Author's Profile Photo

the IX

6/12/2024

ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 1 (BL)

10 mins read
Art
Fiction
Entertainment

? ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ ?

၁ ။

၁.

လရိပ်၏ ညဘက်စာကျက်ခြင်းကို မည်သည့်အချိန်တွင်ရပ်နားရမည်ကို တကူးတကနာရီထကြည့်နေရန်မလို ။

? ဟိုဘက်အိမ်က ညတိုင်းညတိုင်း
စာအကျယ်ကြီး ကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို …
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ် ?

ဟူသော ကာလသားတစ်သိုက်၏ သီချင်းသံကိုကြားရုံနှင့် ညကိုးနာရီထိုးနေပြီဖြစ်ကြောင်း အလိုလိုသိနိုင်သည် ။ ထို့ကြောင့် ရေနံဆီမီးအိမ်ကိုငြှိမ်းလိုက်ပြီး အကြောဆန့်ရန် ပြတင်းပေါက်ရှိရာဆီသို့ ထလာခဲ့လိုက်သည် ။ ကာလသားတစ်သိုက်၏

? အို … ရေဒီယိုကမာရွတ်ရေ့
ကြိုးစားလိုက်စမ်းကွယ် …
D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ် … ?

ဟူသော သီချင်းသံကိုဆက်ကြားရသဖြင့် မိမိ၏တစ်ဦးတည်းသောညီမဖြစ်သူ လေပြေတစ်ယောက် ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရမည်ဖြစ်ကြောင်းကိုတွေးမိသည် ။ တစ်ဆက်ထဲမှာပင် စာမေးပွဲနီးနေပြီဖြစ်သော်လည်း ယခုအချိန်အထိ ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်နေသော လေပြေတစ်ယောက် စာမေးပွဲမအောင်မည်ကိုလည်း စိုးရိမ်မိပြန်သည် ။

မိမိတို့မိသားစုက လေပြေ့ကို နောက်ထပ်တစ်နှစ်ကျူရှင်ထပ်မထားပေးနိုင်လောက်အောင်အထိ မဆင်းရဲသော်လည်း ဖခင်ဖြစ်သူဆုံးပါးသွားပြီးကတည်းက မိမိတို့မောင်နှမကို မိခင်ဖြစ်သူမုဆိုးမကြီးနှင့် အဒေါ်ဖြစ်သူအပျိုကြီးက လုပ်ကျွေးနေခြင်းဖြစ်သောကြောင့် အားနာရသည် ။ ထို့ကြောင့် မိမိဆယ်တန်းအောင်ကာစက ဂုဏ်ထူးငါးဘာသာနှင့်အောင်မြင်ခဲ့သော်လည်း အခြားရွယ်တူသူငယ်ချင်းများကဲ့သို့ ပိုက်ဆံအကုန်အကျများသည့် ဆေးတက္ကသိုလ် ၊ နည်းပညာတက္တသိုလ်တို့မတက်ပဲ အိမ်နှင့်အနီးဆုံးဖြစ်သည့် ရန်ကုန်တက္ကသိုလ်၌သာတက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည် ။

မိခင်ဖြစ်သူက မိမိ၏ရွေးချယ်မှုကို မတားဆီးသော်လည်း ငယ်စဥ်ကတည်းက မိမိအားဆရာဝန်ဖြစ်စေလိုခဲ့သူဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်၌စတက်သည့်အချိန်ကတည်းက မိခင်ဖြစ်သူနှင့် မိမိ၏ဆက်ဆံရေးသည် အနည်းငယ်စိမ်းသက်သွားသည် ။ ထို့ကြောင့် မိမိက မိမိကိုယ်စား မိခင်ဖြစ်သူစိတ်ချမ်းသာစေရန် လေပြေ့ကို ဆေးတက္ကသိုလ်တက်စေလိုသည် ။

သို့သော် ....
စာရေးဆရာမသာဖြစ်လိုသည်ဟုတဖွဖွရေရွတ်နေသောလေပြေက

" ဆယ်တန်းကဘဝကြီးမဟုတ်ပါဘူး ကိုကြီးရာ "

ဟု ပြောကာ အပျော်အပါးမပျက်သဖြင့် မိခင်ဖြစ်သူနှင့် အဒေါ်အပျိုကြီးကိုယ်စား လေပြေ့အတွက် ရင်လေးမိသည် ။

၂.

ထူးသစ်တစ်ယောက်

? အို… ရေဒီယိုကမာရွတ်ရေ့
စိတ်မဆိုးလိုက်နဲ့ကွယ်…စာတွေ မကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ် ?

ဟူသော အပိုဒ်ကိုသီဆိုပြီးနောက် ဂစ်တာတီးခြင်းကိုရပ်လိုက်ကာ မျက်စောင်းထိုးရှိ နှစ်ထပ်ပျဥ်ထောင်အိမ်လေးကို လှမ်းကြည့်လိုက်သည် ။ မိမိနှင့်အသက်အရွယ်မတူသော သူငယ်ချင်းလေး၏အခန်းဖြစ်ဟန်တူသော အောက်ထပ်မှအခန်းတစ်ခန်းက မီးရောင်လင်းနေသည်ကိုတွေ့ရသဖြင့် ပြုံးလိုက်ပြီး

" ဒီကလေးမလေးဘယ်ဆိုးလို့လဲ .... စကားတော့နားထောင်သားပဲ "

ဟု ရေရွတ်လိုက်သည် ။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး အတူပါလာသည့်သူငယ်ချင်းများကို

" ဟေ့ကောင်တွေ .... အချိန်လည်းစောသေးတယ်ဆိုတော့ မာလာဆောင်ဘက်သွားကြရအောင်ကွာ "

ဟု အဖော်ညှိလိုက်သည် ။ အကုန်လုံးက အားရဝမ်းသာဖြင့်ထောက်ခံကြသောကြောင့် မာလာဆောင်ဘက်သို့ ထွက်လာခဲ့လိုက်ကြသည် ။

၃.

ဒုတိယနှစ်ဝက်စာမေးပွဲကလိုသေးသော်လည်း လရိပ်က တစ်နေ့စာတစ်နေ့ပုံမှန်လုပ်ရမှ ကျေနပ်တတ်သောလူဖြစ်သောကြောင့် မနက်လေးနာရီကတည်းက အိပ်ရာမှနိုးနေပြီဖြစ်သည် ။ မိမိကနိုးနေပြီဖြစ်သော်လည်း ဆယ်တန်းကျောင်းသူ လေပြေကမနိုးသေး ။ ထို့ကြောင့် လေပြေ့ကိုနှိုးရင်း မိခင်ဖြစ်သူ မုန့်ဟင်းခါးဆိုင်ဖွင့်ရာတွင်ကူညီပေးရန်စိတ်ကူး၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။

အောက်ထပ်သို့ရောက်သည်နှင့် လေပြေ့အခန်းတံခါးအား အသာခေါက်လိုက်ကာ

" လေပြေအေး .... ထတော့လေ .... လေးနာရီထိုးနေပြီ "

ဟု အော်လိုက်သည် ။ ထို့နောက် မိခင်ဖြစ်သူရှိနေမည့် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည် ။ မိခင်ဖြစ်သူက ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးနှင့် မုန့်ဟင်းရည်အိုးကို မနိုင့်တနိုင်ဖြင့် မီးဖိုပေါ်မှချနေသောကြောင့်

" ကျွန်တော်လုပ်ပေးမယ် အမေ "

ဟု ပြောကာ မုန့်ဟင်းရည်အိုးကို ကြမ်းပြင်ပေါ်သို့ ချပေးလိုက်သည် ။ ပြီးသည်နှင့် ဆိုင်သို့ယူသွားရန်ပြင်ဆင်ထားသော မုန့်ဖက်များ ၊ အကြော်များ ၊ နံနံပင် အစရှိသည်တို့အပြင် အခြားတိုလီမိုလီများထည့်ထားသည့်ခြင်းတောင်းကိုဆွဲ၍ အိမ်ရှေ့သို့ပြန်ထွက်လာခဲ့လိုက်သည် ။ ထိုစဥ် အိမ်ရှေ့မှ ဆိုက်ကားခေါင်းလောင်းတီးသံကိုကြားရသဖြင့်

" လာပြီဗျိုး "

ဟု ပြောကာ အိမ်တံခါးကိုအသာဖွင့်လိုက်သည် ။

၄.

လရိပ်အတွက် မိခင်ဖြစ်သူချက်သောမုန့်ဟင်းခါးသည် ကောင်းလွန်းလှသည်မဟုတ်သော်လည်း မိမိတို့ရပ်ကွက်ထဲတွင်မူ မိခင်ဖြစ်သူ၏မုန့်ဟင်းခါးသည် အလွန်နာမည်ကြီးသည် ။ ထို့ကြောင့် မနက်စောစောလာဝယ်သည့်လူမရှိသော်လည်း ယခင်နေ့များက ပိုက်ဆံကြိုပေးကာ မှာထားကြသူများကြောင့် မနက်ငါးနာရီမခွဲခင်မှာပင် တစ်ဝက်နီးပါးကကုန်နေပြီဖြစ်သောကြောင့် မိခင်ဖြစ်သူ၏မုန့်ဟင်းခါးဆိုင်သည် မနက်စောစောတွင် အလွန်အလုပ်ရှုပ်သည် ။ အချို့က မှာထားပြီးလာယူကြသလို အချို့ကလည်း အိမ်တိုင်ရာရောက်လိုက်ပို့ပေးရသည် ။

ဤသို့ အိမ်တိုင်ရာရောက်လိုက်ပို့သည့်အလုပ်ကို ယခင်က အသိဆိုက်ကားသမားကလုပ်ပေးသော်လည်း နောက်ပိုင်းတွင် ထိုဆိုက်ကားသမားက မမာမကျန်းဖြစ်နေသည့်အပြင် ဆိုက်ကားခကလည်း စျေးကြီးလာသောကြောင့် မိမိကိုယ်တိုင် မိခင်ဖြစ်သူအရစ်ကျနှင့်ဝယ်ထားသော စက်ဘီးနှင့်လိုက်ပို့ရသည် ။ မိခင်ဖြစ်သူက ဤသို့လိုက်ပို့ပေးသည့်အတွက် မုန့်ဖိုးပေးသော်လည်း မယူရက် ။ ထိုအစား ကျောင်းတွင် မိမိလည်းအကျိုးရှိပြီး အခြားလူများလည်းအကျိုးရှိသည့်ကိုယ်ပိုင်စီးပွားရေး သေးသေးလေးကိုသာ မိခင်ဖြစ်သူမသိအောင် ခိုးလုပ်မိသည် ။

၅.

" ဟာ ကိုကြီးပိုင် .... လေပြေက ကိုကြီးဒီနေ့မလာတော့ဘူးလို့တောင်ထင်နေတာ "

ဟူသော စကားကိုပြောပြီး ချိုသာသောအပြုံးနှင့်ဆီးကြိုသောလေပြေ့ကို မနက်စောသောတွင်မြင်လိုက်ရသောကြောင့် ထူးသစ် အိပ်ချင်စိတ်ပြေသွားရသည် ။ လေပြေကလည်း ဤသည်ကိုသိဟန်တူသည် ။ ရယ်ကြဲကြဲဖြင့်

" ကိုကြီးလည်းလေပြေဒုက္ခပေးတာနဲ့ ကောင်းကောင်းတောင်မအိပ်ရဘူးထင်တယ် "

ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" လာဖားမနေနဲ့ ..... မေးစရာရှိတာကိုမြန်မြန်မေး မိလေပြေ ... ကိုကြီးကဒီနေ့ကျောင်းစတက်ရမှာ "

ဟု ပြောလိုက်သည် ။ ထိုအခါမှ လေပြေက ဖတ်စာအုပ်ကိုထုတ်ပြီး

" ဒီအခန်းရဲ့ပုံသေနည်းကို လေပြေနားမလည်ဘူးဖြစ်နေလို့ "

ဟု ပြောသည် ။

လေပြေသွေးဟူသည့်အနှီကောင်မလေးက မိမိကဲ့သို့ပင် စာရလျှင်ပြီးရောဟူသောစိတ်နှင့်စာကျက်လေ့မရှိ ။ ကျက်ရမည့်စာ၏သဘောတရားကို အရင်နားလည်အောင်လုပ်သည် ။ တစ်ခါသင်ပြပေးပြီးသည်နှင့် နောက်ထပ်သင်ပြပေးစရာမလိုတော့အောင် ထူးချွန်ထက်မြတ်သည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး လေပြေပေးလာသော ရူပဗေဒဖတ်စာအုပ်ကို ကြည့်လိုက်သည် ။ မိမိတို့ငယ်စဥ်ကလည်း နားမလည်ခဲ့သောအခန်းဖြစ်သောကြောင့် ပြုံးလိုက်ပြီး

" Physics မှာ ဒီအခန်းလောက်လွယ်တာ ဒီအခန်းပဲရှိတယ် .... သေချာလိုက်ကြည့်ထား .... နည်းသိသွားပြီးရင် ဒီအခန်းမှဒီအခန်းကိုပဲတွက်ချင်နေတော့လိမ့်မယ် "

ဟု ပြောကာ ပုစ္ဆာအကြမ်းတွက်သည့်စာအုပ်ကို လှမ်းယူလိုက်သည် ။

၆.

" ငါ့တူလည်း လေပြေမ ဒုက္ခပေးတာနဲ့ပဲ ကောင်းကောင်းမအိပ်ရဘူးထင်ပါတယ်ကွယ် "

ဟူသော စကားသံနှင့်အတူ လေပြေ၏မိခင်ဖြစ်သူ ဒေါ်ယဥ်မြက အနားသို့ရောက်လာသဖြင့် ထူးသစ် ဒေါ်ယဥ်မြကိုပြုံးပြလိုက်ပြီး

" ရပါတယ် ဒေါ်ဒေါ်ရာ ..... လေပြေကဥာဏ်ကောင်းတော့သင်ရတာမခက်ပါဘူး "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ဒေါ်ယဥ်မြက

" မိလေပြေဆိုသည်မှာလည်း အိမ်မှာကိုယ့်အစ်ကိုတစ်ယောက်လုံးငုတ်တုတ်ရှိနေတာကိုမမေးပဲ မောင်ထူးကိုပဲဒုက္ခပေးချင်နေတော့တာ "

ဟု ထပ်ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" လေပြေ့ကိုမနက်ပိုင်းစာပြပေးလို့ မနက်တိုင်းမုန့်ဟင်းခါးအလကားစားရတယ်လေ ဒေါ်ဒေါ်ရဲ့ .... အဲ့ဒါ ဒုက္ခမဟုတ်ဘူး ..... သုခ သုခ ..... ဒေါ်ဒေါ်ရဲ့ "

ဟု ပြောကာ လေပြေယူလာပေးသောမုန့်ဟင်းခါးပန်းကန်ကိုယူ၍ တစ်လုတ်ခပ်စားလိုက်သည် ။ ထို့နောက် ဒေါ်ယဥ်မြကိုကြည့်လိုက်ပြီး

" ဒေါ်ဒေါ့်လက်ရာကတော့ ဘယ်အချိန်ပဲစားစားမပြောင်းဘူး .... လွန်ခဲ့တဲ့တစ်နှစ် ကျွန်တော်စစားဖူးတုန်းကအတိုင်းပဲ ... ရှယ်ပဲ "

ဟု ပြောလိုက်သည် ။

၇.

လရိပ်၏ ကျောင်းတွင်ခိုးလုပ်နေသည့်ကိုယ်ပိုင်စီးပွားရေးမှာ အခြားလူများထင်သလို ခံ့ခံ့ညားညားရှိသောစီးပွားရေးမျိုးမဟုတ် ။

အတန်းထဲမှ အတန်းမတက်လိုသည့်အတန်းဖော်များကိုယ်စား အတန်းတက်လက်မှတ်ကို ပိုက်ဆံယူ၍ကိုယ်စားထိုးပေးခြင်း ၊ အတန်းပုံမှန်တက်သောမိမိထံမှ အတန်းမတက်သောအတန်းဖော်များက စာမေးပွဲအတွက် စာအချက်အလက်များလာတောင်းပါက ထိုအချက်အလက်များကို တစ်ဘာသာစီ ခက်လျှင်ခက်သည့်အလျှောက် ပိုက်ဆံနှင့်ရောင်းပေးခြင်း တို့အပြင် စာလာမေးလျှင် မေးသည့်လူ၏စာမလိုက်နိုင်မှုအပေါ်မူတည်၍ အခကြေးငွေယူကာ စာပြန်ရှင်းပြခြင်းတို့ဖြစ်သည် ။ ထို့ကြောင့် ယနေ့မနက် မိခင်ဖြစ်သူအား ကူလုပ်ပေးပြီး အိမ်သို့ပြန်ကာ အတန်းဖော်များအားပေးရမည့်မှတ်စုစာရွက်များ စုံ ၊ မစုံ စစ်ဆေးပြီး မိတ္ထူကူးရန် မိတ္ထူဆိုင်သို့ ထွက်လာခဲ့လိုက်သည် ။

မနက်စောစောဖြစ်သောကြောင့် မိတ္ထူဆိုင်ပင်မဖွင့်သေးသော်လည်း မိမိထက်အရင် မိတ္ထူဆိုင်ရှေ့တွင်ကြိုစောင့်နေသော မိမိအရွယ်ကောင်လေးကိုတွေ့ရသဖြင့် အနည်းငယ်စိတ်ပျက်သွားမိသည် ။

သို့သော် ...
ထိုကောင်လေး၏လက်ထဲတွင်ကိုင်ထားသောစာရွက်က တစ်ရွက်ထဲဖြစ်သောကြောင့် မသိဟန်ဆောင်ကာ ခပ်လှမ်းလှမ်းတွင် မတ်တပ်သွားရပ်နေလိုက်သည် ။

၈.

ထူးသစ် ကျောင်းချိန်နီးနေပြီဖြစ်သော်လည်း လေပြေ့အတွက် မိမိဆယ်တန်းတက်ခဲ့စဥ်ကမှတ်ထားခဲ့သော မှတ်စုစာရွက်ကို မီးမပျက်ခင်မိတ္ထူကူးပေးခဲ့လိုသောကြောင့် မိတ္ထူဆိုင်သို့ ထွက်လာခဲ့လိုက်သည် ။

သို့သော် ....
မိတ္ထူဆိုင်က မဖွင့်သေး ။ ထို့ကြောင့် အိမ်မပြန်တော့ပဲ ဆိုင်ရှေ့တွင်ဆောင့်ကြောင့်ထိုင်ကာ ဆိုင်ဖွင့်မည့်အချိန်ကိုစောင့်နေလိုက်သည် ။ ထိုစဥ် မိမိနှင့်ရွယ်တူကောင်လေးတစ်ယောက်က မိတ္ထူကူးရန် ရောက်လာသည် ။ ထိုကောင်လေး၏ပုံစံက မိမိကိုမနှစ်သက်သည့်ပုံဖြစ်သောကြောင့် ဝေးဝေးနေရန်စိတ်ကူးမိသော်လည်း ထိုကောင်လေးကိုင်ထားသောစာရွက်၏ နောက်ဆုံးတစ်ရွက်တွင်တွက်ထားသောပုစ္ဆာနှင့် ပုံသေနည်းကမှားနေသည်ကို မလိုအပ်သောနေရာတွင်ကောင်းနေသည့်မျက်စိက ဖြတ်ကနဲမြင်လိုက်ရသောကြောင့် မနေနိုင်မထိုင်နိုင်စွာနှင့်

" နောက်ဆုံးက မင်းတွက်ထားတဲ့ပုစ္ဆာရဲ့ပုံသေနည်းကလွဲနေတယ် "

ဟု ပြောလိုက်မိသည် ။ မိမိစကားအဆုံးတွင် ထိုကောင်လေးက မိမိကို မျက်မှောင်ကြုတ်၍ကြည့်သဖြင့်

" ငါ့အထင် အဲ့ဒီပုစ္ဆာက ပိုက်သာဂိုရပ်စ်သီအိုရီနဲ့တွက်ရမယ့်ဟာထင်တယ် "

ဟု ထပ်ပြောလိုက်သည် ။ ထို့နောက် ဖွင့်နေပြီဖြစ်သော မိတ္ထူဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည် ။

၉.

အမှတ်မထင်မိတ္ထူဆိုင်ရှေ့တွင်တွေ့သည့်လူက မိမိတွက်ထားသောပုစ္ဆာကမှားနေသည်ဟုပြောသောကြောင့် လရိပ် မာနထိခိုက်သည်ဟုခံစားရသဖြင့် မိတ္ထူကူးရန်ပင်သတိမရတော့ပဲ အိမ်သို့ပြန်ပြေးလာကာ ဖတ်စာအုပ်ကိုအသည်းအသန်ဖွင့်၍ ထိုအခန်းကိုရှာကြည့်လိုက်သည် ။ အမှန်တကယ်ပင် ပိုက်သာဂိုရပ်စ်သီအိုရီနှင့်တွက်ရမည့်ပုစ

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

Unlock to read this premium article with 10 points.