Anna_Nyein
စကားလုံးလေးကတော့ ရိုးရိုးရှင်းရှင်း တစ်လုံးတည်းပါပဲ။ ဒါပေမဲ့ ဒီကောင်လေးကိုမွေးမြူဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။
ဖြစ်ချင်တာတွေကို လက်တွေ့အကောင်အထည်ဖော်ချင်ရင် သူ့ကိုလိုအပ်တယ်ဆိုတာကတော့အမှန်ပါပဲရှင်။
"ကြိုးစားနေခိုက်မှာခံစားချက်တွေကို ခဏဘေးဖယ်ထားပေးပါ"တဲ့။ ဘာလို့လဲဆိုတော့ လူတွေဟာ ဘာပဲလုပ်လုပ် အစပိုင်းမှာတော့ စိတ်ခွန်အားတွေအပြည့်နဲ့ အစွမ်းကုန်ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်လောက်လည်းရောက်ရော လက်လျှော့သွားတတ်ကြတယ်။
ဘာလို့လဲ? သူတို့ဆက်လုပ်ဖို့စိတ်မပါကြတော့လို့ပဲဖြစ်ပါတယ်ရှင်။
ဒါဟာ ဇွဲမရှိလို့လည်းဖြစ်ပါတယ်။
အဲ့ဒီ့လူတွေထဲမှာကိုယ်မပါဖို့အရေးကြီးပါတယ်နော်။
စာဖတ်သူလေးရေ စာဖတ်တာခဏရပ်ပြီး စဉ်းစားကြည့်ပါဦး။ အလုပ်တစ်ခုကိုအဆုံးထိမလုပ်ပဲ တန်းလန်းထားခဲ့တာ ဘယ်နှခုလောက်ရှိပြီလဲလို့?
-----------------------
လူ့ရဲ့စိတ်ဟာ ပုံသေမရှိပဲ အမြဲပြောင်းလဲနေတဲ့အရာတစ်ခုပါ။ အခု motivated ဖြစ်နေပေမယ့် နောက်နေ့ဘာမှလုပ်ချင်စိတ်မရှိတော့တာတွေဖြစ်တတ်ပါတယ်။
တစ်နေ့တည်းနဲ့ စာအုပ်တစ်အုပ်လုံးကိုဖတ်နိုင်ခဲ့တဲ့နေ့တွေရှိသလို စာတစ်မျက်နှာလောက်ပဲဖတ်နိုင်တဲ့ရက်တွေလည်းရှိမှာပါ။ ဘယ်လိုပဲဖြစ်နေပါစေ အဆက်မပြတ်ဖတ်နေဖို့က ပိုအရေးကြီးတဲ့အတွက် ဖတ်သာဖတ်နေပါ။
(စာအုပ်ကလည်းကောင်းရဲ့သားနဲ့ အပြီးထိမဖတ်ပဲတန်းလန်းထားခဲ့တာမျိုးတော့မလုပ်နဲ့ပေါ့နော် ?)
လုပ်ချင်တဲ့အချိန်ကျထလုပ်မယ်၊ မလုပ်ချင်တဲ့အချိန်ကျ မလုပ်ပဲပစ်ထားမယ်ဆိုပြီး စိတ်ခံစားချက်ကိုသာ ဦးစားပေးနေမယ်ဆို အကြိမ်တစ်ရာလောက်ကြိုးစားနေလည်း တစ်ခုမှပြီးမြောက်မှာမဟုတ်ပါဘူးရှင်။
အဲ့လိုမဟုတ်ပဲ လုပ်ချင်ချင်၊ မလုပ်ချင်ချင် အလေ့အကျင့်ဖြစ်အောင် ပုံမှန်လေးသာလုပ်သွားမယ်ဆိုရင် ပြီးမြောက်လာမယ့်အရာတွေရှိလာမှာပါ။
ကိုယ်အလိုရှိရာကိုရယူဖို့ဆို "ဇွဲ, လုံ့လ, ဝီရိယ" ဆိုတဲ့အရာ (၃) ခုကိုလိုအပ်ပါတယ်။ သူတို့လေးတွေရှိနေမှသာ ကိုယ်အလိုရှိရာပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်ရှင်..။
ကဲစာဖတ်ပြီးပြီဆိုတော့ ဘာပဲလုပ်လုပ် တန်းလန်းမထားခဲ့ပဲ ဇွဲရှိရှိနဲ့ပြီးအောင်လုပ်ကြည့်ကြည့်ပါနော်။
ပြီးအောင်လုပ်တတ်တဲ့အကျင့်ကိုလည်း မွေးမြူပါလို့ ပြောကြားရင်း..~
Join my Tg Channel >> https://t.me/Sharing_Journey_by_Anna
- Anna_Nyein ?
241130 (7:45 PM)
Keep Reading