Author's Profile Photo

SarPhat Author

29/03/2024

မှုခင်းဝတ္ထု (၅)

3 mins read
Art
18 Again
မှုခင်းဝတ္ထု (၅)'s photo

Spyware: part 5

ပါဝင်သောအခန်းများ_ ၁၃၊ ၁၄၊ ၁၅

၁၃

"သေဆုံးသူတွေရဲ့ အလောင်းမှာ သဲလွန်စ ရတာ‌ကတော့ ဒါဟာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု တခုလို့ ကောက်ချက်စွဲလို့ ရပါတယ်"

မှုခင်းအဖွဲ့မှ အစည်းအဝေး ပြုလုပ်နေကြသည်။ ထိုအထဲတွင် ဦးအောင်ကျော်က ဆွေးနွေးတင်ပြနေသူဖြစ်သည်။

"ကျနော်တို့ နောက်ထပ် သဲလွန်စတွေ ရနိုင်အုံးမလားလို့ ဆက်လက်စောင့်ကြည့်နေပါတယ်။ ပြီးတော့ ဒီကိစ္စကို မီဒီယာတွေကို အသိမပေးချင်သေးပါဘူး။ အသိပေးလိုက်တဲ့အခါ တရားခံက လက်ဦးမှုတွေ ရယူသွားမှာ စိုးလို့ပါဆရာ။"

"ကောင်းပြီ၊ လုပ်စရာရှိတာကို တို့တွေ အမြန်ဆုံး အရှိန်မြှင့် လုပ်ဆောင်သွားဖို့ လိုတယ်။ တို့တွေကြာနေရင် နစ်နာသူတွေဘက်က စောဒက တက်လာနိုင်တယ်။ စောဒကတက်လာလို့ တို့တွေဘက်က မဖြေရှင်းနိုင်ဘူးဆိုရင် ဆိုရှယ်မီဒီယာတွေမှာ တို့တွေအကြောင်း မကောင်းတာတွေ မဟုတ်မမှန်သတင်းတွေ ရေးသားပြောဆိုလာနိုင်တယ်။ ဒါကြောင့်တို့တွေ ဒီကိစ္စကို အလျင်အမြန်နဲ့ ဆောင်ရွက်ကြပါလို့ ပြောလိုတယ်။ မရှင်းတာရှိလား"

ဦးအောင်ကျော်ရဲ့ဆရာ ဖြစ်သူက အမှုကိစ္စကို အမြန်လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်။ ဦးအောင်ကျော်တို့ တာဝန်ကျေအောင် ထမ်းဆောင်ဖို့သာ လိုတော့သည်။

၁၄

ကိုဦးနှင့် ချမ်းချမ်းတို့ ဖုန်းကိစ္စဖြင့် ခင်မင်သွားကြသည်။ ကိုဦးက ညနေရောက်တိုင်း ချမ်းချမ်းအချိန်ပိုင်း အလုပ်လုပ်နေသော ကော်ဖီဘားသို့ အမြဲတမ်းလာထိုင်သည်။ ချမ်းချမ်း အလုပ်လုပ်နေသည်ကို အမြဲတမ်း ထိုင်ကြည့်နေသည်။ ဆိုင်သိမ်းပြီဆိုလျှင် ချမ်းချမ်းကို အမြဲတမ်းလိုလို လိုက်ပို့ပေးသည်။ ထိုအချင်းအရာကို ဆိုင်ရှင်ဖြစ်သူ ဦးနိုင်ကြီးက သိသည်။

တနေ့သော ညနေခင်းတွင် ဦးနိုင်ကြီးက ချမ်းချမ်းကို ခေါ်၍ ပြောသည်။

"သမီး၊ ငါ့သမီး တွဲနေတဲ့ ကောင်လေးအကြောင်း ငါ့သမီး သေသေချာချာ သိရဲ့လား"

ထိုသို့ မေးသောအခါ ချမ်းချမ်းက ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဦးနိုင်ကြီးက သမီးကို ဘာပြောချင်တာလဲ၊ သမီး ကိုဦးနဲ့ တွဲသွားတွဲလာ လုပ်နေတာကို ပြောချင်တာလား"

"အေး...ဟုတ်တယ်။ အဲ့ဒိ ကိုဦးဆိုတဲ့ ကောင်လေးအကြောင်းပေါ့၊ သူ့ကြည့်ရတာ နည်းနည်းထူးဆန်းနေလို့၊ ယောက်ျားလေးအချင်းချင်းတော့ သိနေတယ်။ သူ တခုခုကို ဖုန်းကွယ်ပြီး နေနေသလိုပဲ။ ဒါကြောင့် ဦးနိုင်ကြီးက စိုးရိမ်လို့ ပြောရတာ။"

"စိတ်ချပါ ဦးနိုင်ကြီး၊ သမီး ကိုဦးနဲ့ တွဲသွားတွဲလာ လုပ်နေပေမယ့် သမီးနဲ့ ကိုဦးတို့က ခင်မင်ရုံအဆင့်ပဲ ရှိပါသေးတယ်။ သမီးလည်း ကိုဦးကို သေသေချာချာ စေ့စေ့စပ်စပ် လေ့လာနေပါတယ်။"

"အေးကွယ်။ ဦးနိုင်ကြီး ဒီလိုပြောလို့ စိတ်လည်းမဆိုးနဲ့နော်။ ဦးနိုင်ကြီးက မဖြစ်သင့်တာ မဖြစ်ရလေအောင် ငါ့သမီးကို ဦးနိုင်ကြီးရဲ့ သမီးလေးလို သဘောထားလို့ ပြောရတာ။"

"ရပါတယ် ဦးနိုင်ကြီးရယ်။ သမီးကို ဖခင်အရင်းတယောက်လို သဘောထားလို့ အခုလိုပြောတယ်ဆိုတာ သမီး သိပါတယ်။ သမီးလည်း မမှားသင့်တာ မမှားရအောင် သေသေချာချာ ကြိုးစားနေထိုင်ပါ့မယ်"

ဦးနိုင်ကြီးသည် ထိုသို့ပြောပြီးနောက် ချမ်းချမ်းကို အလုပ်သွားလုပ်စေတော့သည်။

ဆိုင်သိမ်းချိန်သို့ ရောက်သောအခါ ကိုဦးသည် အချိန်မှန် ရောက်ရှိလာပြီး ချမ်းချမ်းကို အတူတူလိုင်းကားစီးကာ လိုက်ပို့ပေးသည်။ ထိုအချင်းအရာများကို ဦးနိုင်ကြီးက သူ၏ ကားနှင့် လိုက်၍ ကြည့်သည်။

၁၅

ချမ်းချမ်းသည် သူ အလုပ်လုပ်နေသော ကုပ္မဏီသို့ ရောက်ပြီး လုပ်လက်ဆအလုပ်များကို လုပ်နေသည်။ ခဏအကြာတွင် မန်နေဂျာ ရောက်လာပြီး production team တခုလုံး အစည်းအဝေးလုပ်ရန် ခေါ်သည်။

ထိုအချင်းအရာကို ကွန်ပြူတာတလုံးနှင့် ကြည့်နေသူက ကိုဦး။ ချမ်းချမ်း၏ ဖုန်းကို ဟက် ထားသောကြောင့် ချမ်းချမ်း ဘာလုပ်လုပ် မြင်နေတွေ့နေရသည်။

အစည်းအဝေးအခန်းထဲတွင် အလုပ်အကြောင်းများ ဆွေးနွေးနေကြသည်။ အလုပ

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အရမ်းလွမ်းတယ်အဖေမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )

Unlock to read this premium article with 10 points.