Author's Profile Photo

မိုးနှောင်းအလင်္ကာ

23/11/2024

"ကျေးဇူးအကြောင်းသိကောင်းစရာ"

1 min read
Life Style
General Knowledge
18 Again
"ကျေးဇူးအကြောင်းသိကောင်းစရာ"'s photo

ကျေးဇူးတရားဆိုတာ တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းရင်းက ဖြစ်ပေါ်လာတဲ့ နှောင်ကြိုးတွေပါ။ နှောင်ကြိုးလို့​ခေါ်ဝေါ်တာက နှောင်တစ်ချိန်မှာ အထပ်ထပ် ရစ်ပတ်စွာ လှုပ်မရစေမဲ့ ကြိုးတစ်ချောင်းဖြစ်မှာမို့လို့ပါ။ ကျေးဇူးတရားကို သိတတ်သူဆိုတာနဲ့ ကျေးဇူးတရားကိုကြောက်ကြပါတယ်။ တစ်နည်းအားဖြင့် နှောင်ကြိုးတွေနဲ့ မလှုပ်နိုင်မှာစိုးကြတာပေါ့။

"ကျေးဇူးတင်ပါတယ်" လို့ပါးစပ်ကပြောလိုက်ရတာဟာ သိပ်အပန်းမကြီးပေမဲ့ ကျေးဇူးကြွေးဆပ်ရတဲ့အခါ လှုပ်မရ၊ ပြောမရလောက်အောင် ခံရခတ်ပါတယ်။ အကူအညီပေးတာများရင် ကျေးဇူးရှင်ဖြစ်တတ်တယ်။ အဲ့ဒီကျေးဇူးရှင်ဆီ ကျေးဇူးကြွေး တင်တဲ့အခါ လှုပ်လေမြုတ်လေပါ။

တစ်ခါက တောဘုရင် ခြင်္သေ့ ကြီး ဟာ အမဲလိုက်ရင်း ဒဏ်ရာ ကြောင့်မေ့မြောနေပြီး အစာရေစာ ကလည်းမရနိုင်တာကြောင့် အားအင်ချိနဲ့နေတယ်။ အဲ့တာကို မြင်တွေ့သွားတဲ့ မြေခွေးတစ်ကောင်က ခြင်္သေ့ကြီးကို အစာရှာပေးရင်း ဘေးမှာ စောင့်ရှောက်ပေးနေခဲ့တယ်။

အဲ့ဒီလိုနဲ့ ခြင်္သေ့ကြီးနေပြန်ကောင်းလာတဲ့အခါ ​မြေးခွေး နှင့်မိတ်ဆွေဖွဲ့၍ အကူအညီလိုတဲ့ အခါ အချိန်မရွေးပြောပါလို့​ဆိုတယ်။ အဲ့ဒီတော့ မြေခွေးကလေးက နေစရာနေရာမရှိတာကြောင့် ​ခြင်္သေ့ကြီးနဲ့ အတူလိုက်နေပါရစေဆိုပြီး အကူအညီတောင်းတယ်။

မြေခွေးဟာ ကောက်ကစ်တဲ့အကြံနဲ့ဖြစ်ပြီး တောဘုရင်ကြီးနဲ့ အကြံပေးအမတ်တို့ကို ကုန်းချောစကား ဆိုလေတယ်။ မြေခွေးရဲ့ ကုန်းတိုက်စကားကြောင့် ယုန်ပညာရှိ၊ ပညာရှိဇီးကွက်နဲ့ ကျားစစ်သူကြီးတို့ဟာ တောဘုရင်ကို အမြင်မကြည်ဖြစ်သလို တောဘုရင် ခြင်္သေ့ကြီးကလည်း ဒေါသများထွက်ကာ အမတ်နဲ့ စစ်သူကြီးတို့ကို မောင်းထုပ်လိုက်တယ်။

မြေခွေးဟာ ​တောဘုရင် ခြင်္သေ့ကြီးနောက်လိုက်နေရင်း တောဘုရင်ရဲ့ အကြံပေးအမတ်တွေဖြစ်တဲ့ ပညာရှိဇီးကွက်၊ ယုန်ပညာရှိနဲ့ ကျားစစ်သူကြီး တို့ကို ချောက်ချကာ တောဘုရင်ကြီး ရဲ့ မျိုးဆက်ကို ပျက်သုန်းစေခဲ့တယ်။ အသက်ကျေးဇူးကြွေးကြောင့် နာခံရင်း၊ ပြန်လည်ကူညီရင်း ဘဝတွေ အပိုင်းပိုင်း ပျက်သုန်းခဲ့ရပါတယ်။

ကျေးဇူးကြွေးဆိုတာ ဆပ်တတ်ရင်​ကျေပါတယ်။ဒါပေမဲ့ တကယ်တန်းတော့ အပူမီးတစ်ခုကို ကိုင်ထားရတာနဲ့တူတာပါဘဲ။ အဲ့တာကြောင့် တစ်ဦးတစ်ယောက်ကို ကူညီလိုက်ပြီဆိုလျှင် မျှော်လင့်ချက်မထားပါနဲ့။ ဒါပေမဲ့ အကူအညီခံရပြီဆိုရင်တော့ ချက်ချင်းပြန်ဆက်တတ်အောင် လေ့ကျင့်ထားပါ။

ဘဝ ဆိုတာတိုတိုလေးပါ။ ကျေးဇူးကြွေးဆိုတာဟာ အဲ့ဒီဘဝမှာ အထပ်ထပ် ရစ်ပတ်စေတဲ့ကြိုးတစ်ချောင်းပေမို့ ကျေးဇူးအကြောင်းတရားကိုသိတတ်ပါစေ။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦး တစ်ယောက်ချင်းစီတိုင်းအား အထူး ကျေးဇူးတင်ရှိပါသည်။)


Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်