Author's Profile Photo

Anna_Nyein

16/11/2024

❝လမ်းပျောက်နေတဲ့အခါ❞

3 mins read
Personal Development
❝လမ်းပျောက်နေတဲ့အခါ❞'s photo

စိတ်ဓာတ်ကျတယ်၊ လမ်းပျောက်တယ်ဆိုတာ လူငယ်တိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် အချိန်ကြာတဲ့အထိ လမ်း‌ပဲဆက်ပျောက်နေမယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့အချိန်တွေလေကုန်မှာမို့ ချက်ချင်းလမ်းပြန်ရှာဖို့လိုပါတယ်။ အန်နာကိုယ်တိုင်လည်း လမ်းပျောက်တဲ့ထဲခဏခဏပါခဲ့ဖူးပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အန်နာ့အနေနဲ့လမ်းပျောက်နေတဲ့အခါမျိုးတွေမှာ ဘယ်လိုအရာတွေလုပ်လေ့ရှိလဲဆိုတာလေးတွေကို စာဖတ်သူလေးတွေသိအောင် မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
ဒါကြောင့် စာဖတ်သူလေးက လမ်းပျောက်နေလို့ အမှန်တကယ်လမ်းပြန်ရှာချင်တယ်ဆိုရင် ဒီစာလေးကိုအဆုံးထိဖတ်ပေးဖို့ တောင်းဆိုပါရစေရှင်။

--------------------------------------

အစခင် မေးချင်တာလေးက စာဖတ်သူလေးတွေအနေနဲ့ဘယ်လိုအခြေ‌အနေမျိုးကို လမ်းပျောက်နေတယ်လို့သတ်မှတ်ပါသလဲရှင်?
ခဏလောက်အချိန်ပေးပြီးစဉ်းစားကြည့်ပါဦး။

ဟုတ်ပါပြီ။ ဆိုတော့ အန်နာလမ်းပျောက်တဲ့ပုံစံလေးကို ပထမဆုံးပြောပြချင်ပါတယ်။ အန်နာကိုယ့်ကိုယ်ကိုယ်လမ်းပျောက်နေပြီလို့ ခံစားရတဲ့အချိန်တွေကတော့

  • ကိုယ့်ကိုယ်ကိုယ် ဘာတွေလုပ်လို့လုပ်နေမှန်းမသိတော့တဲ့အချိန်၊
  • စိတ်တွေတအားရှုပ်ထွေးပြီး ဘာမှမစဉ်းစားနိုင်တော့တဲ့အချိန်၊
  • ဘာလုပ်လုပ်တမှိုင်မှိုင်တတွေတွေနဲ့ စိတ်နဲ့လူနဲ့မကပ်‌တော့ပဲ မွန်းကျပ်သလိုခံစားရတဲ့အချိန်

စတဲ့အချိန်တွေမှာပဲဖြစ်ပါတယ်။

တစ်ခါတလေမှာ Social Media ပေါ်က လူတွေနဲ့ကိုယ့်ကိုနှိုင်းယှဉ်ပြီး Depression လည်းဝင်တတ်ပါတယ်။ အဲ့နောက်မှာတော့ ကိုယ်ဘာလုပ်လုပ် အားမလိုအားမရတာတွေဖြစ်ပြီး လမ်းစပျောက်ပါတော့တယ်။

---------------------------------------

? ဒီလိုလမ်းပျောက်နေပြီဆို ပထမဆုံးလုပ်ရမယ့်အချက်က ကိုယ်လမ်းပျောက်နေတာကို ကိုယ်သတိထားမိဖို့၊ ရိပ်မိဖို့လိုပါတယ်။

? အဲ့ဒီ့နောက်မှာတော့ လမ်းပြန်ရှာဖို့အတွက် ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ reflection ကိုလုပ်ကြည့်ရပါမယ်။
လမ်း‌ပျောက်တတ်တဲ့အချက်တွေထဲမှာဆို
ကိုယ်ဘာဖြစ်ချင်လဲ?
ကိုယ့်အိပ်မက်တွေကဘာလဲ? စတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ခေတ္တခဏမေ့လျော့သွားတာကြောင့်လည်းပါပါတယ်။
ဒါကြောင့်စာဖတ်သူလေးတွေလည်း လမ်းပျောက်ပြီးဆိုကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေ ပြန်မှတ်မိအောင်လို့ memory ပြန်ခေါ်ပေးရပါမယ်။ ပြန်မှတ်မိပြီဆို စာရွက်ပေါ်ချရေးပြီးကိုယ်မြင်သာလောက်မယ့်နေရာမှာ ရေးပြီးတော့သာကပ်ထားလိုက်ပါ။ လမ်းပျောက်တိုင်းပြန်ကြည့်ပါ။ ကိုယ်ကြိုးစားနေတာဟာ ကိုယ့်အိပ်မက်ဖြစ်မြောက်ဖို့အတွက်ပဲဆိုတာ အမှတ်ရပါ‌။

? နောက်တစ်ချက်က ရေရှည်ကိုကြည့်တတ်ရပါမယ်။
အန်နာတို့လမ်းပျောက်တယ်ဆိုတာ ရေတိုဆိုတဲ့ နီးနီးလေးကိုပဲကြည့်ပြီး သွားနေကြလို့ပါ။ လမ်းမပျောက်ချင်ဘူးဆိုရင် ရေရှည်အတွက်ကြည့်ပြီး ကိုယ့်ရဲ့လမ်းကြောင်းကိုဖောက်ထားသင့်ပါတယ်။

ရှင်းသွားအောင်ပြောပြရရင် စာဖတ်သူလေးစဉ်းစားကြည့်ပါ။ လူသားတွေဟာ အမြဲတမ်းတိုးတက်အောင်ကြိုးစားနေကြတာမို့ နှစ်တစ်နှစ်နဲ့တစ်နှစ်တိုးတက်ပုံ, နေထိုင်မှုပုံစံအနေအထားတွေမတူညီပဲ ကွာခြားသွားကြပါတယ်။ ၂၀၁၄နဲ့ အခု၂၀၂၄ကိုနှိုင်းယှဉ်ကြည့်ရင်တောင် ၁၀နှစ်အတွင်းအများကြီးကွာခြားသွားတာပဲမဟုတ်လားရှင်? အရင်တုန်းကနည်းပညာနဲ့ အခုနည်းပညာတွေတိုးတက်လာပုံက အတော်လေးကွာခြားသွားပါတယ်။ ဒါကြောင့်ခေတ်နဲ့အညီစီးဆင်းနိုင်အောင် ကိုယ့်ဘက်က ရေရှည်ကိုကြည့်ပြီး သင်ယူသင့်တာတွေသင်ယူ၊ ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ရပါတယ်။ မဟုတ်ရင်နောက်ကျကျန်ခဲ့မှာဖြစ်ပြီး လမ်းပျောက်တယ်ဆိုတာတွေဖြစ်လာမှာပါ။

ရေရှည်အတွက်စဉ်းစားရတယ်ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးစာဖတ်သူလေးတို့ရေ။ သူများနီးနီးမြင်နေတဲ့အချိန် ကိုယ်ကဝေးဝေးကိုကြိုတင်မြင်နိုင်အောင် ဗဟုသုတတွေများစွာရှိဖို့လိုပါတယ်။
ဒီလိုဗဟုသုတရှိဖို့ဆို စာများများဖတ်ရပါမယ်ရှင်။

? ဟုတ်ပါတယ် နောက်ထပ်အန်နာလုပ်လေ့လုပ်ထရှိတဲ့အရာက စာဖတ်တာပါ။
လမ်းပျောက်နေတဲ့အချိန် တွေဝေငေးငိုင်နေမယ့်အစား စာအုပ်တစ်အုပ်ကိုယူဖတ်လိုက်ပါတယ်။ စာအုပ်တွေအပြင် စာပေဟောပြောပွဲတွေနဲ့ podcast တွေလည်းနားထောင်လိုက်ပါတယ်။ အန်နာ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတော့ သူတို့ပေးတဲ့အကြံဉာဏ်တွေကနေ လမ်းစပြန်ရှာလို့ရတာကြောင့်ပါ။ အန်နာကတော့ လမ်းပျောက်တိုင်း Dr. Phyo Paing နဲ့ Ko Pika တို့ရဲ့ video တွေကြည့်ပြီး advice ယူလေ့ရှိပါတယ်။

? နောက်တချက်ကတော့ meditation တရားထိုင်ကြည့်တာပါ။
လမ်းပျောက်ရခြင်းအကြောင်းမှာ တစ်ထောင့်တစ်နေရာကနေပါဝင်နေတာကတော့ အာရုံပြန့်လွင့်နေတဲ့အချက်ပါပဲ။ ဒီလိုအချိန်မှာ အာရုံစူးစိုက်မှုကောင်းအောင် ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် တရားထိုင်ပြီးစိတ်ငြိမ်အောင် လုပ်ပေးပါ။ စိတ်ငြိမ်သွားတဲ့အချိန်ကျရင် ခေါင်းအေးအေးလေးထားပြီး ကိုယ်ဘာလုပ်ရမယ်၊ ဘယ်လိုမျိုးရှေ့ဆက်မယ်ဆိုတာကိုစဉ်းစားပြီး လမ်းပြန်ရှာပါ။

? နောက်ဆုံးတစ်ချက်ကတော့ Social Media သုံးတာကို လျှော့ပေးပါ။
"Social Media သုံးတာဘာလို့လျှော့ရမှာလဲ"ဆိုရင် အပေါ်မှာအန်နာပြောခဲ့သလိုပဲ social media သုံးရင်းကနေ ကိုယ့်ကိုယ်ကိုယ်နဲ့ သူများကိုနှိုင်းယှဉ်မိလာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လျှော့သုံးပေးပါ။

Social Media သုံးတာလျော့နည်းလေလေ >> သူများနဲ့နှိုင်းယှဉ်တာနည်းသွားလေလေ >>
သူများကိုသိပ်ပြီးဂရုမစိုက်တော့ဘူးဆိုရင် >> ကိုယ့်ကိုယ်ကိုယ်ပိုပြီးအချိန်ပေးလာနိုင်မယ်၊ အာရုံစိုက်လာနိုင်မယ် >> ကိုယ့်ဘဝတိုးတက်မယ့်အလုပ်တွေကိုပဲ လုပ်ကိုင်နေတော့မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာပြီး ပျော်ရွှင်လာပါလိမ့်မယ်။ အဲ့ဒီ့နောက်မှာတော့ ကိုယ့်လုပ်ရပ်တွေကို ကိုယ်ကျေနပ်လာပြီး အိပ်မက်တွေကိုအကောင်အထည်ဖော်လာနိုင်မှာပဲဖြစ်ပါတယ်ရှင်✨


ကဲ စာဖတ်သူလေးတို့ရေ အန်နာ မျှဝေပေးခဲ့တဲ့နည်းလမ်းလေးတွေက စာဖတ်သူလေးတွေပျောက်နေတဲ့လမ်းကိုပြန်ရှာတွေ့ဖို့ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ် ?
ဆောင်းပါးလေးနဲ့ ပတ်သက်ပြီးဖတ်လို့အဆင်မပြေတာ/ အကြံပြုချင်တာရှိရင် အန်နာ့ရဲ့ချန်နယ်လေးမှာ ဝေဖန်အကြံပြုပေးနိုင်ပါတယ်ရှင် ?

စာဖတ်သူလေးတို့ သာယာသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ?

Join my Tg Channel >> https://t.me/Sharing_Journey_by_Anna


- Anna_Nyein ?
241116 (7:14 PM)


Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုး