Author's Profile Photo

~.~ရှင်မိငယ်~.~

5/12/2024

''ဝေးကွာခြင်းအတွက်....''

1 min read
Life Style
''ဝေးကွာခြင်းအတွက်....'''s photo

ကျွန်မကို့ကို ပိုင်ဆိုင်ခွင့်မရှိဘဲ
တို့နှစ်ယောက် ဝေးသွားခဲ့မယ်ဆိုရင်တောင်
ကျွန်မဟာ ကို့ဘဝရဲ့ ''အချစ်ဦး''ဖြစ်တယ်
ဆိုတဲ့ အသိလေးနဲ့တင်
ကျေနပ်လို့နေရပါပြီ။


အချစ်ဦးဆိုတာ
မေ့ဖို့ခက်သလို
တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါမှာလည်း
ဖျက်ခနဲသတိရတက်တာမျိုးမဟုတ်လား...


ကျွန်မဟာကို့အတွက်
မေ့ဖို့ရန်ခက်ခဲစေပြီး
တစ်ခါတစ်ခါသတိရနေမိတက်တဲ့
မိန်းကလေးဖြစ်နေရင်ကိုပဲ
ကျွန်မအဖို့ လုံလောက်ပါပြီကို....


အနေဝေးပြီးမတော်လို့
ဝေးသွားခဲ့ရင်တောင်
ဒီအသိလေးကြောင့် ခွဲခွာရခြင်းဆိုတာကို
ရင်ဆိုင်ဖို့အသင့်ပါပဲ။


ဝေးကွာခြင်းတွေဖြစ်လာတော့မယ့်အတွက်
မျက်ရည်လေးတွေတော့ စို့စပြုနေပြီ
သိပ်ချစ်ခဲ့တယ်ဆိုတာ ယုံပေးပါ ကိုရေ။

  • ရှင်မိငယ်

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်