Tawtawti
#မဂ္ဂဇင်းစာမျက်နှာပေါ် ပထမဆုံးရောက်ရှိခဲ့တဲ့ စာမူပါ
ကျွန်တော့်ရဲ အတွေးအမြင် စကားလုံးများ
---------------------------------------------
တဝမ်းတခါးအတွက် ကျွန်တော်တို့ဟာ ရိုးသားရဲကြပါစေ။ ဘဝဆိုတာ ကိုယ့်ယုံကြည်မှုနောက် ကိုယ်လိုက်ဖို့ပါ။ လူတွေမှာ စိတ်တခုကြောင့် ဒုက္ခတွေများနေကြ။ ကိုယ့်စိတ်ကို ကိုယ် မနိုင်တဲ့အတွက်ကြောင့် သံသရာတွေရှည်ကုန်ကြတယ်။ လူတွေရဲ့စိတ်ဟာ အခါမလပ်ဂဏာမငြိမ်ဖြစ်လို့ အရာရာကိုလည်း ငြီးငွေ့လွယ်တတ်ကြပါတယ်။
ပြီးပြည့်စုံတာရယ်လို့တော့ လူတိုင်းမှာ မရှိကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေမိတတ်သူ တချို့ကိုလည်း မဟုတ်လှသေးကြောင်း။ ဖြစ်ချင်တဲ့စိတ်ကူးတွေက အခုအခါ မိုးခေါင်ကောင်းနေတုန်း...။
တူညီမှုတွေရှိခဲ့ရင် တတ်တဲ့သူအချင်းချင်းမှာ နပ်တဲ့သူက သာလိမ့်မယ်။ စည်းစိမ်ချင်းတူခဲ့ရင် ပညာရွိသူက သာလိမ့်မယ်။ ကျွှမ်းကျင်မှုချင်းတူရင် လေ့ကျင့်မှုနဲ့ထိတွေ့မှု ပိုများသူက သာလိမ့်မယ်။ လုံ့လပြုလိုက်စားမှုခြင်းတူရင် ပါရမီတခုက စကားပြောပါလိမ့်မယ်။ မွန်းကြပ်မှုခြင်းတူခဲ့ရင်တောင် ခံနိုင်ရည်စွမ်းရည်က အကျိုးပေးလိမ့်မယ်။
ကမ္ဘာကြီးကတော့ အခုထိတိုင် ကျောသားရင်သားမခွဲခြားသေး။ 'လ' ရှိလို့ 'ည'လွတာလား။ 'ည'ရှိလို့ 'လ'လွတာလား။ မြေကြီးကိုနင်းထားပေမယ့် ကောင်းကင်ကိုတော့ မော့ကြည့်နေရဆဲ။
လူတွေက သူတပါးရဲ့အပြစ်ကိုမှ အပြစ်လို့
ပိုမိုမြင်တတ်ကြပါတယ်။ လူတိုင်းက ဆရာဖြစ်ချင်နေကြတာလား။ ရေနစ်ဖူးတဲ့သူက အိုင်ကလေးကိုမြင်ရင်တောင် လန့်နေတတ်မိခြင်းများ။ လေကို လိုသလိုအသုံးချနေတဲသူတွေကို မုန်းတယ်။
နှင်တံကိုကြောက်လို့သာ ကဆုန်ပေါက်ပြေးရတာမျိုးမလိုချင်ပါ။ နှလုဲးသားတိုငှးမှာ နှလုံးသားဆန်မှုရှိကြပါစေ။ ကန်ရေပြင်ဟာ ဂယက်လေးတခုကို လွမ်းမဆူံးဖြစ်နေတုန်း။ ကိုယ်ရေးကိုယ်တာကိုသာ ရင်ဝယ်ပိုက်ထွေးတတ်သူများအား ရင်ထဲက အပြီးအပိုင်မောင်းထုတ်လိုက်ပါသည်။
သူများအကြောင်းဆို လူတိုင်းနီးပါး ပြောဆိုတတ်ကြောင်း။ ခရီးသွားချင်းအတူတောင်မှ အချို့က သာတူညီမျှစိတ်တွေ ယိုယွင်းနေတတ်ကြပါတယ်။
နွေရက်ရှည်ထဲမှာ အနေကြာခဲ့ရတော့ တခါတလေလည်း ဆောင်းမိခင်ရင်ခွင်ရဲ နှင်းမှုန်စက်စုဝေးတည်ရာ နံနက်ခင်းအလှအပမှာ မြူးပျော်ချင်ပါသေး။ ကိုယ်နှစ်သက်ရာကို ကိုယ်ကိုးကွယ်ခွင့်ရှိတယ်။ ကိုယ့်ဘဝနဲ့ကိုယ်တောင် ရူးခွင့်မရှိဘူးလား။.ဘဝတခုမှာ ခံစားတတ်မှုတော့ ရှိသင့်ပါရဲ့။ အလင်းရှိမှ အရိပ်မြင်မတဲ့။
လက်သီးပုန်းထိုးထိုးနေတတ်ကြတဲ့ ပြောင်းလဲခြင်းဝိသေသတွေကြား ပြီးခဲ့တာတွေကတော့ စာတန်းထိုးခဲ့ပါပြီ။
ဒါပေမယ့်
ကောင်းသောအဖြစ်များကို ပြန်တောင့်တမိတတ်ကြတာက လူတို့ရဲ့ မူကြမ်းထုံးတမ်းတခုလို။ နှစ်သက်ခဲ့မိ အကြောင်းအရာတွေ တဖန်တွေးတော၊ လွမ်းမော'တသ'ကြရင်း ညစ်ပတ်ခဲ့တဲ့ အတိတ်ရဲ့ အချို့အဖြစ်အပျက်လုပ်ရပ်တွေကိုဖြင့် ဟိုးဝေးဝေးမှာ မေ့ထားရစ်ခဲ့တာ အကောင်းဆုံးပါပဲလား။ ပြန်ခါးသီးကြရမလား။ နောင်တနှင့် နှစ်ခါမသေချင်။
အကြောင်းအရင်းတွေကလည်းများ။ စစ်တမ်းတွေထုတ်ရင် ရင့်ရင့်လာတဲ့ အသက်တွေကို အရင်တွေ့။ ပလီပလာဆန်တဲ့ ကြမ္မာကံရဲ့ စေစားသမျှကိုလည်း အောင့်အီးပြီး ဖြစ်ရိုးဖြစ်စဉ်တွေပါလို့ ဖြေသိမ့်လက်ခံနေကြရတာပါပဲ။
တခုတော့ ပြောဖြစ်အောင်ကို ပြောချင်ပါသေးတယ်ဗျာ။
သစ်ရွက်ဝါတိုင်းဟာ ပင်ယံမြင့်ထက်ပေါ်မှာ ဝေဝေဆာဆာရှိခဲ့ဖူးတာပါပဲလို့။
ရင်ထဲကဆန္ဒမပါရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။
အပြောကောင်းခြင်းထက် စိတ်ရင်းကောင်းခြင်းကိုသာ ဦးစားပေးပါသည်။
*မင်း ငါ့ကို အ*နိုင် ယူခဲ့သည်ရှိ*သော် အဲဒါ ငါညံ့နေလို့ဟု ကျေနပ်စွာခံယူလိုက်ရမည်။
လူတွေနဲ့ ကျွန်တော်။
သွေးအေးသွေးနွေးသတ္တဝါများနှင့် ကျွန်တော်။
အပင်မျိုးစုံနှင့် ကျွန်တော်။
ပန်းရောင်စုံများနှင့် ကျွန်တော်။
လောကမှာ ပြောပြလို့မကနိုင်အောင် ဖြစ်တတ်သော ဖြစ်ရပ်အရာများနှင့် ကျွန်တော်။
ကျွန်တော်နှင့်ကျွန်တော်။
စိတ်အတွင်းမှာ တည့်လိုက်၊ မတည့်လိုက်နဲ့အလေ့အထဖြစ်နေခဲ့တာ၊ ဟော.... အခုဆိုရင် တဆယ့်ရှစ်နှစ်တောင် ကျော်ခဲ့ရပါပြီလားဗျာ။
!၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း။
"ဆန်းသစ်စစာနုယဉ် ကဏ္ဍ"
*မင်းနိုင်သော်*( HMAWBI)ကလောင်အမည်နှင့် ရေးသားခဲ့ပါသည်။
@TawTawTi
Keep Reading