Author's Profile Photo

မိုးနှောင်းအလင်္ကာ

26/11/2024

"ရင့်ကျက်တယ်ဆိုတာ....."

1 min read
Life Style
General Knowledge
18 Again
"ရင့်ကျက်တယ်ဆိုတာ....."'s photo

လူတစ်ယောက်ရင့်ကျက်တယ်၊ တည်ငြိမ်တယ် ဆိုတာမျိုးကို ဘယ်လိုသိနိုင်မှာလည်း?။ ရင့်ကျင်ခြင်း ဆိုတာက ဘယ်လိုမျိုးလည်း?။ ခပ်ရှင်းရှင်း နှိုင်းယှဥ်ပြရရင် ရင့်ကျက်ခြင်းကို နာကျင်မှု ပေတံနဲ့တိုင်းပါတယ်။ မင်းဘယ်လောက်နာကျင်ပြီးပြီလည်းဆိုတာမျိုးပေါ့။

လူတစ်ယောက်ရင့်ကျင်တယ် ဆိုတာကို သူဘယ် လောက်နာကျင်ခဲ့ရကြောင်းနဲ့ မည်မျှပင်ပန်းရကြောင်း ကိုမြင်တွေ့ရင်သိနိုင်ပါတယ်။ လူတွေပြောတဲ့ ရင့်ကျက်တယ်ဆိုတာ ဘောင်ခတ်လိုက်ရင်း တစ်မျိုးပါ။ လူတစ်ယောက်ရင့်ကျက်ပြီဆို သေချာပါတယ် လူတွေအကြောင်းကို ကောင်းကောင်းကြီးနားလည်လာလို့ပါ။

"လူဆိုတဲ့အမျိုးက သိပ့်ဟန်ဆောင်ကောင်းတာ"

ရင့်ကျက်လာတဲ့ လူတစ်ယောက်၊ တစ်နည်းအားဖြင့် လူတွေအကြောင်းကို နားလည်သဘောပေါက်တဲ့ လူက အရာရာကို ပိုထိန်းချုပ်လာရတယ်။ အချိုကြိုက်တဲ့ သူကို အချိုကျွေးရမယ်ဆိုတာ မြင်တာနဲ့ တန်းသိတာက အလိုက်အထိုက်သိတဲ့ရင့်ကျက်ခြင်းဘဲ။

လောကဓံရဲ့ အနိမ့်အမြင့် အတတ်အကျကို သိနားလည်ထားတဲ့ သူတစ်ယောက်က အရာရာမှာ ပိုအာရုံစူးစိုက်လာရတယ်။ ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ စိတ်လှုပ်ရှားနေတာမျိုးမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ စေ့စေ့စပ်စပ် ဖြေရှင်း လိုက်တာမျိုးက ရဲဝံ့စွာတည်ငြိမ်တဲ့ ရင့်ကျက်ခြင်းတစ်မျိုးဘဲ။

လူတွေရဲ့ နှုတ်စကားတွေအကြောင်း အများအပြားသတိထားမိလာတဲ့အခါ အရာရာမှာ ပိုဆင်ခြင်လာရတယ်။ ဘာကိစ္စလေးဘဲဖြစ်ဖြစ် ပုံကြီးချဲ့တတ်တဲ့ လူ့အသိုင်းအဝိုင်းကို ဆင်ခြင်စွာသည်းခံစိတ်ထားပြီး နေတတ်လာတာမျိုးက ထိန်းချုပ်ခြင်းရင့်ကျက်မှု တစ်မျိုးပါ။

ရင့်ကျက်ခြင်းဆိုတာ တစ်နည်းအားဖြင့် ဒေါသတွေကို ထိန်းချုပ်တတ်လာတာ၊ အားနည်းချက်တွေကို ပြုပြင်နိုင်လာတာ၊ ပြီးတော့ တည်ငြိမ်လာတာပါ။ ဒါဟာ ရင့်ကျက်ခြင်းဖြစ်တယ်။

ရင့်ကျက်ခြင်းဟာ ကောင်းလားလို့မေးရင် ဘဝကို လူဝင်ဆံ့အောင် နေချင်တဲ့သူက ကောင်းတယ်လို့ဖြေမှာဘဲ။ ဘဝကို အေးအေးဆေးဆေးနဲ့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မပတ်သက်ဘဲ ကိုယ်ကြိုက်တာကိုယ်လုပ်ချင်တဲ့ သူကိုမေးရင်တော့ မကောင်းဘူးလို့အဖြေထွက်ပါလိမ့်မယ်။

""အပေါ်မှာပြောခဲ့သလိုပါဘဲ ရင့်ကျက်ခြင်းဆိုတာ နာကျင်မှု ပေတံနဲ့တိုင်းပြီး လွတ်လပ်ခြင်းကို ဘောင်ခတ်လိုက်တာပါ"

ပြောစရာ တစ်ချက်ကျန်တာက နာကျင်မှုပေတံအမှတ်ကိုမရောက်ဘဲ ရင့်ကျက်ကြတဲ့ ရင့်ကျက်သူတို့က ဘာနဲ့တိုင်းသလဲဆိုတာဘဲ?။ ဟုတ်ပြီ အဲ့လိုမျိုးရင့်ကျက်သူတို့က အသိတရားနဲ့ဆိုင်သွားတယ်။ လူကြီးမင်းတို့မှာ ရင့်ကျက်ချင်တဲ့ အသိတရားမရှိသရွေ့ ရင့်ကျက်ကြမှာ မဟုတ်ပါဘူး။

အသိတရား ရှိပေမဲ့ မရင့်ကျက်ချင်တဲ့သူတွေဟာ လုံလောက်တဲ့ နာကျင်မှု မရှိသရွေ့ မရင့်ကျက်ကြဘူး။ ယနေ့ခေတ်လူငယ်တွေ မရင့်ကျက်ကြသူတွေများနေဆဲဘဲ ပြီးတော့ရင့်ကျက်ကြသူတွေတော့ရှားနေဆဲပါ။

"လူငယ်ဆိုတာ ရင့်ကျက်ရတာကိုမကြိုက်တဲ့ ဘောင်ခတ်ခြင်းမရှိတဲ့ကောင်းကင်ပျိုပါ။ ဒါပေမဲ့ လေနီကြမ်း ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ ရင့်ကျက်သင့်တဲ့ အချိန်မှာ ရင့်ကျက်နိုင်မှ လူငယ်ပီသမှာပါ"

ဘဝပြေးလမ်းမှာ အလိုက်အထိုက်သိစွာရင့်ကျက်ပါ၊ ရဲဝံ့စွာတည်ငြိမ်ခြင်းနဲ့ရင့်ကျက်ပါ၊ ထိန်းချုပ်ခြင်းရင့်ကျက်မှု မျိုးနဲ့ရင့်ကျက်ပါ။ လုံလောက်စွာ နာကျင်လာတဲ့ အခါ ရင့်ကျက်ဖို့သတိရပါ။ ပြည့်ဖြိုးစွာ အသိတရား ရှိလာတဲ့ အခါရင့်ကျက်ဖို့ မမေ့ပါစေနဲ့။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)