Friday
ချစ်တာကို ချစ်တယ်လို့လည်း ဖွင့်မပြောရဲဘူး။ သူမ စိတ်ချမ်းသာရင် ပြီးပြီဆိုတဲ့ စိတ်တစ်ခုနဲ့ ကျွန်တော် သူမနားမှာ နေခဲ့တယ်။ သူမသာ တခြားတစ်ယောက်ကို ချစ်မိရင်တောင် သူငယ်ချင်းအဖြစ်နဲ့ သူမကို စောင့်ရှောက်ချင်တယ်။
အမှန်တိုင်းပြောရရင် သူမရှေ့မှာ သဘောကျမိတဲ့ တခြားမိန်းကလေးတွေလည်း ရှိခဲ့တယ်။ ကျွန်တော် ဖွင့်မပြောမိခင် အငြင်းခံလိုက်ရတယ်။ အခု သူမကိုတော့ တကယ်ချစ်မိလို့ ချစ်မိပြီး တစ်လအကြာ ဖွင့်ပြောလိုက်တယ်။
သူမ ကျွန်တော့်ကို ငြင်းတာလည်း မဟုတ်ဘူး။ ချစ်တာလည်း မဟုတ်ဘူး။ သူငယ်ချင်းအဖြစ်ပဲ ရှိကြရအောင်ဆိုတဲ့ စကားလေးသာ အဖြေအနေနဲ့ ရခဲ့တယ်။ အရင်သဘောကျမိတဲ့ သူတွေနဲ့ မတူတာကို ကျွန်တော် စိတ်ထဲ သေချာသိသွားတာ တစ်ခုရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ စိတ်ချမ်းသာပျော်ရွှင်နေရင် ကျွန်တော် လွမ်းလွမ်း ငိုငို သူမကိုပဲ ဂရုစိုက်ပေးချင်တယ်။
အခုလို ရင်ဖွင့်တာကို သူမသာ တွေ့သွားရင် ကျွန်တော့်ကို ဘာပြောအုန်းမလဲ မသိဘူး။ ရင်ဖွင့်ရင်းနဲ့ပဲ ခင်ဗျားလေး အမြဲစိတ်ချမ်းသာဖို့ ဆုတောင်းပေးပါတယ်။
Keep Reading