Nway Oo Maung
ဦးလေး ဆရာဝန်ကြီးက "တစ်ရက်လောက်ပဲခံတော့မည်တဲ့"လူနာကုတင်နားကပ်လာသော ဦးလေးဖြစ်သူ ဦးတင်ငွေကို တူဖြစ်သူ ငထွေးက ခရီးရောက်မဆိုက် လှမ်းပြောလိုက်သော စကားဖြစ်၏။ ငထွေး၏ဖခင်ကား သွေးတိုး နှင့်
ဆီးချိုရောဂါခံရှိပြီး လူကြီးရောဂါဖြင့် ဆေးရုံတင်ထားတာ တစ်လခန့်ရှိပြီဖြစ်၏။
သိပ်ဟန်ပုံမရှိတော့သောကြောင့် ဆရာဝန်က လူနာ၏ အခြေနေကိုပြောပြခြင်းဖြစ်၏။ ဆေးရုံက ရွာနှင့်သိမ်မဝေးသော ကုတင်နှစ်
ဆယ်ရှိ တိုက်နယ်ဆေးရုံဖြစ်၏။ လူနာကားသတိမရတော့၊ ဦးလေး "မြန်မြန်သယ်သွားရမယ်ထင်တယ် တော်ကြာ"ဟုပြောပြီးရှေ့ဆက်ပြောရန် မဝံ့မရဲပုံစံဖြင့် တူဖြစ်သူငထွေး ငိုင်နေ၏။ ထိုအခြေအနေကို သဘောပေါက်သော ဦးတင်ငွေက " ရွာအရောက်တော့ အသက်မှီနိုင်ပါတယ်ငါ့တူရာ သုံးမိုင်လောက်ပဲဝေးတာပါ ၊ ဦးလေး ရွာထဲလှည်းသွားငှါးမယ်၊ မင်းက ဆေးရုံက ဆရာဝန်ကြီးပြောပြီး ပြင်စရာရှိထာပြင်ထား"ဟုပြောပြီး လှည့်ထွက်ရန်ပြင်လိုက်၏။ ငထွေးက "ကျွန်တော်က ရွာအရောက်အသက်မှီတာမမှီတာထက် လမ်းမှာဆုံးရင် အဖေ့အလောင်းကို ရွာထဲအဝင်မခံမှာကြောက်တာ ဦးလေး"ဟု ငိုသံနှင့် လှည့်ထွက်ရန်ပြင်နေသော ဦးလေးဖြစ်သူကို ကြည့်ပြီးပြောလိုက်၏။ ဦးတင်ငွေသည် လှည့်ထွက်ရန်ပြင်နေရာမှ ခေတ္တငိုင်သွားပြီး "အဲ့လိုဆိုရင်တော့ လမ်းမှာတင်ဆုံးရင်လည်း ရွာထဲဒီတိုင်းသယ်သွားမယ်၊ အိမ်သားတွေကိုနားလည်အောင်ပြောပြီး တစ်နာရီလောက်ကြာမှ ဆုံးတယ်ထင်အောင် အိမ်သားတွေ က ဝမ်းနည်းဟန်ပြရုံပေါ့ ငါ့တူရ"ဟု ဝမ်းနည်းနေသော တူဖြစ်သူကို နည်းလမ်းပြောပြ၏။ အပြင်မှာသေပြီးသား အလောင်းကို ရွာပြန်သယ်ရင် ရွာနာတတ်သည်ဟု တချို့ကျေးလက်ဒေသတွေက အယူရှိကြ၏၊ ငထွေးက လူနာကိုတစ်လှည့် ဦးလေးဖြစ်သူကိုတစ်လှည့်ကြည့်ရင်းက "အလောင်းနဲ့ရွာဝင်ရင် ရွာနာတယ်ဆို ဦးလေး"ဟု တိုးတိုးလေး ရေရွတ်သလို ပြန်ပြောလိုက်၏။ ဦးတင်ငွေ သည်ကား ရွာကဆရာတော်ဆီမှာ ငယ်ငယ်က သဒ္ဒါ သင်္ဂြုဟ် လောကနီတိ စသော အခြေခံ ဘာသာရေးစာပေနှင့် မြတ်စွာဘုရားအဆုံးမများကို သင်ယူဖူးသူဖြစ်၏။ ထိုသို့ ဘာသာရေးဗဟုသုတ အနည်းငယ်ရှိသည်အလျောက်၊ တူဖြစ်သူ ပခုံးကို အသာလေးကိုင်ကာ" ဒီမယ် ငါ့တူ အဲ့ဒါတွေက အယူအဆအမှားတွေ ၊ လူတစ်ယောက် သေဆုံးသည်နှင့်တပြိုက်နက် သူ့ဆိုင်ရာဘဝမှာ ပဋိသန္ဓေ တမ်းပြီးတည်တာပဲ၊ ကျန်တဲ့ ခန္ဓာကိုယ်က အလောင်းကောင်သက်သက်ပဲ ဘာမှအကျိုးသက်ရောက်မှုမရှိတော့ဘူး။ အဲ့တော့ စိတ်ထဲဘာမှထားမနေနဲ့ ပြင်စရာရှိတာပြင်၊ တို့လုပ်ပေးရမှာက လူတစ်ယောက်နောက်ဆုံးအချိန်မှာ ဘဝကူးအောင် တက်နိုင်သလောက်လုပ်ပေးဖို့ပဲ။ အဲ့တော့ပြင်စရာရှိတာပြင်ပြီး မင်းအဖေနားမှာ ဘုရားစာလေးဘာလေးရွတ်ပြကွာ"ထိုသို့ပြောပြီး လှည်းငှါးရန်ထွက်လာချေ၏။ လူနာတင်မှာဆိုတော့ ရွာထဲက လှည်းပိုင်ရှင်တို့က သိပ်မလိုက်ချင်ကြ၊ ရွာအနှံ့လိုက်မေးမှ ဘာအယူမှမရှိသော လှည့်သမားတစ်ဦးရ၏။ လူနာကိုတင်ပြီး ထွက်လာတော့ ညနေငါးနာရီခန့်လောက်ရှိပြီဖြစ်၏၊ ဆေးရုံတည်ရှိရာရွာသည်ကား ဧရာဝတီ မြစ်ဘေးမှာရှိသည်အလျောက်၊ ဝါဆိုဝါခေါင်မြစ်ရေတက်ချိန်တိုင်း မြစ်ရေသောက်ရသော လက်ပံ ကုက္ကိုပင်စသော သစ်ပင်ကြီးတို့ သည်လမ်းဘေးပတ်ပတ်လည် တစ်လျှောက် အုပ်မိုးလျက်ရှိကုန်၏။ နေဝင်ရီတရောအချိန် ကျေးငှက်တို့သည်လည်း အိပ်တန်းတက်ရန် အော်မြည်လျက်ရှိကြကုန်၏။ ငထွေးသည် ဖခင်ဖြစ်သူဘေးနားက ဘုရားစာရွတ်ရင်းလိုက်ပါလျက်ရှိ၏၊ လှည်းသမားနှင့်ဦးတင်ငွေတို့သည်ကားနှုတ်ဆိတ်လျက်ခရီးနှင့်လာ၏။ ဆရာဝန်ကြီးပြောသည့်အတတိုင်း လူနာကား တစ်မိုင်လောက်အရောက်မှာဆုံးရှာလေ၏။ ငထွေးက ရုတ်တရက် "ဦးလေးကြည့်ပါဦး အဖေ အသက်မရှုတော့ဘူး၊ ခုနကျွန်တော်လက်ကို တစ်ချက်ပြင်းပြင်းဆုပ်ကိုင်တယ်တယ်၊ ကြည့်ပါဦး ကြည့်ပါဦး "ဟုအာမေဍိတ်သံဆင့်လျက် အော်လေ၏။ ဦးတင်ငွေကား "ရွာထိအောင်မရောက်နိုင်"ဟု သူမှန်းထားသလို့ လမ်းမှာတင်ဆုံးသည့်အတွက် သိပ်တုန်လှုပ်ပုံမပြ၊ လှည်းသမားလည်း နောက်တစ်ချက်လှည့်ကြည့်ပြီး "ဆုံးပြီးထင်တယ်"ဟု တိုးတိုးလေးရေရွတ်၏၊ ဦးတင်ငွေသည် လူနာ၏လက်ကို စမ်းကြည့်ပြီး အဖေဖြစ်သူကိုဖက်ငိုနေသော တူတော်မောင်အား "စိတ်ထိန်း ငါ့တူ မင်းလည်း အတော်ပြုစုလုပ်ကျွေးလိုက်ရပါတယ်၊ သားသမီးတာဝန်ကျေပါတယ်ကွာ ၊ မျက်နှာပျက်နေရင် ရွာဝင်လို့သိပ်မကောင်းဘူး"ဟု အားပေးနှစ်သိမ့်၏။ ရွာဝင်ခါနီးတော့ ခုနှစ်နာရီထိုးလုပြီ၊မှောင်စလည်းပြုနေပြီ ရွာအဝင်၌ ရွာတံခါးရယ်လို့မရှိ၊ "ကြိုဆိုပါ၏"ဟူသောဆိုင်းဘုတ်သာရှိ၏။ အိပ်တန်းဝင်သော ကျေးငှက်သံအနည်းငယ်နှင့် ရွာထဲမှလူသံခွေးဟောင်သံတို့ ကြားနေရ၏၊ သင်ပစ်ကြီးတို့၏အရိပ်ကြောင့်ပိုမှောင်နေ၏၊ ရွာဝင်ခါနီးတော့ နွားနှစ်ကောင်ဟာ ရှေ့ဆ
က်မသွားတော့ပဲ နှာတရှူးရှူးမှုတ်လျက် ပေရပ်နေ၏။ လှည်းသမားက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီး "နွားရိုင်းသွင်းချိန်ဆိုတော့ မကောင်းဆိုးဝါးပဲကပ်ပါလာသလား ၊ဒါမှမဟုတ် ရွာစောင့်နတ်ပဲမကြိုက်တာလားမသိဘူး အစ်ကိုရေ နွားတွေတန့်သွားတယ်"ဟု ဦးတင်ငွေကို ခေါင်းအသာစောင်းလျက် တိုးတိုးလေးပြောလိုက်၏၊ ငထွေးကား တောင်ကြည့်မြောက်ကြည့်ပြီး ထိတ်လန့်လျက်ရှိ၏။
ဦးတင်ငွေက "မကောင်းဆိုးဝါးပါလာရင်တော့ ငါလည်းမတတ်နိုင်ဘူး၊ ရွာစောင့်နတ်ဆိုရင်တော့ တောင်းပန်ရမှာပဲ"ဟု တစ်ယောက်ထဲရေရွတ်သလိုပြောလိုက်၏။ ပြောပြီးတစ်ဆက်တည်း လက်အုပ်ချီလျက် "အသင်ရွာစောင့် နတ်ကျွန်တော်တို့ ကိုဝင်ခွင့်ပေးပါ၊ ကျွန်တော်၏အစ်ကိုဟာ ဒီရွာသားဖြစ်တာကြောင့် သူ့အိမ်ကိုသွားရန်အလိုရှိပါသည်"ဟုစိတ်ထဲမှတောင်းပန်လိုက်၏။ ထိုသို့တိုင်တည်သော်လည်း နွားတို့သည် ရှေ့ဆက်မသွားချေ၊ ဦးတင်ငွေသည်ကား ဒေါသထွက်ချေပြီး ၊ ဘာကြောင့်နွားတို့ရှေ့ဆက်မသွားမှန်းသူမသိ၊ ဘယ်အရာကတားဆီးနေလည်းစဉ်းစားလို့လည်းမရ၊ ကြံရာမရတဲ့အဆုံး လှည်းသမားလက်မှ ကြိုးနှင့်နွားမောင်းသော ဒုတ်(ကြိမ်နကန်)ဆွဲကာ နွားနှစ်ကောင်ကို တအားလွဲရိုက်ရင်း ပါးစပ်ကလည်းငါ့ရွာငါဝင်တာ ဘယ်ကောင်တားမှာလဲကွဟုအော်လဲ အော် လူကမတ်တတ်ရပ်လျက် ဒုတ်နှင့်
အပေါ်ကိုဝှေ့ယမ်းရင်း ဒုန်းဆိုင်ဝင်လေ၏။ ဒုန်းဆိုင်းတဲ့အရှိန်ကြောင့် အိမ်သို့ဆယ်မိနစ်
ခန့်လောက်နှင့်ရောက်၏။ အိမ်ရောက်မှ အလောင်းကိုအသက်ရှိသေးဟန်နှင့် အောက်ကိုချလေ၏။ နောက်တစ်နာရီခန့်လောက်မှ ဇာတ်တိုက်ထားသည့်အတိုင်း အိမ်းသားတွေ ငိုကြ၏။ ရက်လည်ပြီးသည့်တိုင်အောင် ရွာလည်းမနာ ၊ ဘာဖြစ်တယ်ဆိုသောအသံလည်းမကြားရပါ၊ အလောင်းသည် ရုပ်ဝတ္ထုတစ်ခုမျှသာ။
Keep Reading