Author's Profile Photo

Maru

23/11/2024

သူငယ်ချင်းလေးသို့

2 mins read
Life Style
18 Again
သူငယ်ချင်းလေးသို့'s photo

ကံကြမ္မာကဆန်းကြယ်တာလားပဲ တော့မသိပေမယ့် ငါတို့တွေ ၂၀၂၂ကာလရဲ့ ၄လပိုင်းမှာ စတင်တွေ့ရှိ ရင်နှီးခဲ့ကြတယ် အခုချိန်ထိပေါ့။

စစတွေ့ချင်းတုန်းက မြရေ နင်ကလေ တအားသွက်လက်နေခဲ့ပြီး ငါကတော့ လေးလေးပင်ပင်နဲ့ စကားပြောရင်တောင် လေးနွဲ့နေအောင်ပြောခဲ့ကြတဲ့အခြေနေတွေပေါ့။

ငါတို့တွေက ပုံစံချင်းလည်းမတူညီခဲ့ကြဘူး။ နင်က social media ကိုအထာကျကျသုံးနေချိန် ငါကတော့ social ကိုသုံးရတာဝါသနာကမပါခဲ့ပြန်ဘူး။

ပညာ‌ရေးမှာဆိုလည်း နင်ရ‌တဲ့စာတွေဆို ငါကမရခဲ့ဘူး။ငါရတဲ့စာတွေဆိုလည်း နင်ကမရခဲ့ပြန်ဘူး။ အချင်းချင်း ပြန်လှန်ရှင်းရင်း စာတွေတူတူလုပ်ခဲ့ကြတယ်။

နင်ကလေ တစ်ခုခုဆို တအားအတွေးလွန်တတ်ပြီး ငါကတော့ တရားဟောသူပမာဖြစ်နေခဲ့ပြန်သေးတယ်။

တစ်ခုခုဆိုလည်း အတူတူတိုင်ပင်ပြီးမှ ရှေ့ဆက်လုပ်ဆောင်ခဲ့ကြတယ်။

ငါမှတ်မိပါသေးတယ်။ ငါတို့တွေ English project လုပ်ကြတာ ငါကနေ project ကိုပြန်ပြင်မယ် နင်ကမပြင်ဘူး ဒီတိုင်းသွားမယ်ဆိုပြီး သဘောထားမတူလို့ စိတ်ဆိုးပြီး ၂ရက်လောက်မခေါ်ခဲ့ကြဘူးနော်။ အဲဒီ ၂ရက်ပြီးလို့ပြန်ခေါ်ကြတဲ့အခါမှာ ငါတို့အချင်းချင်းပြန်ပြောဖြစ်လို့ သိခဲ့ကြတာက

နင်ကနေပြောတာက "ငါနင့်ကိုအဲ့မနက်ကစာပို့ထားတာ နင်ဝင်မကြည့်တာနဲ့ဖျက်လိုက်တာ"

ငါကနေပြန်ပြောတာက "ဟင် စာပို့တယ်ဟုတ်လား ငါ့ထဲ notiမကျလာဘူး။ဒါပေမဲ့ ငါနေ့လယ်ပိုင်း နင်လိုင်းတက်နေတဲ့ချိန် စာပို့တယ်။ နင်မှဝင်မကြည့်တာ အဲတာနဲ့ငါစာကိုဖျက်လိုက်တာ"

ငါတို့အချင်းချင်းစာတွေပို့ခဲ့ကြပြီး စာမမြင်လို့ပြန်ဖျက်ပြီးနေခဲ့ကြတာတွေပဲ။

ငါတို့တွေပေါင်းလာတာ ကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာကြတယ်။ နင့်စကားပြောပုံကို ကြည့်ရုံနဲ့ နင်ဘာဖြစ်နေတာလဲသိသလို ငါ့နေပုံထိုင်ပုံကိုကြည့်ရုံနဲ့ ငါဘာဖြစ်နေလဲဆိုတာ နင်ရိပ်မိတဲ့ထိပေါ့။

ငါတို့ကလေ ပေါင်းသာပေါင်းနေကြတာ ပုံစံတွေကလုံးဝမတူကြဘူး။ ဥပမာ နင်ကမြန်သလောက် ငါကနှေးကွေးနေတာပဲ။

ဒါပေမဲ့ တူတဲ့အချက်ကတော့ ငါတို့ ၂ယောက်လုံးက စည်း ရှိကြတာပါပဲ။ ငါတို့၂ယောက် တစ်ခါမှ ရန်မဖြစ်ဖူးဘူးနော်။ အချင်းချင်း စိတ်အခန့်မသင့်ရင် စိတ်ကောက်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ်ကြတာပဲရှိတာ။ အဲဒီလို မခေါ်ကြတဲ့ချိန်မှာ ငါတို့ဟာ ငါတို့၂ယောက်လုံးအပြန်အလှန်သိထားကြတဲ့ အကြောင်းအရင်းတွေကို အောက်လုံးသုံးပြီး ထုတ်ဖော် ရန်စတာတွေ မလုပ်ကြတာပါပဲ။

ပြီးတော့ ငါတို့ဟာ online သူငယ်ချင်းတွေဆိုတော့ အပြင်မှာတွေ့ဖို့ဆိုတာ လုံးဝမလွယ်ကူတဲ့ကိစ္စကြီးတစ်ရပ်ပါပဲ။ နင်ကလည်း နင်မြို့မှာ နင် ငါကလည်း ငါ့မြို့မှာငါ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ ဒီကိစ္စရပ်ကြီးက အကြောင်းအရာတစ်ခုကြောင့် ငါတို့တွေ့ဖို့ဖြစ်လာတော့လေ နင်ငါ့တွက် မြေပဲလှော်တွေဝယ်လာခဲ့ပေးတယ်နော်။

ပြီးတော့လေ ငါတို့တွေ့ခဲ့ကြတဲ့ အဲဒီနေ့ကို ပြန်အမှတ်ရမိတယ်။ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်နော်။ ငါရဲ့အဆိုးဆုံးအခြေနေမှာ နင်တင်မကဘဲ နင့်မိသားစုကပါ ဖေးဖေးမမ ကူညီပေးခဲ့လို့။

နင်ကလေ ငါ့တွက် အိမ်နဲ့တူတဲ့သူငယ်ချင်းပါပဲ။ ခုလို ငါအိမ်နဲ့ဝေးနေချိန် နင်ရှိနေတာက ငါ့တွက်အားတစ်ခုပါပဲ။ ငါ့မိဘတွေနဲ့အဆက်သွယ်မရချိန် ခက်ခဲတဲ့တချို့ကိစ္စရပ်တွေကို နင့်ကိုရင်ဖွင့် တိုင်ပင်ဖော်ရတယ်။ ငါဖိအားများနေတဲ့ချိန် နင်ကနေ အားပေးကူညီတယ်။ နင်ကလေ တကယ်ငါ့အတွက် အိမ်နဲ့တူတဲ့သူငယ်ချင်းပါပဲ။

ခုဆို နင်က အသက် ၁၈တောင်ပြည့်ပြီနော်မြရေ။
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီနှစ်အတွက်ပေးချင်တဲ့ မွေးနေ့ဆုတောင်းကတော့

"ဆုတောင်းတွေကိုထက် လက်တွေ့ကိုသာအားကိုးပါ နင်ကမငယ်တော့တာကိုသတိရပြီး ဒီနှစ်ကို သေချာအသုံးပြု အသုံးချနိုင်ပါစေရှင်"

နင်နဲ့ခင်မင်ခွင့်ရတဲ့ချိန်အတွင်း ငါနားလည်လာတာက

  • သူငယ်ချင်းကာင်းဆိုတာက တကယ်ရှိပြီး ပုံပြင်တွေမဟုတ်ဘူးဆိုတာရယ်
  • ပုံစံမတူတိုင်း ပေါင်းလို့မရဘူးဆိုတာ ဟာသကြီးတစ်ခုပါပဲ
  • မာနတွေဆိုတာ မြူမှုန်တွေလိုပါပဲ
  • သူငယ်ချင်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာက လိုတရ လက်စွပ်တစ်ကွင်းရထားသလိုပဲဆိုတာရောပေါ့


တကယ်ချစ်ရပါတယ် ချစ်ရပါသောသူငယ်ချင်းလေး မြရေ❤️


ပြီးတော့ စကား‌တွေစာတွေနဲ့မဖော်ပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်?

November.23.2024.Sat(10:41)
Maru(မာရု)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)