Author's Profile Photo

dawna

9/12/2024

အဓိပ္ပါယ်

1 min read
Life Style

ဘဝကို ဘယ်လိုပုံစံဖြင့် အဓိပ္ပါယ်ရှိအောင် နေရပါမည်နည်း ဆိုသည့် မေးခွန်းသည် ကျွန်တော့်ကို ခေါင်းစားစေသည်ကိုမူ မငြင်းသာပါ။ အဓိပ္ပါယ်ကို နားလည်ရအောင် ကျွန်တော်သည် အဓိပ္ပါယ်ဆိုသည်မှာ ဘာလဲကို ဦးစွာ ဆင်ခြင်ဖို့ဖြစ်လာသည်။ နားရှုပ်သွားမည်ကိုမူသိပါ၏။ ကျွန်တော်ဆိုလိုသည်မှာ အဓိပ္ပါယ်၏ အဓိပ္ပါယ်ဖြစ်ပါသည်။

အကြောင်းရင်းခံသည် အဓိပ္ပါယ်တစ်ခုဖြစ်နိုင်သည်။ အကြောင်းပြချက်လည်းဖြစ်နိုင်သည်။ ၎င်းမှာ ကိုယ်စားပြုရုံ သက်သက်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် အဓိပ္ပါယ်သည် ရည်ရွယ်ချက်ကို ဖော်ပြခြင်းလည်း ဖြစ်သည်ဟု ဆိုကြ၏။

ကျွန်တော့်အတွက်မူ အဓိပ္ပါယ်သည် အကြောင်းရင်းခံ တစ်ခုဖြစ်သည်။ လုပ်ရန်ရှိသော အကြောင်းတစ်ခုကို လုပ်လိုက်သောကြောင့် ပြီးမြောက်ခြင်းရလဒ်က ပီတိဖြစ်စေပြီး အဓိပ္ပါယ်ရှိသည်ဟု စကားလုံးဖြင့် အမွှန်းတင်သော စကားလည်းဖြစ်နိုင်မည်။ သို့သော် ကျွန်တော်၏ စကားလုံးကန့်သတ်ချက်ကိုမူ အတိအလင်းဝန်ခံပါ၏။ များစွာ မရေးတတ်မပြောတတ်ပါ။ သို့သော် အဓိပ္ပါယ်ရှိသော စကားဖြစ်ဖို့ကား အာမဘန္တေခံရပေမည်။

ဒေါန
တနင်္လာ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်