She's sky
..သူမရဲ့ ဘဝ အစလို့ပြောရမလား..တက္ကသိုလ် ပထမနှစ် တက်ပြီးနောက်..ဆက်မတတ်နိုင်တော့ပဲ
..ထိုင်းဘက်..အလုပ်ထွက်လုပ်ရပါတယ်..
အိမ်ကကန့်ကွက်ကြပေမယ့်လဲ..သူမရဲ့စိတ်အခြေနေကြောင့်(စိတ်အခြေနေဆိုတာ.အချစ်ရေးကြောင့်ပေါ့.) စွန့်စွန့်စားစားကိုသွားခဲ့တယ်...
..အဲ့တုန်းက သူမရွာမှာ..ဖုန်းတွေ စပေါ်လာခါစ..မြို့ပေါ်နေလူတွေတော့ သုံးနေကြကြာပြီပေါ့.
..မှတ်မှတ်ရရပေါ့ အဲ့တုန်းက ဖုန်းဆင်းကဒ်တွေ အလှည့်ကျ ရွာမှာမဲလာဖောက်ပေးတာ...ကံကောင်းချင်တော့ အိမ်က အဖွား..(အမေကြီး) မဲပေါက်တယ်..သူမက ငယ်ကတည်းက အဖွားနဲ့အတူနေဆိုတော့အမေလို့ပဲထင်ပြီး အမေကြီးလို့ပဲခေါ်တယ်..နောက်သိတတ်တဲ့အရွယ်ရောက်မှ အမေကြီးက ပြောပြလို့ အမေကြီးကအဖွားဆိုတာ သိခဲ့ရတယ်..သူမအဖေအမေတွေက..သူမရွာနဲ့ သိပ်မဝေးလှတဲ့မြို့ပေါ်မှာနေကြတယ်..အဲ့မြို့က သူမရဲ့ မွေးရပ်ဇာတိပေါ့....
သူမက အဖိုးအဖွားကို အဖေကြီး အမေကြီးခေါ်နေကြဆိုတော့ ပြင်မရတော့ဘူး..အဲ့တော့မြို့ပေါ်က မိဘတွေ လာရင်..ဟိုအဖေ ဟိုအမေ ဆိုပြီးခွဲခေါ်ခဲ့တယ်..ဒါကို သူမ သူငယ်ချင်း တွေကတော့ ဟာသအဖြစ် သူမကိုနောက်ပြောင်ခဲ့ကြသေးတယ်..
.ကဲစောစောက ပြန်ဆက်ရရင် မဲပေါက်တဲ့ ဖုန်းဆင်းကဒ်လေး..09.252....531.အဲ့ကဒ်လေး မဲမပေါက်တဲ့သူတွေထဲက ပိုက်ဆံ တတ်နိုင်တဲ့သူတွေက..၈သောင်း ၁သိန်းပေးပြီးပြန်ဝယ်ကြတယ်..အဲ့တုန်းက မြို့ပေါ်မှာဖုန်းဆင်းကဒ်၁ကဒ်ကို ၅သိန်း ပေးဝယ်ရတယ် ကြားမိတယ်..အဲ့တော့ရွာမှာ စျေးချိုချိုနဲ့ပြန်တောင်းဝယ်ကြတယ်ပေါ့....
..သူမ အမေကြီးက ပြန်မရောင်းဘူး..ငါ့သမီးလေး မြို့ပေါ်မှာ ကျောင်းသွားတက်ရင် လူကြားထဲ မျက်နှာငယ်မှာစိုးလို့တဲ့ဖုန်းလေးကိုင်စေချင်တယ်တဲ့..ဆင်းကဒ်တော့ရပါပြီ..ဖုန်းလေးလဲဝယ်ရမယ်တဲ့ဆိုပြီ...ဓားလှီးဆေးတွေရောင်းပြီးနှိပ်စိဖုန်းလေးဝယ်ပေးခဲ့တယ်..(ဓားလှီးဆေး ဆိုတာ..ကရင်လူမျိုးတွေ ဆေးတံအိုးထဲ ထည့်သောက်တဲ့ဆေးကိုပြောတာပါ)..ဘာပဲဖြစ်ဖြစ် ဖုန်းဆက်လို့ရရင်အဆင်ပြေခဲ့တယ်လေ...
..ပထမနှစ်စတက် ဖုန်းလေးနဲ့ လူဝင်ဆံ့လေးပေါ့..
အဲ့တုန်းက လူတော်တော်များပေါ့
လူမမြင်ရပဲ ဖုန်းထဲကစကားပြောကြ လူဆိုး.လူကောင်းအသက်ကြီးလားငယ်လား..ဘာမှန်းမသိ..ဖုန်းပွားကြတယ်ပေါ့.. အဲ့တုန်းက.. တကယ် အိမ်ထောင်ပြုသွားသူတွေလဲ ရှိကြပါတယ်..ဒါပေမယ့် သူမတော့မပါဘူးပေါ့ သူမကငယ်ကတည်းက ယောကျာ်းမုန်းတီးရေးဝါဒီလို.. စာအုပ်တွေဖတ်ခဲ့တာကိုး...အဲ့တော့သူမက မာနကြီးတယ်.ပေါ့...အဲ့လိုသူများတွေမြင်ကြတယ်..
..သူမ..ကျောင်းစာပဲလုပ်နေခဲ့တယ်..အဲ့အတွက် အပေါင်းအသင်း သိပ်မရှိခဲ့ဘူးပေါ့...
..ဒီလိုနဲ့စာမေးပွဲဖြေပြီးပြန် အခြေနေကြောင့် ပထမနှစ် အောင်သည်ဖြစ်စေကျသည်ဖြစ်စေ..ဆက်မထားနိုင်တော့တဲ့အကြောင်း..အိမ်ကပြောတယ်..
သူမလဲ..လက်ခံခဲ့တယ်..
အဲ့ကြားထဲမှာပဲ ရွာရဲ့ကိုယ်စားအရံသားဖွား သင်တန်းသွားတက်ဖြစ်ခဲ့တယ်..အဲ..အဲ့မှာသူမရဲ့အချစ်ဇာတ်လမ်းစခဲ့တာပဲ...မာနကြီးလှတဲ့သူမ..မာနတွေခဝါချလို့ပေါ့... တကယ့်ဘဝလက်တွဲဖော်အဖြစ်ကိုရွေးချယ်တယ်ပေါ့..နောက်ဆုံးတော့လဲ..ဇာတ်သိမ်းမလှခဲ့ရှာဘူး...စီးပွားရေးကလဲ အဆင်မပြေဆိုတော့..စိတ်ပေါက်ပေါက်နဲ့ စွန့်စွန့်စားစားလေး..ထိုင်းရောက်သွားခဲ့တယ်..(ထိုင်းရောက်..ရွာက သူတွေရဲအပြောကောင်း..တာလဲပါခဲ့တာပေါ့) သူမက ထိုင်းကို.. တော်တော်အထင်ကြီးခဲ့တယ်လေ..ဒါကြောင့် ပဲ အိမ်က တားမြစ်တဲ့ကြားကနေ..ဝမ်းကွဲ ညီမတစ်ယောက်နဲ့ခိုးလိုက်သွားခဲ့တယ်...
.သူမ.စကြုံရပါပြီ..လူအယောက်၂၀လောက်ပဲဆန့်တဲ့ကားသေးလေးကို.. အယောက်၃၀ လောက်ပြည့်ညှပ်သပ်တင်..ခလေးတွေက ငို..ထမင်းကဆာ..ရေကဆာ..ချွေးနံ့တွေကနံ ဖုန်တွေကဖွေးလို့ပေါ့..
..ညနေ
Unlock to read this premium article with 10 points.