Min Khant (Verse)


၈အုပ်မြောက်စာအုပ် ထွက်ပါပြီ ??
စာအုပ်အမည် - ကိုယ့်ကိုယ်ကိုယ် ဦးစားပေးခြင်း
စာရေးသူ - Min Khant (Verse)
တန်ဖိုး - 6500
စာအညွှန်း ?
(၈) အုပ်မြောက်စာအုပ်ကို ဘာအကြောင်းအရာရေးရမှန်းမသိလို့ စာမရေးဖြစ်တာ ၁လလောက်ကြာခဲ့ပြီ။ ဒီရက်ပိုင်း မြို့ထဲတွေ ခဏခဏ ရောက်ဖြစ်တယ်။ မြို့ထဲမှာလည်း နေရာတိုင်းမှာ လူတွေနဲ့ ဆူညံပြီး ကားဟွန်းသံတွေနဲ့ မျက်စိရှုပ် နားရှုပ်ပါပဲ။ မြို့ထဲမှာ နေရတာမွန်းကျပ်လို့ အိမ်ပြန်လာပြီး အိပ်ယာပေါ်မှာ ဖုန်းသုံးဖြစ်တယ်။
ဒီလိုပါပဲ Social Media ပေါ်မှာလည်း ဟိုကပွဲ၊ ဒီကပွဲ၊ ရန်ဖြစ်တာတွေ၊ လိမ်ညာတဲ့ Post တွေ အစရှိသဖြင့် ကြည့်မိပြီး Tik Tok တို့ Instagram ပေါ်ရောက်သွားတယ်။ ဘာရယ်မဟုတ်ဘူး ကြည့်ပြီးသားတွေလည်းပြန်ကြည့်မိနဲ့ ကြာတော့ စိတ်ရှုပ်လာတယ်။
ကမ္ဘာကြီးက အရမ်း Information တွေများလာပြီလို့ တွေးမိပြီး Social Media တွေလည်း Break လိုက်ပြီး စာအုပ်စင်ပေါ်က Essentialism ဆိုတဲ့ စာအုပ်ကိုဖတ်မိတယ်။
Greg Mckeown ရေးထားတာပါ၊ နေ့တိုင်းဖတ်ရင်းနဲ့ တစ်အုပ်လုံးက ၁လခွဲလောက်ကြာတော့ပြီးသွားတယ်။ နောက် ကျွန်တော်ကိုယ်တိုင်လည်း Essentialism တစ်ယောက်လို နေထိုင်ကြည့်တယ်။ အရင်ကလောက်စိတ်တွေ မရှုပ်တော့ဘူး၊ ဒီ Noisy ဖြစ်လွန်းတဲ့ ကမ္ဘာထဲမှာ နေတတ်လာတယ်။
အဲ့ဒါနဲ့ပဲ ငါ Essentialism နဲ့ဆိုင်တဲ့ စာအုပ်တွေအပြင် Podcast တွေ၊ Youtuber တွေပြောတဲ့ အကြောင်းအရတွေ ထပ်လေ့လာဖြစ်တယ် နောက် ဒီထဲကရတဲ့ Idea တွေကို ငါ့အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး (၈) အုပ်မြောက်စာအုပ်ကိုရေးမယ်လို့ ကျွန်တော် Idea ရမိတာနဲ့ ရေးရင်းနဲ့ပဲ ၃လအကြာ စာအုပ်လည်းပြီးခဲ့တယ်ပေါ့။
ဆိုတော့ ဒီစာအုပ်ကဘာသာပြန်လား၊ မဟုတ်ပါဘူး၊ တစ်ချိန်တည်းမှာ ဒီထဲက information တွေကတော့ Essentialism နဲ့သက်ဆိုင်တဲ့ စာအုပ်တွေကအကြောင်းအရာတွေနဲ့ Essentialism အကြောင်းပြောထားတဲ့ Youtube / Podcast က အကြောင်းအရာတွေကို ကျွန်တော့်အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးပြုစုထားတဲ့ စာအုပ်ပါပဲ။
နောက် ဒီစာအုပ်က Motivation စာအုပ်လည်းမဟုတ်ပါဘူး၊ ဒီစာအုပ်က ဘဝနေနည်းစာအုပ်လည်းမဟုတ်ပါဘူး။ အရှေ့မှာ ထွက်ခဲ့တဲ့ ၇အုပ်မြောက်စာအုပ်ကလို အချစ်နဲ့ပတ်သက်တာလည်းပါမှာမဟုတ်ပါဘူး။
ဒါပေမယ့် အခုလို အရမ်းဆူညံပြီး Information Overload ဖြစ်လွန်းနေတဲ့ ၂၁ရာစုခေတ်ထဲမှာ Essentialism တွေဘယ်လိုမျိုး နေထိုင်လဲ၊ သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံက ဘယ်လိုလဲ၊ သူတို့ရဲ့ Mindset ကဘယ်လိုလဲ စတဲ့ အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။
စာအုပ်နာမည်ကတော့ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးခြင်း (Essentialism For A Noisy World) ဆိုပြီး နာမည်ပေးထားပါတယ်။ အဓိပ္ပာယ်ကတော့ အခုလို ဆူညံပြီး ဘာကိုရွေးချယ်ရမှန်းမသိနဲ့ ရေချယ်စရာတွေများပြားလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မေ့ပြီး ကိုယ့်တန်ဖိုး၊ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးဖို့ မေ့နေတဲ့ သူတွေအတွက် ပြောင်းလဲမှုတစ်စုံတစ်ခုရဖို့အတွက် ရည်ရွယ်ထားပါတယ်။
▫️Preorder & ဝယ်လို့ရမည့်ဆိုင်များ
?ကိုလတ်စာပေ (အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့။ 018390421,09265020068 , 09965020068 , 09885020068 )
? ခေတ်စာအုပ်တိုက် (09401667545)
?City Mart ဆိုင်ခွဲများ နှင့် အင်း၀ လှည်းတန်း ၊ ရန်ကုန်မြို့။
?ရာပြည့် ပန်းဆိုးတန်း (အမှတ် ၂၆၄၊ ပန်းဆိုးတန်းလမ်း၊ ပန်းဆိုးတန်းဂုံးကျော်တံတားအနီး၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။ 0973245289, 09404404700, 01-375952)
? ?စိတ်ကူးချိုချို ( အမှတ် ၇/၈၊ ၃၂ လမ်း၊ ၇၃-၇၄ ကြား မန္တလေးမြို့) နှင့် အင်း၀စာပေ မန္တလေးမြို့။
စတဲ့ Online Bookshop page တွေကနေလည်းဝယ်လို့ရပါတယ်၊ ကျွန်တော့်ဆီမှာလည်း လာရောက်မေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
စာဖတ်သူတို့အတွက် အကျိုးတစ်စုံတစ်ခုရရုံတင်မကဘဲ စာဖတ်သူတို့ရဲ့ ဘဝအတွက် များစွာ အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်ဆိုတာ ကျွန်တော် ရဲရဲကြီးအာမခံပါတယ်ခင်ဗျာ။
Min Khant (Verse)
ကိုယ့်ကိုယ်ကိုယ် ဦးစားပေးခြင်း
#minkhant #၈အုပ်မြောက်စာအုပ် #ကိုယ့်ကိုယ်ကိုယ်ဦးစားပေးခြင်း
Keep Reading