Author's Profile Photo

တင်ညွန့်

18/11/2024

ပေါင်းသင်းဆက်ဆံရေး ---------------------

1 min read
Entrepreneurship
ပေါင်းသင်းဆက်ဆံရေး
---------------------'s photo


၁။ ပေါင်းသင်းဆက်ဆံရေးဆိုသည်မှာ လူတစ်ဦးနှင့် အခြားတစ်ဦး ဆက်ဆံပေါင်းသင်းရသည်ဆိုသော်လည်း နောက်ဆုံးတွင် ကိုယ့်အတွက် ကိုယ်သာရှိသည်ဆိုသော သဘောကို သတိပြုရန်လိုသည်။

၂။ ယုံကြည်မှုဆိုသည်မှာ အပြုအမူနှင့် ဆုံးဖြတ်ရခြင်းဖြစ်သည်၊ စကားနှင့် ဆုံးဖြတ်ရခြင်းမဟုတ်။

၃။ ပေါင်းသင်းဆက်ဆံမှုတိုင်းတွင် အတက်နှင့်အကျဟူ၍ရှိသည်။ ကိုယ့်အတွက်ချည်းမကြည့်နှင့် သူ့အတွက် လည်းကြည့်ပါ။ ကိုယ့်မှ အနိမ့်အမြင့် ကာလတစ်ခုခုရှိနေနိုင်သလို သူ့ထံတွင်လည်း အခြေအနေက တစ်ခုခု ဖြစ်နေနိုင်သည်။

၄။ အချစ်စစ်ဆိုသည်မှာ ဘာဖြစ်ဖြစ် လက်ခံနိုင်မှဖြစ်သည်။ လူတိုင်း အပြစ်ကင်းစင်နိုင်ခြင်းမရှိ။ အပြစ်ကို အချစ်ဟု မြင်နိုင်လျှင် အဆင်ပြေသည်။

၅။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် လူကောင်းတွေက သင့်ကို ကောင်းကင်ဘုံအထိ ပို့ပေးနိုင် သော်လည်း လူယုတ်လူညံ့တွေက ငရဲအထိ ဆွဲခေါ်သွားနိုင်သည်ကို သတိပြုပါ။

၆။ လူတိုင်းကို ရမ်းသမ်းပြီး မယုံကြည်လိုက်ပါနှင့်။

၇။ ကိုယ့်ကို မလေးမစားလုပ်ခြင်းအားလက်မခံပါနှင့်။ လေးစားမှုဆိုသည်မှာ ချစ်ခြင်း၊ မိတ်ဆွေဖြစ်ခြင်း တို့ထက် ပိုပြီး အရေးကြီးကြောင်း သိထားပါ။

(Relationship)

တင်ညွန့်

၂၂.၁၀.၂၀၂၄

Keep Reading

UC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါအိမ်ခြံမြေ ဝယ်ချင်လို့ပါ ဘာတွေလုပ်ရမလဲ?မမှားစေနဲ့ ဒါမျိုးက —ပေါင်းသင်းဆက်ဆံရေး ---------------------စီးပွားရေးစလုပ်သူတိုင်း သတိထားရမည့်အချက်များS&P 500 မှာ Startup Founder အမျိုးသမီးဦးရေက ဘာကြောင့် (၈) % ပဲရှိနေသလဲ။‘ထိရောက်တဲ့ VisionBoard တစ်ခု တည်ဆောက်နည်း’