Tawtawti
"ကြပ်ချက်ကတော့ ကမ်းကုန်"
တခါသားက တရပ်ကွက်တည်းသား ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ လမ်းမတနေရာမှာ ဆုံတယ်။ ဆိုင်ကယ်တစီးကိုနှစ်ယောက်စီးလာကြတာ။ သူတို့က ကျွန်တော့်ကိုမြင်တာနဲ့ အနားမှာ ဆိုင်ကယ်ရပ်လိုက်ပြီးတော့..
"ဟေ့ရောင်..မင်းမူးနေပြီ၊ ဆိုင်ကယ်ပေါ်တက်..၊ ငါလိုက်ပို့မယ်"
မောင်းတဲ့ကောင်က စပြောတယ်။
နောက်တယောက်ကလည်း
"မင်းကအလယ်မှာနေ၊ ပြုတ်ကျနေမှာစိုးလို့ နောက်ကနေငါထိန်းထားပေးမယ်"
နှစ်ယောက်သား ပုလင်းတူဘူးစို့ အတိုင်အဖောက်အညီနဲ့ ကျွန်တော့်ကို
ဆိုင်ကယ်နောက်ထိုင်ခုံပေါ် အတင်းဆွဲတင်တယ်။ ကိုယ်က ခန္ဓာကိုယ်ညှက်ညှက်လေးဆိုတော့ သူတို့လိုရာ ပါလာရတာပေါ့။
ဒါနဲ့ကျွန်တော်လည်း ထိုင်ခုံပေါ်ခွလိုက်ရပါရော။
"ဟာ..ဟေ့ရောင်တွေ...ငါမမူးဘူးဟ၊ မူးနေကြတာ မင်းတို့မလား"
သူတို့ဆီကအရက်နံ့အရ ဖမ်းမေးလိုက်တယ်။
"ငါတို့မမူးပါဘူး၊ မင်းမူးနေလို့သာလိုက်ပို့မှာ"
မူးတယ်၊ မမူးဘူးနဲ့ ကျွန်တော့်အိမ်ဆီဆိုင်ကယ်မောင်းပြီးလိုက်ပို့ကြတယ်။
ဒီလိုနဲ့ ခြံရှေ့ကိုရောက်လာတယ်။
ဆိုင်ကယ်ရပ်လိုက်သံလည်းကြားကော အမေက...ဘယ်သူတွေလဲဆိုပြီး အိမ်ထဲကနေ ထွက်ကြည့်တော့တာပေါ့။
အဲ့ဒီ့မှာ..
ရှေ့ကမောင်းလာတဲ့ကောင်က အရင်ဆင်းပြီး မင်သေသေနဲ့ အိမ်ရှေ့ သံပန်းတံခါးကိုဖွင့်တယ်။
နောက်ကကောင်က ကျွန်တော့်ဘာ
Unlock to read this premium article with 10 points.