dawna
ကျွန်တော်အကြောက်ဆုံးသောအရာတစ်ခုမှာ အာရုံများခြင်းပင် ဖြစ်သည်။ အာရုံသည် ကျွန်တော့်ကို မောင်းနှင်နိုင်သော စွမ်းအားရှိသည်။ အာရုံရှိရာ၌ ကျွန်တော် အလုပ်လုပ်သည်။ ထို့ကြောင့် ၎င်းအာရုံ ထွေပြားသွားမည်ကို ကျွန်တော် အလွန်အမင်းစိုးရိမ်ပါသည်။
နေ့တိုင်းအတွက် အာရုံသည် အလွန်အရေးကြီးသည်ဟု ကျွန်တော်ထင်သည်။ အာရုံမစိုက်မိသည်နှင့် မလုပ်ဖြစ်လိုက်သော အတွေးများ၊ ပြန်မမှတ်မိတော့သည့် အိပ်မက်များ၊ အစဖော်မရတော့သည့် အကြောင်းများစသဖြင့် မြောက်များစွာရှိနေပေသည်။ ကျွန်တော်ဆိုလိုသော အရေးပါမှုမှာ ထို ပြန်မရတော့သည့်အရာများကို ပြောခြင်းမဟုတ်ပါ။ ထိုသို့ များလွန်းသော အတွေးများအတွက် ရေစစ်ကဲ့သို့ စစ်ပေးသော ရှင်းလင်းမှုတစ်ခု လိုသည်ဟု ကျွန်တော် ဆိုလိုသည်။ ၎င်းရှင်းလင်းမှုဆိုသည်မှာလည်း ကိုယ်ဘာကို အာရုံစိုက်မလဲဆိုတာကို ဂဃနဏ သိခြင်းပင်ဖြစ်ပါသည်။
အာရုံရှိသောနေရာ၌သာ အလုပ်တွင်ပါသည်။ ထိုအာရုံသည်ပင် ကျွန်တော့်ကို မောင်းနှင်ပါသည်။ ထို့ကြောင့် ဘာကို အာရုံစိုက်ရမှန်းသိဖို့သည် ကျွန်တော့်အဖို့ ပို၍ပင်အရေးကြီးသည် မဟုတ်ပါလားခင်ဗျာ။
ဒေါန
ဗုဒ္ဓဟူး။
Keep Reading