Tawtawti
"ပွဲစျေးတန်းကအကြော်စုံ"
ဟိုးတရက်က..အိမ်မှာ ဆလတ်ရွက်ဝယ်ထားတာတွေ့တော့ နှိုက်စားမိလိုက်တာ..၊အတော့်ကို စားကောင်းတယ်ဗျာ။
မျောက်လက်လို ဆတ်ခနဲ ဆွဲလိုက်..၊ ဆိတ်ပါးစပ်လို ဖြတ်ခနဲ ဝါးလိုက်နဲ့ တကြွတ်ကြွတ်ကိုနေရော..။ အားချင်းပဲ..သုံးရွက်အတိ ကုန်တယ်။
အဲ့ဒီ့မှာ..ကိုယ်တွေငယ်တုန်းက ပွဲစျေးတန်းက အကြော်ဆိုင်ကို ပြေးသတိရမိသွားတာများ.... မြက်လေးပန်းရုံလေးက နွယ်အတက် အပွင့်လေးတွေ တနွယ်ငင် တပွင့်စီ..စီသလို စိတ်ကဆက်နွယ်သမျှ အတွေးကို တောက်လျှောက်လိုက် ပွင့် သွားမိစေတော့တာပါပဲ။
သတိရယ်..ရလွယ်မိဆို..တခါက ကိုယ်တို့မှော်ဘီမြို့ကလေးရဲ့ သကြင်္န်မတိုင်မီ သွင်းတဲ့ ပွဲခင်းညများက အမတန်မှကို စည်ကားလှတယ်။ လက်လန်သမျှ ကြက်ပျံမကဆိုသလိုပေါ့။ ဆိုင်းက တည၊ အငြိမ့်က တည ၊ ဇာတ်ပွဲကသုံးည ၊ ပူဖောင်းလာရောင်းရင်တောင်အလုပ်ဖြစ်မှာက စုစုပေါင်း ငါးညတိတိရှိတယ်။ ကိုယ်တွေလူပျိုပေါက်အရွယ်တက္ကသိုလ်ဝင်တန်းကျောင်းသားဘဝ သက္ကရာဇ်2000ပြည့်ကာလကစပြီး နှစ်တိုင်းဖြစ်ခဲ့တဲ့ ပွဲသွင်းညတွေပေါ့။
ပွဲသွင်းသူ..ကမကထလုပ်ဆောင်သူက ဘရသေ့တဲ့။
သစ်ရိပ်လေးအောက်က တဲကျောင်းလေးကနေ အကြောင်းညီညွတ်ပြီး ဘောင်းဘီမဝတ်ဘဲ ချမ်းသာလာသူပေါ့။
သူတည်ခဲ့တဲ့စေတီရှိတယ်၊ ကြီးမားတဲ့ ဆင်းတုတော်ကြီးတဆူလည်း ထုဆစ်ပုံဖော်ခဲ့တယ်။ ဂျပန်က ကမာကူရရုပ်ပွားတော်ကြီးနဲ့အသွင်တူတယ်။
ကိုယ်တို့အိမ်နဲ့လည်း သူ့ပိုင်မြေကျောင်းက မဝေးလှပါဘူး။
သူက ပွဲလမ်းသဘင်ဝါသနာပါပုံရသလို လူတွေကလည်း အပျော်အပါးက တယ်မမက်ချင်ရှာကြဘူးလေ..။
ကြည့်..ပွဲဟေ့ဆို..
မြို့ခံလူတွေအပြင် ရန်ကုန်ကပါ အုန်းအုန်းထလာသလို ရွာနီးစပ်ချုပ်ကပါ..မိုးအလင်း အဖိုးမငြင်းဘဲ လာကြည့်ကြတာကိုး။
အဖိုးမငြင်းဆို ပွဲခင်းကလည်း
တပြားသားမှကုန်ကျစရာမလိုတဲ့ ဗလာချီပွဲတွေချည်းရယ်လေ။ ရွာတွေမှာလည်းထော်လာဂျီတွေပေါ်ကာစဆိုတော့ လာကြတဲ့ တဂျိုင်းဂျိုင်းအသံကလည်း
နားကိုယဥ်နေကောပဲ။
ကိုယ်တွေကလည်း ကာလသားပေါက်စဆိုတော့ သူငယ်ချင်းတသိုက် အရွယ်အဆင်းဂိုက်စိုက်ညီညီနဲ့ ပွဲခင်းထဲ နှစ်တိုင်း ရောက်ကြတော့တာပဲ။
မှတ်မိသမျှဇာတ်ကတော့ ပုလင်းစိန်၊အမြည်းစိန်၊ ဖန်ခွက်စိန်ဆိုတဲ့ဇာတ်၊ နန်းဝင်းဇာတ် စသဖြင့်ပေါ့။
တိုးမပေါက်တဲ့ ရွှေပွဲလာဧည့်ပရိသတ်တွေရဲ့ဝယ်ယူအားပေးမှုကများလို့..မြို့ခံစျေးသည်..နယ်လှည့်ချီတဲ့ ဆယ့်နှစ်ပွဲစျေးသည်တွေဆိုရင်..ရောင်းပန်းကလှ ပီတိကဖြစ်နဲ့..ပစ်တိုင်းထောင်လို ပြုံးပြုံး..ပြုံးပြုံးနဲ့နေတော့တာပါပဲ။
အသည်
Unlock to read this premium article with 10 points.