Lailar
ဒီနေ့ လေဆိပ်ကအပြန် အင်းယားကန်ကို ခဏလျှောက်လည်ခဲ့တယ်။ စိတ်ကအရမ်းညစ်ညူးနေပြီး အသက်ရှုကမဝချင်။ လမ်းလျှောက်ရင်း လူတွေမျိုးစုံ တွေ့ရတယ်။ တော်တော်များများက အတွဲတွေ၊ တစ်ချို့က ဓာတ်ပုံလာရိုက်ကြတာ၊ တစ်ချို့က သီးသန့်လေးဖြစ်ချင်လို့၊တစ်ချို့က စက်ဘီးစီးရင်း ခဏဝင်၊ တစ်ချို့ကတော့ အသက်မွေးဝမ်းကြောင်းအတွက် စသဖြင့် လာကြတယ်။
သိသိသာသာမြင်ခဲ့တဲ့ တစ်ချက်ရှိတယ်။
လာကြတဲ့လူတွေထဲမှာ သက်တူရွယ်တူတွေအများကြီးရှိပေမဲ့ ဘဝအခြေအနေတွေက မတူညီကြဘူး။
တစ်ချို့က အပန်းဖြေဖို့လာတဲ့အချိန်မှာ တစ်ချို့ကအလုပ်လုပ်ဖို့ လာကြတယ်။တစ်ချို့က ပျော်ဖို့ ရွင်ဖို့ လာတဲ့အချိန်မှာ တစ်ချို့က ဖြေသိမ့်ဖို့အတွက်လာကြတယ်။
ကားတွေကို လှမ်းမြင်ရတယ်။အထူးသဖြင့် ငယ်ငယ်လေးတွေ မောင်းနေတာတွေ။
ဘဝပေးမတူလို့ဆိုပြီးဘဲ လက်ခံလိုက်ပါတယ်။
သူတို့ လွတ်လွတ်လပ်လပ် ပျော်နေချိန် ငါတို့က ငါတို့ရဲ့ တန်ဖိုးထားရ ချစ်ရတဲ့သူတွေ သူတို့လိုပျော်ပါးနိုင်ဖို့အားတင်းကာ ကြိုးစားပြီးရှေ့ကိုဆက်လျှောက်နေကြတယ်။
ကိုယ်ဘာလိုချင်လဲ။ ဘာဖြစ်ချင်လဲ။ ဘယ်လိုနေချင်လဲ....။
ဘာလုပ်မှာလဲ။ ကိုယ့်မှာ ကြည့်ရမဲ့သူတွေရှိသေးတယ်။
ငါတို့သာ ပိုပိုပြီး ကြိုးစားရင်။
သူတို့သာပျော်ရင်။ သူတို့သာပြုံးနေရင်။
တန်ပါတယ် ဒီဘဝ။ကိုယ်ချစ်တဲ့သူပျော်တာဟာ ကိုယ်ပျော်တာပါဘဲ။
သူငယ်ချင်း...ကိုယ်ကြားရတဲ့ စကားလုံးတွေသာ သွေးထွက်ပါစေ။
ကိုယ်ချစ်တဲ့သူတွေကို မျက်နှာမငယ်ပါစေနဲ့။
9:47pm
[28.11.24]
Lai ?
Keep Reading