ။ မိမိ၏အဒေါ်အကြီးဆုံးပြောသည့်ဟင်းများမှာ မိမိအကြိုက်ဆုံးဟင်းများဖြစ်သောကြောင့် ဗိုက်ဆာသွားသော်လည်း ယခုနေစျေးမကိုင်လျှင် နောက်ထပ်အခွင့်အရေးမရနိုင်တော့သောကြောင့်
" ကြီးမေတို့ ကတိပေးလား "
ဟု မေးလိုက်သည် ။
၇.
လေပြေ၏ကျောင်းအမှတ်စာရင်းကို လရိပ်က ကိုယ်စားလက်မှတ်ထိုးပေးလိုက်၍ရသော်လည်း လေပြေ့ကို မိမိသာမကပဲ မိခင်ဖြစ်သူကပါ အတော်မျှော်လင့်ထားကြသဖြင့် လေပြေ ဓာတုဗေဒလပတ်စာမေးပွဲကျသည့်ကိစ္စကို လက်မခံနိုင် ။ မိမိလက်မခံနိုင်သလို မိခင်ဖြစ်သူသည်လည်း လက်ခံနိုင်မည်မဟုတ်သည်ကိုသိသော်လည်း လေပြေ၏ကျောင်းအမှတ်စာရင်းမှတ်တမ်းကို မိခင်ဖြစ်သူက လတိုင်းလက်မှတ်ထိုးပေးနေကျဖြစ်သောကြောင့် ယခုလတွင်လည်း လက်မှတ်ထိုးရမည့်ရက်ကို စောင့်နေပေမည်ဖြစ်သည် ။ ထို့ကြောင့် လေပြေ့ကိုယ်စား ကျောင်းအမှတ်စာရင်းစာရွက်ကိုယူကာ မိခင်ဖြစ်သူ၏အခန်းထဲသို့ အသာဝင်လာခဲ့လိုက်သည် ။
မိခင်ဖြစ်သူက ထူးထူးဆန်းဆန်း အခန်းထဲရောက်လာသောမိမိကို နားမလည်ဟန်ဖြင့်စိုက်ကြည့်နေသောကြောင့် မိမိပင်လန့်လာသည် ။
သို့သော် ...
လေပြေ့ကိစ္စက မိမိကိစ္စပင်ဖြစ်သောကြောင့်
" လေပြေ့လပတ်အမှတ်စာရင်းစာရွက်ရလာပြီ အမေ "
ဟု ပြောလိုက်သည် ။ ထို့နောက်
" ဒီလစာမေးပွဲက ခက်လို့ထင်တယ် .... အမှတ်သိပ်မကောင်းဘူး "
ဟု စကားဦးသန်းလိုက်သည် ။
၈.
မိခင်ဖြစ်သူက လေပြေစာမေးပွဲကျသည့်ကိစ္စနှင့်ပတ်သတ်၍ အထွေအထူးမဆူပဲ
" အေးလေ .... မင်းတုန်းကစာတော်တယ်ဆိုပြီးလွှတ်ထားမိတော့ လေပြေ့ကိုလည်းဒီလိုပဲထင်လိုက်မိတာ ..... ကြည့်ရတာ ကျူရှင်တွေဘာတွေတက်ဖို့လိုမယ်ထင်တယ် "
ဟု ပြောသဖြင့် လရိပ် အနည်းငယ်စိတ်အေးသွားရသည် ။
သို့သော် ...
မိခင်ဖြစ်သူက ဤမျှနှင့်မပြီးသေး ။
" မင်းကိုဆရာဝန်ဖြစ်လာဖို့မျှော်လင့်ခဲ့ပေမဲ့ဖြစ်မလာတော့ လေပြေ့ကိုမျှော်လင့်မိတာ .... ကြည့်ရတာ မိလေပြေက ရိုးရိုးအောင်ဖို့တောင်မလွယ်ဘူးထင်ပါတယ် "
ဟု ဆက်ပြောသည် ။ မိခင်ဖြစ်သူက မိမိ၏ရွေးချယ်မှုကို အပြစ်တင်လိုဟန်စကားစလာသောကြောင့် ခပ်မြန်မြန်ပင် လေပြေ့အမှတ်စာရင်းစာရွက်၌လက်မှတ်ထိုးပေးလိုက်ပြီး
" လေပြေ့ကိုသိပ်လည်းဆူမနေပါနဲ့ အမေ ..... သူလည်းလူပဲ .... တစ်ခါတစ်လေမှားတာမျိုးတော့ဖြစ်မှာပေါ့ .... ပြီးတော့ လေပြေကကျွန်တော်နဲ့မတူဘူး ..... အရွဲ့တိုက်ပြီးလုပ်ချင်ရာတွေလျှောက်လုပ်ရင် ခက်ကုန်လိမ့်မယ် "
ဟု ပြောကာ မိခင်ဖြစ်သူ၏အရှေ့မှ ထထွက်လာခဲ့လိုက်သည် ။
၉.
မိခင်ဖြစ်သူနှင့် စကားပြောပြီးနောက် လရိပ် စာလုပ်ချင်စိတ်လည်းမရှိတော့သဖြင့် ခြံထဲသို့ဆင်းလာခဲ့လိုက်ကာ ခုံတန်းရှည်ပေါ်တွင်ထိုင်ရင်း စိတ်ကူးတည့်ရာများကို လျှောက်တွေးနေမိသည် ။ ဤသို့လျှောက်တွေးနေစဥ် အတော်လှမ်းသောနေရာမှ ကာလသားတစ်သိုက်၏ သီချင်းဆိုသံခပ်သဲ့သဲ့က နားထဲသို့ဝင်လာသည် ။ ထိုအခါမှ ယနေ့ည မိမိတို့အိမ်နားတွင် မည်သည့်ကာလသားမှသီချင်းလာမဆိုသည်ကိုသတိထားမိသည် ။ ထိုစဥ်
" ကိုကြီး "
ဟူသော ခေါ်သံနှင့်အတူ လေပြေက အပြင်သို့ထွက်လာသည် ။ ထို့ကြောင့် လေပြေ့ကိုကြည့်လိုက်ပြီး
" အမှတ်စာရင်းလက်မှတ်ထိုးပြီးပြီ "
ဟု ပြောလိုက်သည် ။ လေပြေက
" မေကြီးဆူသေးလား "
ဟု လေသံနှင့်မေးသဖြင့်
" နည်းနည်းတော့ဆူတာပေါ့ .... ဒါပေမဲ့ နောက်လပိုကြိုးစားပြလိုက်ရင် စိတ်ချမ်းသာသွားမှာပါ "
ဟူ၍ ပြောလိုက်သည် ။ ပြီးမှ
" ဒါနဲ့ မေးပါအုံးမယ် .... Chemistry က ဘာ Chapter မို့လို့ ကျရတာလဲ "
ဟု မေးလိုက်သည် ။
" ..... "
လေပြေက ပြန်မဖြေသောကြောင့် သက်ပြင်းရှိုက်လိုက်ပြီး
" နားမလည်ရင် မနက်ဖြန်ငါရှင်းပြပေးမယ် "
ဟု ပြောလိုက်သည် ။
သို့သော် ....
လေပြေက
" ကိုကြီးမအားရင်လည်းနေပါ ..... မနက်မှ ကိုကြီးပိုင်ကိုသမီးဘာသာမေးကြည့်လိုက်ပါ့မယ် "
ဟု ပြောသဖြင့် လေပြေ့ကို မျက်မှောင်ကြုတ်၍ကြည့်လိုက်မိသည် ။ လေပြေကမူ ဤသည်ကိုသိဟန်မတူ ။
" သမီးစာသွားကျက်တော့မယ် "
ဟု ပြောကာ မိမိအနားမှထသွားသည် ။
၁၀.
ထူးသစ် ဒေါ်ယဥ်မြ၏မုန့်ဟင်းခါးဆိုင်သို့ရောက်သောအခါ ဒေါ်ယဥ်မြက လေပြေ့ကိုဆူနေသည် ။ သားအမိနှစ်ဦး၏စကားတိုက်ပွဲတွင် ဝင်မပါလိုသော်လည်း ဒေါ်ယဥ်မြက
" မင်းပဲစဥ်းစားကြညံအုံး သားရယ
Unlock to read this premium article with 10 points.