Author's Profile Photo

မိုးနှောင်းအလင်္ကာ

9/12/2024

"တိတ်ဆိတ်ခြင်းဟာ ပညာတစ်ခုဘဲ။"

1 min read
Life Style
General Knowledge
18 Again
"တိတ်ဆိတ်ခြင်းဟာ ပညာတစ်ခုဘဲ။"'s photo

တိတ်တဆိတ်နေတတ်သွားတာကိုက အရည်အချင်းတစ်ခုပါ။ ဘာကိုမှထုပ်ပြခြင်းမရှိဘဲ တိတ်ဆိတ်နေတာက ပညာသားပါနေတာ။ လူမှန်ရင် တိတ်ဆိတ်တတ်ကတယ်။ အဲ့ဒီ တိတ်ဆိတ်ခြင်းဟာ ပညာတစ်ခုဖြစ်နေလို့ဘဲ။ ဘာတွေကို တိတ်ဆိတ်ဖို့လိုတာလည်း ဆိုရင် စိတ်ခံစားချက်တွေ၊ ဒေါသတွေနဲ့ အားနည်း ချက်တွေ အကြောင်းကို တိတ်ဆိတ်ဖို့ပါ။

ဒေါသမရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါသကို ထုတ်မပြတာက ပညာပဲ။ "ပညာရှိအမျက်အပြင်မထွက်နဲ့" ဆိုသလို ဒေါသကို ထုပ်မပြတာက ပညာတစ်ခုပါ။ ဒေါသဆိုတာ အကျည်းတန် တတ်တဲ့အမျိုးပါ။ ဒါပေမဲ့ ဒေါသကို ထုပ်မပြတာက ပညာသားပါတဲ့ ရိုးရှင်းမှုတစ်မျိုးပါ။

ဒေါသရှိတိုင်း ထုပ်ပြရင် ကိုယ်ဘဲ ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမှာ ဘာကြောင့် ဒေါသကြီးသွားလည်းဆိုတဲ့ အကြောင်းအရင်းကို သိမှာမဟုတ်ဘူး။ ဒါ့ကြောင့် ဒေါသထွက်လာတဲ့ အခါ တိတ်ဆိတ်တတ်တာဟာလည်း ပညာတစ်ခုပါ။

မခံစားရဘူးဆိုတာတော့ မဟုတ်ပါဘူး။ ခံစားရပါတယ်။ ဒါပေမဲ့ မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာဘဲ။ မျက်နှာပေါ်က ခံစားချက်တွေကို မပေါ်လွင်အောင် ထိန်းနိုင်မှ ခံစားမှုကို သတိလက်လွတ်အဖြစ်မခံမှ ဒါဟာ ပညာလို့ခေါ်တာပါ။

ခံစားချက်တိုင်းသာ ထုတ်ပြနေရင်ကိုယ့်အားနည်း ချက် လူသိတာပဲ အဖတ်တင်တယ်။ ကိုယ်ခံစားရတာ ပြေလည်သွားတာမှ မဟုတ်ဘဲ။ ဒါ့ကြောင့် ခံစားချက်တွေပေါ်လာတိုင်း တိတ်ဆိတ်စွာ ထိန်းချုပ်ပါ။ ဒါဟာလည်းပညာတစ်ခုပါဘဲ။

ဝမ်းမနည်းတတ်တာတော့ မဟုတ်ပါဘူး။ ဝမ်းနည်းတတ်ပါတယ်။ ဒါပေမဲ့လည်းလူတကာကို လုပ်ပြပြီး ပြောပြမနေတော့တာက ပညာဘဲ။ ကိုယ်အားနည်းကြောင်းကို ဖော်ပြတာထက် တိတ်ဆိတ်စွာနေတတ်ခြင်းဟာ ပညာတစ်ခုပါ။ စိတ်ခံစားချက်ရှိတဲ့သူတိုင်း ဝမ်းနည်းတတ်ကြပါတယ်။ ဒါပေမဲ့ လူတကာကို ပြောပြမနေတော့ဘဲ တိတ်ဆိတ်တတ်သွားတာက ပညာပါ။

ဝမ်းနည်းတိုင်း ငိုပြနေရင်ကိုယ်အားပျော့တာပဲ လူသိတယ်။ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ။ မရင့်သန်သရွေ့ တိတ်ဆိတ်အောင် နေတတ်ဖို့တွေးထားပါ။ ဒါဟာလည်း ပညာပါဘဲ။

အသုံးမဝင်တဲ့ အကြွေစေ့တွေက အသံသိပ်မြည်ကြတယ်။ဒါပေမဲ့ အဖိုးတန်ကျောက်စိမ်းတုံးတွေက တိတ်တဆိတ် နေတတ်လို့ တန်ဖိုးကြီးနေပြီ။ အဲ့ဒီတော့ ခများလည်း တိတ်တဆိတ်နေသင့်ပြီ။ ဒါဟာလည်းပညာပါဘဲ။

တကယ်တော့လူဖြစ်လာပေမဲ့လည်း ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေးရင့်ကျက်နိုင်မှ တော်ကာကျတာ။ဒီလိုရင့်ကျက်အောင် နေဖို့ဆိုတာကလည်းတိတ်ဆိတ်စွာနေနိုင်ခြင်းကတကယ့်ပညာပါဘဲ။

လောကအလယ် မှာ ရင့်ကျက်ဖို့ သင်ယူကြရဦးမှာပါ။ဒီကြားထဲတော့အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ။ ဒါဟာနောင်တစ်ချိန်ရဲ့ ကြွေးကြော်သံအဖြစ် တည်ရှိနေပါ။ တိတ်ဆိတ်စွာနေတတ်ဖို့သင်ကြားပါ။ ဒါကပညာတစ်ခုမို့ တိတ်ဆိတ် တတ်ပြီဆို ရှေ့ဆက်လို့ရပါပြီ။


#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိပါသည်။)


Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးငွေစုနည်း (ရဲစတိုင်း)ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း