Author's Profile Photo

သုဓမ္မ

5/12/2024

ချမ်းသာခြင်း

1 min read
Art
Creative
ချမ်းသာခြင်း's photo

ချမ်းသာခြင်းဆိုတဲ့ စကားလုံးကို ကျွန်တော်တို့လူတွေက ကိုယ်ပိုင်အဓိပ္ပာယ် သတ်မှတ်ချက်ရှိကြသည်။ ဘာကြောင့်လဲ...?။ တချို့လူတွေက ပိုက်ဆံရှိမှ ချမ်းသာတယ်လို့ ဆိုကြသလို၊ ပိုက်ဆံနဲ့ ကိုယ့်စိတ်ချမ်းသာအောင် လုပ်နိုင်တယ်လို့ ဆိုကြသည်။ ။ တချို့လူတွေက ကိုယ်ချမ်းသာမှ စိတ်ချမ်းသာမှာဆိုတဲ့ အတွေးရှိကြသလို တချို့ရဲ့ ချမ်းသာခြင်း အဓိပ္ပာယ် သတ်မှတ်ချက်က ကျွန်တော် မပြောပြနိုင်လောက်တဲ့အထိ အရမ်းမိုက်သည်။
ကျွန်တော် ကိုယ်ပိုင် သတ်မှတ်ထားတဲ့ ချမ်းသာခြင်း အဓိပ္ပာယ်က

မချမ်းသာရင် နေပါစေ။ လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ နေ‌ရ‌ာကောင်းတစ်ခု၊ ချိုဆိမ့်အရသာ လက်ဖက်ရည်ကောင်းရှိတဲ့ ဆိုင်ဘေးမှာ ကိုယ်ဝါသနာပါတာနဲ့ အသက်မွေးဝမ်းကြောင်း ပြုပြီး နေရတာ....
ချမ်းသာလို့ပဲ ဖြစ်ဖြစ် မချမ်းသာလို့ပဲဖြစ်ဖြစ် ကိုယ့်ထက် နိမ့်ပါးတဲ့သူတွေကို ကူညီပေးရတဲ့ အရာ‌

လေးသာပါပဲ။ တရားလမ်းမှ နိဗ္ဗာန်သို့ သွားကြမယ့် ဆရာတော်‌များ၏ ချမ်းသာခြင်းကို ကျွန်တော်တို့ လောကီလူသားအပေါင်းမှ ကိုယ်ပိုင်သတ်မှတ်ချက် ချမ်းသာမှုအဓိပ္ပာယ်သတ်မှတ်ချင်းထက် အဆပေါင်းများစွာ သာလို့ပင်ကောင်းမွန်ပါ၏။
သုဓမ္မ


Keep Reading

လက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်အ‌တွေးအစအနများOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအနုပညာနည်းလမ်းနှစ်သွယ်နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်ဘဝခရီးသည် ဤလူငယ်ညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အိုဖီးလီယာ