Author's Profile Photo

dawna

8/12/2024

မြဲ

1 min read
Life Style

အရှိန်တစ်ခုရဖို့ လုံလောက်သောအချိန်တစ်ခုလိုပါသည်။ ကျွန်တော်သည် တိုးတက်မှုကို အယုံအကြည်မရှိလျှင် အရှိန်တစ်ခု မရနိုင်ပါ။ ကျွန်တော်ဆိုလိုသည့် အရှိန်မှာ တစိုက်မတ်မတ်ရှိခြင်းဖြစ်ပါသည်။ ၎င်းတသမတ်တည်းရှိမှုသည်ပင် တိုးတက်မှု၏ အကြောင်းအရင်းဖြစ်မည်ဟု ကျွန်တော် ယုံကြည်သည်။

ဤတွင် စိန်ခေါ်မှုတစ်ခုရှိကြောင်း သတိမူနိုင်သည်။ ထိုစိန်ခေါ်မှုသည် အချိန်ဖြစ်ပါသည်။ အချိန်ကို ပိုင်နိုင်သောသူသည်သာ လုပ်ချင်သည်ကို ပေါက်မြောက်အောင် လုပ်နိုင်မည်။ ကျွန်တော့်အတွက် ရုန်းကန်ရသည်ကလည်း အချိန်ပင်ဖြစ်နေသည်။ အချိန်သည် ပေါသည်ထင်လျှင် ပေါသည်၊ ရှားသည် ထင်လျှင် ရှားသည်။ ထို့ကြောင့် ကိုယ့်ယူဆချက်သည် ကိုယ့်မှာ အချိန်ဘယ်လောက်ကြွယ်ကြွယ်ဝဝရှိသည်ကို အဆုံးအဖြတ်ပေးကြောင်း သိထားရပါမည်။

အီနားရှား၏ နိယာမ ကို သိကြမည်ထင်သည်။ သွားနေသောအရာတစ်ခုသည် သွားမြဲသွားနေလို၏။ ရပ်နေသော အရာတစ်ခုသည်လည်း ရပ်နေမြဲအတိုင်း ရပ်နေလို၏။ ထိုထက် ရိုးရှင်းသော ရှင်းပြမှုရှိမည် မထင်တော့ပါ။ တကယ်သဘောပေါက်ပါက ကျွန်တော့်အဖို့ အဟုတ် လုပ်ဖို့သာ လိုသည်။

ဒေါန
တနင်္ဂနွေ။

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း