SarPhat Author
ကျွန်တော်တို့အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ချင်ရင် ကိစ္စတိုင်းကို မေးခွန်းထုတ်တတ်ဖို့လိုတယ်။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်နှင့် social media တွေပေါ်မှာ မြင်နေရသမျှအရာတွေ အပေါ် မေးခွန်းထုတ်တတ်ဖို့လိုတယ်။
ကိုယ့်ရဲ့ တစ်နေ့တာနဲ့ ပတ်သတ်ပြီးလည်း မေးခွန်းထုတ်တတ်ဖို့လိုတယ်။
ကိုယ့်ပတ်ဝန်းကျင် နှင့် social media တွေပေါ်ကလူတွေ တစ်ချို့က ချမ်းသာပြီး တစ်ချို့က ဆင်းရဲတယ်။ တစ်ချို့က အောင်မြင်ပြီး တစ်ချို့က ကျရူံးတယ်။ သူတို့တွေ ဘာ့ကြောင့် အောင်မြင်ရတာလဲ ကျရူံးရတာလဲဆိုတာ မေးခွန်းထုတ်ပြီး ကိုယ့်ဘာသာ အဖြေရှာကြည့်ဖို့လိုတယ်။
ဒီလူက ဘာ့ကြောင့်အောင်မြင်တာလဲ။ သူ့ရဲ့ လှို့ဝှက်ချက် ကဘာဖြစ်မလဲ။ သူ့ရဲ့ daily routine ကဘာဖြစ်မလဲ။
သူဘာအလုပ်လုပ်ပြီး အောင်မြင်လာတာလဲ။ ငါရော သူလုပ်သလို လိုက်လုပ်လို့မရဘူးလား။ သူရောက်နေတဲ့ နေရာကို သူထက်ပိုပြီး အမြန်ဆုံးရောက်အောင် ငါဘယ်လို လုပ်ရမလဲ။
ငါလည်းလူပဲ သူလည်း လူပဲ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ငါသူ့ဆီက ဘယ်လိုအရာတွေ သင်ခန်းစာယူလို့ရမလဲ။
စသည်ဖြင့် ကိုယ့်ကိုကို မေးခွန်းတွေ ထုတ်တတ်ဖို့ လိုတယ်။ ကိုယ့်ကိုကို စိန်ခေါ်တတ်ဖို့လိုတယ်။
အောင်မြင်နေတဲ့သူတွေရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။ သူတို့ ဘယ်လမ်းကြောင်းကို ရွေးခဲ့လို့ အခုလို အောင်မြင်တာလဲ။ သူတို့မှာ ဘယ်လို အချိန်ဇယားတွေ ရှိနေမလဲစသည်ဖြင့် မေးခွန်းထုတ်တတ်ဖို့လိုတယ်။
ဘဝမှာ ကျရူံးသွားတဲ့သူတွေကရော ဘာ့ကြောင့် ကျရူံးသွားရတာလဲ? သူတို့တွေ ဘယ်လိုအမှားတွေ လုပ်မိလို့ ကျရူံးသွားရတာလဲ? သူတို့လိုမျိုး ဘဝမှာ မကျရူံးချင်ရင် ငါဘယ်လိုအရာတွေကို ရှောင်ကြဉ်ဖို့လိုမလဲ?
နောက်ပြီးတော့ ကိုယ့်ရဲ့ တစ်နေ့တာနဲ့ ပတ်သတ်ပြီးတော့လည်း မေးခွန်းတွေ ထုတ်တတ်ဖို့လိုတယ်။
ငါတစ်နေ့တစ်နေ့ ကိုယ့်အတွက် အကျိုးရှိတဲ့ ကိစ္စတွေ လုပ်ဖြစ်ရဲ့လား?
ငါ့ရဲ့ အချိန်တွေဟာ ဘယ်လို ယိုပေါက်တွေကနေ ကုန်ဆုံးနေတာလဲ?
ငါ့မှာ ဘယ်လို စွဲလန်းမူတွေရှိနေလဲ?
ဘယ်စွဲလန်းမူတွေက ငါသွားချင်တဲ့နေရာ မရောက်အောင် ငါ့ကို တားစီးနေတာလဲ?
ငါဘာ့ကြောင့် အဲ့ဒီအရာတွေကို စွဲစွဲလန်းလန်းဖြစ်နေရတာလဲ?
ငါဒီစွဲလန်းမူတွေကနေဘယ်လိုမျိုး ရုန်းထွက်ရမလဲ?
ငါသွားချင်တဲ့ အောင်မြင်မူဆီရောက်အောင် ငါဘယ်လို ကြံဆောင်သင့်လဲ? ငါဘယ်လိုအရာတွေ လေ့လာဖို့လိုမလဲ? ငါ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိထားသင့်လဲ? ငါ့ရဲ့ အားသာချက်တွေက ဘာတွေလဲ? ငါ့ရဲ့ အားနည်းချက်တွေကရော ဘာတွေဖြစ်မလဲ?
လူတွေဟာ သမားရိုးကျ လမ်းတွေ ပေါ်မှာပဲ လျှောက်ချင်ကြတယ်။ ဆယ်တန်းအောင် ဘွဲ့ယူ ရုံးအလုပ်တစ်ခုဝင်လုပ် အိမ်ထောင်ပြု ကလေးယူ။ လူအများစုဟာ ကိုယ့်ပတ်ဝန်းကျင်က လူအများစု လျှောက်လေ့ရှိတဲ့ လမ်းတွေ နောက်ကို ပဲ လိုက်လျှောက်ကြတယ်။
အဲ့ဒီအခါ ကိုယ့်အနေနဲ့ ကိုယ့်ကိုကို မေးခွန်ထုတ်ရမယ်။ ဒီလူတွေဟာ လူတိုင်းအတွက် ရေးပေးထားတဲ့ ဇတ်ညွှန်းတစ်ခုထဲကို လိုက်က နေတဲ့သူတွေပဲ။ သူတို့တွေရဲ့ ဘဝတွေဟာ ဘာစိန်ခေါ်မူ မှမရှိဘူး။ ရုံးမှာ ဘောနပ်စ်လေး ရဖို့ သူဋေးအကြိုက်အလုပ်ကို ကြိုးစားလုပ်၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားများ၊ အိမ်ပြန်၊ တစ်တော့လေးသုံး၊ နောက်တစ်နေ့ကို ဒါတွေနဲ့ပဲ ပြန်စ။ ဒီလူတွေရဲ့ ဘဝမှာ ပျင်းစရာအလုပ်တွေ ထပ်ခါတလဲလဲ အလုပ်တွေနဲ့ပဲ ပြည့်နှက်နေပါလား။ ငါဆိုရင် ရော သူတို့လို မျိုး ပျင်းစရာကောင်းတဲ့ အလုပ်တစ်ခုမှာ အချိန်ကြာကြာ လုပ်နိုင်ပါ့မလား။
သူတို့လို ဘဝမျိုးမရောက်ချင်ရင် ငါဘာတွေ လုပ်လို့ရမလဲ။ သူတို့လောက် အလုပ်မလုပ်ပဲ သူတို့ထက် ပိုပြီး ငွေဘယ်လိုရှာမလဲ။
သူများခိုင်းတာလုပ်ရတဲ့ မျောက်တစ်ကောင်လို ဘဝကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် ဘယ်လို လမ်းကြောင်းမျိုးကို ငါရွေးချယ်သင့်လဲ။ သူများပေးတဲ့ နှစ်ပဲခြောက်ပြားလစာ ကို မျှော်လင့် စရာမလိုတဲ့ ဘဝတစ်ခုဆီ ငါဘယ်လို ရောက်အောင်သွားမလဲ။ အချုပ်ကျနေတဲ့ လူတစ်ယောက်လို ကိုယ့်ရဲ့ အလုပ်ရှိတဲ့ ပတ်ဝန်းကျင်ကနေ ဘယ်မှသွားလို့မရတဲ့ ဘဝကနေ ငါဘယ်လိုရုန်းထွက်မလဲ။
ကမ္ဘာကြီးရဲ့ ဘယ်နေရာ ကနေ မဆို လုပ်ကိုင်နိုင်ပြီး ငွေကောင်းကောင်းရှာနိုင်တဲ့ အလုပ်တစ်ခုကို ငါဘယ်လိုဖန်တီးတည်ဆောက်မလဲ။ ငါအိပ်နေတဲ့ အချိန်မှာ တောင် ငွေတွေ ဝင်နေမယ့် အလုပ်တွေက ဘာတွေဖြစ်မလဲ။
အဲ့ဒီလို မေးခွန်းတွေ ကျွန်တော်တို့ ကိုယ့်ကိုကို ပြန်မေးဖို့လိုတယ်။ ကျွန်တော် အရှေ့မှာ ဖော်ပြခဲ့လို မေးခွန်းတိုလိုလို ပြဿနာတိုင်းလိုလိုမှာ အဖြေတွေရှိတယ်။ အဖြေကို စိတ်ရှည်ရှည် လိုက်ရှာနိုင်ဖို့ပဲ လိုအပ်တယ်။
Aung Paing Phyo
Keep Reading