Author's Profile Photo

SarPhat Author

28/03/2024

အလေးထားမှုလေး ပေးရအောင်

1 min read
Life Style
Personal Development
General Knowledge
အလေးထားမှုလေး ပေးရအောင်'s photo

အလေးထားမှုဆိုတာ လူတိုင်းနီးပါးလိုချင်ကြတဲ့အရာပါ။ ငါကတော့မလိုချင်ပါဘူး သွား ရှုပ်ရှုပ်ရှက်ရှက်တွေလို့ ပြောကောင်းပြောမယ်။ ဒါပေမယ့်သေချာပြန်စဥ်းစားကြည့်ပါ။ ကိုယ့်ကိုဘဝမှာ ဘယ်သူကမှအလေးမထားတာမျိုး လက်ခံနိုင်လားဆိုတာကို? ကိုယ့်ကို လူအချင်းချင်းရယ်မှမဟုတ်ဘူး ကိုယ်ချစ်တဲ့တိရစ္ဆာန်လေးတွေ ကိုယ့်ကိုတွေ့လို့ အမြီးလေးနှံနှုတ်ဆက်တာ၊ ကိုယ့်ကိုလာကပ်တာမျိုးဆိုရင် သဘောကျတတ်ကြပါတယ်။ ဒါဟာ တဖက်သားရဲ့ ကိုယ့်အပေါ်အလေးထားမှုကို ကိုယ်ကသဘောကျတာပါ။

အလေးထားမှုရအောင်ဘယ်လိုနေကြမလဲ? ကိုယ်ကသူများကိုပြန်အလေးထားပါ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ Emotion တက်လွယ်ကျလွယ်သူတွေဟာ တစ်ပါးသူရဲ့အလေးထားမှုကို ပိုမိုလိုအပ်ပါတယ်။ ဒါမှသာ မိမိတို့စိတ်လုံခြုံမှုရှိတယ်လို့ ခံစားရမယ်။ Motivationတွေဖြစ်ပါမယ်။ ကိုယ်ဟာထူးချွန်ချင်တယ်၊ တိုးတက်အောင်မြင်ချင်တယ်ဆိုရင် ကိုယ်ဟာကြိုးစားရပါတယ်။ ကိုယ်တစ်ယောက်တည်းကြိုးစားရုံနဲ့တင် မလုံလောက်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေ၊ ကိုယ်ပညာယူရမယ့်လူတွေဆီကနေလည်း လိုအပ်တဲ့ Support တွေ ရယူရင်း Opportunities တွေရှာဖွေရပါတယ်။ ဒီနေရာရောက်အောင် ငါတစ်ယောက်တည်းကြိုးစားခဲ့ရတာလို့ ပြောတတ်ကြတဲ့သူတွေမှာလဲ သူတို့ဒီလိုနေရာရောက်ဖို့ ပတ်သက်ဆက်နွယ်ခဲ့ရတဲ့သူတွေဆီက တစ်ခုမဟုတ်တစ်ခုတော့ Supoortယူခဲ့ရမှာပါ။

ကိုယ်Support ရယူခဲ့တဲ့သူတွေတင်မက ကိုယ်နဲ့ပတ်သက်ဆက်နွယ်ရတဲ့သူတိုင်းကို အလေးထားပေးပါ။ သူတို့ကိုအလေးထားသလို သူတို့နဲ့ပတ်သက်တဲ့အရာတွေကိုလည်း အလေးထားပေးပါ။ တခါတလေမှာ ကိုယ်လုပ်လိုက်မိ ပြောလိုက်မိ တွေးလိုက်မိတဲ့ ဘာမဟုတ်တဲ့အရာတွေကနေ တစ်ပါးသူကိုအလေးမထားရာထက် တစ်ပါးသူကိုစေတနာစော်ကားသလိုဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုးတက်အောင်မြင်ဖို့ ကိုယ့်ကိုလူတွေအလေးထားကြဖို့အတွက် ကိုယ်ကသူများတွေကိုအလေးထားမှသာ အဆင်ပြေပါလိမ့်မယ်။

အလေးထားမှု၊ လေးစားမှုဟာ လူတစ်ယောက်အတွက် သိပ်အရေးပါတဲ့အရာလို့မြင်ပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ Self Devlopmentဖြစ်ဖို့ ကိုယ့်ရဲ့ Personal Life မှာ Image ကောင်းဖို့အတွက် တပါးသူကိုအလေးထားမှု၊ လေးစားမှုလေးတွေ ပေးနိုင်ဖို့မျှော်လင့်ပါတယ်။

ကိုယ်ကိုတိုင်လဲ အလေးထားမှု၊ လေးစားခံရရမှုရရှိပြီး သူမျးတဖက်သားကိုလဲ အလေးထား၊ လေးစားတတ်သူတွေဖြစ်ကြပါစေနော်။

#TheNotebySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်