ယဥ်သီရိလှိုင်(ဆောင်း)
အပိုင်း ၆ပါရှင့်
သမီး သမီးထတော့လေ မေမေနဲ့စျေးလိုက်ခဲ့ထထ"
"မေမေ အိပ်ချင်သေးတယ်အစောကြီးရှိသေးတာ ဆိုင်ကဝယ်ကျွေးလိုက်မေမေရာ"
"ထပါသမီးရယ် လိမ်မာရဲ့သားနဲ့"
ကျွန်မအိပ်ချင်မူးတူးနဲ့အမေနဲ့စျေးလိုက်ခဲ့ရတယ် စျေးမှာမေမေပြောလိုက်တဲ့စကားကြောင့်ကျွန်မအိပ်ချင်တာတောင်ပျောက်သွားတယ်
"ဘယ်လို မေမေ မချက်ဘူးနော် မေမေ့ဘာသာချက် အန်တီသင်းကဘာလို့ကိုယ့်အိမ်မှာကိုမစားဘဲသူများအိမ်လာစားတာလဲမသိဘူး"
"ဟဲ့သမီး မပြောရဘူးလေအဲ့လို မေမေသိပ်နေမကောင်းလို့ပါ ဒီတခါပါဘဲသမီးရယ် ငါ့သမီးဟင်းချက်တော်တာမေမေသိပါတယ်"
........
"မေမေအဲ့ဆိုသမီးဒီနေ့ရတီနဲ့ချိန်းထားတာရှိလို့ရေသွားချိုးတော့မယ် ဟင်းတွေမြည်းကြည့်လိုက်ဦး"
"ဟဲ့အော်နေဦးလေ သမီးဖျက်လိုက်နော်ကြားလား"
မေမေကအဲ့လိုဘဲ သူဖြစ်ချင်ရင်အတင်းလုပ်တာ ဒီနေ့တော့ရုပ်ရှင်ရုံမသွားရတော့ဘူးထင်ပါတယ် ကျွန်မလုပ်စရာအလုပ်မရှိလို့တရေးထပ်အိပ်လိုက်တယ်
....
??
"ဟယ်လို ညီမ မနိုးသေးဘူးလား ထတော့လေ"
"အင်း"
"ဘာအင်းလဲ"
"အင်း"
"ဟာ အိပ်ပုတ်နော် ကိုလာဖက်နမ်းရမလားထတော့"
အိပ်ချင်တာတောင်ဘယ်နားရောက်သွားလဲမသိဘူး လူဆိုးဘဲ
"အကိုကလည်း လန့်လိုက်တာအဲ့လိုတွေမပြောပါနဲ့ထပါပြီ ညီမအစောကြီးထ ထားရလို့ပြန်အိပ်တာကိုသိလဲမသိဘဲနဲ့"
"အစောကြီးဘာထလုပ်တာလဲ ပြော"
"အန်တီသင်းပေါ့ အိမ်လာလည်းမလို့တဲ့သူသားဟိုကျက်သတုံးနဲ့ ညီမမှာမနက်တည်းကဟင်းတွေထချက်နေရတာ"
"ကိုဇွဲရောပါတာပေါ့ စိတ်ပူတယ်ကွာ ဖြစ်နိုင်ရင်ညီမနဲ့သူ့ကိုမတွေ့စေချင်ဘူး"
"ညီမလဲမတွေ့ချင်ပါဘူး သူ့လောက်အပေါက်ဆိုးလက်ပေါက်ကတ်တဲ့ယောကျ်ားမတွေ့ဘူးသေးဘူး"
...
"သမီးရေ ရေချိုးတော့လေ သင်းတို့တောင်ရောက်နေပြီ ကြားလား"
"ဟုတ်"
"အကိုဒါဘဲနော် "
"နေဦး ချစ်လားပြောခဲ့ဦး "
"ဟာအကိုကလည်းသိနေတာကို ချစ်တယ်ချစ်တယ်ဒါဘဲ"
"ဟုတ်ပါပြီဗျာ အဲ့တာကြောင့်ချစ်တာ"
ကျွန်မရေချိုးအဝတ်စားလဲပြီးအောက်ဆင်းလာခဲ့တယ် တွေ့ပါပြီ ကြည့်လို့ကိုမရတာဘယ်ဘဝကရန်ဘက်လဲမသိဘူး
"ဟောသမီး လာ သမီးချက်ထားတာဆို"
"ဟုတ်အန်တီထည့်စားနော် ဒီငါးဟင်းအန်တီကြိုက်တယ်မလား သိပ်အချဥ်မထည့်ထားဘူး"
"မေမေ ကြီးပုံ့ရော"
"ဟိုမှာခြံထဲမှာ ဘာလုပ်မလို့လဲတခါတည်းဝင်စားလေ"
"အတော်ဘဲဟိုပန်းအိုးလေးမြေပြန်ဆွခိုင်းမလို့"
"မျိုးရေ သမီးကသားကိုရှက်လို့ထင်တယ် ကလေးတွေလဲနော်"
"အေးဟယ်ဟုတ်ပ အော်သားဇွဲ ထည့်စားလေသား"
"ချက်ပေးတဲ့သူကအမေ့ဘဲထည့်ပေးသွားတယ်ကျွန်တော့ကိုမကျွေးချင်ဘူးထင်တယ်"
"......"
"ကြည့်လို့ကိုမရဘူး တကယ်မျက်နှာကိုက"
"ဘာလဲသမီး ကြီးပုံ့ဘာလုပ်ပေးရမလဲ"
"အော် မဟုတ်ဘူးကြီးပုံ့ သမီးဘာသာပြောတာပါ ဟိုဒါလေးကိုင်ထားပေးပါလား"
ကျွန်မကအပင်လေးတွေစိုက်ရတာဝါသနာပါတယ် တခါတလေအန်တီသင်းနဲ့မေမေ့သူငယ်ချင်းတွေက ပန်းအိုးသေးသေးလေးတွေလက်ဆောင်ပေးကြတယ်
"အကိုဘာဝိုင်းလုပ်ပေးရမလဲ"
"ဘုရား"
လန့်လိုက်တာကို့အတွေးနဲ့ကို အပင်ပုပ်လေးတွေဖယ်နေတာ အသံကိုက
"လန့်သွားတာလား ကိုမရည်ရွယ်ပါဘူး နောက်ပြီးဟိုနေ့က"
"ကျွန်မလဲခေါင်းထဲမထည့်ပါဘူး အခုရောဟိုနေ့ကရောမရှိခဲ့သလိုပါဘဲ အရေးမှမကြီးတာလေ"
"ညီမကအရင်နဲ့မတူတော့ဘူးနော် ပြောင်းသွားတာတခြားတယောက်လိုဘဲ ကို့ကိုတကယ်မမှတ်မိဘူးလား ငယ်ငယ်က ညီမဘဲကြီးလာရင်လက်ထပ်မယ်ဆို"
ဘုရားရေ ဖြစ်ရလေ ရူးများနေသလား ဦးနှောက်လည်းမကောင်းဘူးထင်ပါတယ်
"ဒီမှာ အဲ့တာငယ်ငယ်က လျောက်ပြောခဲ့တာတွေပါ ရှငထမစဥ်းစားတတ်တာလား ဒါမှမဟုတ်တကယ်ဘဲဦးနှောက်မရှိဘူးလား"
"ဟားဟား ညီမရယ်ကိုကအဲ့လိုတွေပြောမှာကြိုသိပါတယ် ငါ့ညီမက စွာလန်ကြဲဘဲ ဒီမှာကြည့်ဘာရေးထားလဲ"
...စာတစ်စောင်လက်ရေးက ပဲပင်ပေါက်လိုဘဲ
..ကိုကို ညီမလေးကိုပြန်ချစ်ပါနော် ကြီးလာရင်မေမေတို့ကိုပြောပြီး ကိုကိုနဲ့ညီမလေးနဲ့လက်ထပ်ကြမယ် ချစ်တယ်အများကြီးကိုကို့ကို
...ဘာရယ်ဒါကငါရေးထားတာလား
"ညီမလက်ရေးလေ ချစ်စရာလေးနော် လူရောဘဲ"
"အို အရင်ကဟာတွေပြန်ပြောမနေနဲ့ ဖယ်ဖယ်ကျွန်မကိုင်ထားရတာလေးတယ်"
"ပေးကို့ကို "
"ရတယ်ဖယ်"
"ပေးပါ"
ခလွမ်....
ဟင်ငါ့ပန်းအိုးလေး....
"ရှင်ဘယ်လိုလုပ်လိုက်တာလဲ ဒါကျွန်မအကြိုက်ဆုံးပန်းအိုးရှင့် "
"ကိုတောင်းပန်ပါတယ် ကိုပြန်ဝယ်ပေး"
"ပြန်ပါတော့ရှင့်မျက်နှာကျွန်မ မကြည့်ချင်ဘူး သွားပြန်တော့"
ကျွန်မပြောလိုက်တော့သူအိမ်ပေါ်ကိုပြန်တက်သွားတယ် ဒီပန်းအိုးလေးက ရတီနဲ့အတူလေလံပွဲမှာလုခဲ့တာ နှမြောလိုက်တာ တွေးရင်းနဲ့ဒေါသထွက်တယ်
ခနနေတော့အိတ်လွယ်ပြီးပြန်ထွက်လာတယ် ကျွန်မကိုမျက်နှာငယ်နဲ့ကြည့်ပြီးခြံထဲကထွက်သွားတယ် ကောင်းတယ်နည်းတောင်နည်းသေးတယ်ဒီထက်ပိုပြောလိုက်ရမှာ
"သမီး သမီးအမေခေါ်နေတယ် "
"ဟုတ်"
....
"မေမေခေါ်တယ်ဆို "
"လာထိုင်သမီး သမီးကိုကိုကပြန်သွားပြီအလုပ်ရှိလို့တဲ့"
ဟမ့် သူ့မှားတာသူသိလို့
"ဟုတ် ဘာဖြစ်လို့လဲအဲ့တာ"
"အော်မေမေတို့ပြောနေတာလေ"
"မျိုး နောင်တခေါက်မှ"
"အော်အေးအေး"
"မေမေ သမီးလုပ်စရာရှိလို့"
"အော်အေးအေး နားလေတက်နားတော့ရပြီ"
မေမေတို့ဘာကိုပြောချင်နေလဲဆိုတာကျွန်မသိလိုက်ပါပြီ သူတို့ကြိုက်သလိုပြောကြိုက်သလိုလုက်ကြပါစေကျွန်မရဲ့သဘောကိုတော့လွန်ဆန်ခွင့်မရှိဘူး မေမေ့ကိုကြိုပြီးတောင်းပန်ချင်တယ်
?
"ဟယ်လို အကိုအလုပ်မှာလား"
"ဟုတ်တယ်ညီမ ဘာပြောမလို့လဲ ဖုန်းတွေဘာတွေဆက်လို့"
"မပြောပါဘူးအရေးမကြီးဘူးသတိရလို့ ညမှပြောတော့မယ်အလုပ်ဆက်လုပ်နော်"
"ဟုတ်ပြီနော် ချစ်"
ကြည့်စမ်းဘာနာမည်ကြီးတုန်း အူယားစရာ
"အကို ဘာတွေခေါ်နေတာလဲ ရှက်စရာကြီး လူတွေရှိတာမလား"
"ရှိတယ်အများကြီးဘဲ "
"တွေ့လား အရှက်ကိုမရှိဘူး ဒါဘဲ"
"ဟုတ်ပြီဗျာ ချစ်တယ်နော်"
တကယ့်အရူးကြီးပါ လူကိုပြုစားလွန်းတယ်
.........အကိုနဲ့တွဲတာဘာလိုလိုနဲ့၅လတောင်ရှိပြီ ဒီနေ့ကanniနေ့လေ အကိုနဲ့ချိန်းထားတယ်ကျွန်မကိုရုပ်ရှင်လိုက်ပြဖို့အလုပ်တောင်ဖျက်ထားတယ်တဲ့
"မေမေ သမီးအပြင်သွားမလို့ ဘာမှာဦးမလဲ"
"မမှာတော့ဘူးလေ ဘယ်လဲရတီနဲ့လား "
"မဟုတ်ဘူးမေမေ အသိတယောက်နဲ့"
မေမေကကျွန်မကိုအကဲခတ်သလိုကြည့်တယ် ကျွန်မမျက်နှာကချစ်သူနဲ့သွားတွေ့မယ်ဆိုတဲ့ပုံရိပ်တွေမေမေ့ကိုမြင်စေချင်တယ်
"အော်အေးသွားသွား မေမေလဲညနေသွားဇွဲနဲ့ဘုရားသွားမလို့"
အော်သူနဲ့ဟိုတခါပြသနာပြီးထဲကမတွေ့တော့တာဘဲ မေမေ့ကို အကိုနဲ့မိတ်ဆက်ပေးချင်လိုက်တာဒါကျွန်မရဲ့သတို့သားလောင်းပါဆိုပြီး
..."အကို့"
"လန့်လိုက်တာချစ်ရယ် "
သူရဲ့ကျွန်မကိုခေါ်တဲ့နာမ်စားကအမျိုးမျိုးပါဘဲ လူတွေရှေ့ရောက်ရင်တမျိုး
"လန့်ရအောင်ဘာတွေမဟုတ်တာလုပ်ထားလို့လဲ ပြောခု"
"မလုပ်ပါဘူးကွာ ချစ်ကို ကိုကဘာလုပ်ရဲမှာလဲ"
ကျွန်မလက်ကိုဖြေးဖြေးချင်းကိုင်တယ် အဲ့လိုအနုအရွပါ
"ချစ် ကိုအမေ့ကိုချစ်နဲ့မိတ်ဆက်ပေးချင်လို့ ချစ်ဘယ်လိုသဘောရလဲဟင်"
"အခုလား"
"မဟုတ်ဘူးလေ ကို့ပိတ်ရက်မှ"
"အော် ရပါတယ်"
"ချစ်သဘောတူတယ်မလား ကိုအမေ့ကိုညကျရင်ပြောလိုက်မယ် လာချစ်ဟိုမှာဝင်လို့ရပြီ"
"လူများသားဘဲနော်"
"စိမ်း ဒီဘက်ကိုလာ"
တွေ့လား ခေါ်တဲ့နာမည်ကလူတွေရှေ့မို့ပြောင်းခေါ်တာတဲ့ ကျွန်မကိုဘသူမှအဲ့လိုမခေါ်ဘူးရနံ့လိုဘဲခေါ်ကြတာများတယ် ကောင်းပါတယ်ဒါလဲချစ်သူရဲ့နှုတ်ကခေါ်တာဘဲ သူများတွေနဲ့မတူချင်ဘူးတဲ့လေ
"အကိုညီမခုံကဒီဘက်လေ"
"ဟုတ်တယ်ဒီမှာဘဲထိုင် ယောကျားတွေများတယ်လေစိမ်းကလည်း ကို့ကိုသဝန်တိုစေချင်တာလား"
"အမလေး မပိုပါနဲ့ကိုမင်းဆက်ရယ် အရင်လဲဒီလိုဘဲထိုင်နေကျပါ"
"အရင်ကအရင်အခုကအခုဘဲ"
ပြောမရဆိုမရမို့ အချစ်ပိုရပါတယ်လေ သူကအမျိုးမျိုးနဲ့ကျွန်မဆီကအမှတ်တွေယူနေတာ
"စိမ်း ဘုရားသွားရအောင်အမေ့မတွက်လဲယတှာချေရမယ် သွားမယ်နော်"
မေမေလဲသွားမှာတဲ့ တွေ့လဲဘာမှမဖြစ်ပါဘူးမိတ်ဆက်လို့ရသွားတာပေါ့
"စိမ်းရောဒီပန်းကဘုရားအတွက်ဒါကစိမ်းအတွက် ကိုပန်ပေးမယ်"
"အကို ဘုရားပန်းကိုမပန်ပါဘူး ဖယ်ဖယ်"
"ဘုရားမှမကပ်ရသေးတာ ပေးဒီကို"
ကျွန်မကို ရွှေပန်းတပွင့်ပန်ပေးတယ်ပြီးတော့ ရှက်တယ်ဆိုတဲ့သူပန်းပန်ထားတယ့်နေရာကိုဖွဖွလေးနမ်းလေရဲ့
"ချစ်လိုက်တာ ကို့ကိုကြည့်စမ်း ဘုရားမှာဆုတောင်းနော် ကိုတို့အမြန်ဆုံးနီးဖို့"
"ဟင် အခုလဲနီးနေတာဘဲကို"
"မတူဘူးလေစိမ်းရဲ့ ကိုစောင့်နေမယ်သွား ပန်းသွားကပ်"
ကျွန်မပန်းကိုဘုရားမှာတင်ပြီးပြန်လာတော့ မေမေ ကြိုတွေးထားပေမယ့်ရုတ်တရက်ဆိုတော့နဲနဲတော့လန့်သွားတယ် ဒါကခိုးလုပ်တာရဲ့အကျိုးကျေးဇူးထင်တယ်
"အကို ညီမမိတ်ဆက်ပေးမယ်အရင်"
"ဘာကိုလဲစိမ်း"
"ဟိုမှာအဲ့တာညီမအမေ ဟိုတယောက်နဲ့အတူလာတာ"
"စိမ်းဘာလို့ကို့ကိုကြိုမပြောတာလဲအဲ့လိုမှန်းသိရင်မလာပါဘူးကွာ"
"ဘာဆိုင်လည်း ညီမကိုယ်တိုင်လည်းလာချင်လို့လာတာ"
"မေမေ.."
မေမေရောသူကပါလှည့်ကြည့်တယ် သူကအကိုကိုမြင်ပြီး
"မင်းဆက်ဘုရားလာတာလား အန်တီအတွက်ယတှာလာခြေတာထင်တယ် "
"ဟုတ်အကို "
"မေမေ မေမေ့ကိုသမီးမိတ်ဆက်ပေးမလို့ဒါက"
"အော်မင်းဆက် အကိုလဲမိတ်ဆက်ပေးမယ်ဒီညီမကအကိုပြောတယ့်မေမေ့သူငယ်ချင်းသမီးလေ စိမ်းရနံ့တဲ့မင်းသိတယ်မလား ကိုသတို့သမီးလောင်းလေးပေါ့"
သူ သူဘာပြောလိုက်တာလဲ အကိုရောအကိုဘာဖြစ်သွားမလဲအားနာလိုက်တာ
"သမီးမေမေ့ကိုမိတ်ဆက်ပေးမလို့ဆို ဘာလဲ"
အကို့ကိုကြည့်တော့မျက်နှာကိုအောက်ငုံ့ထားတယ် ပြီးတော့ခေါင်းခါပြတယ် ဟင့်အင်းကျွန်မမလုပ်နိုင်ဘူး
"မမေဒေါကသမီးရဲ့"
"အန်တီမဂ်လာပါ ကျွန်တော့နာမည်မင်းဆက်မောင်ပါခင်ဗျ စိမ်းနဲ့အသိတွေပါ"
"အော် အေးသား"
အကိုဘာလိုအဲ့လိုပြောတာလဲ မရဘူးအဖြစ်မခံနိုင်ဘူး
"မေမေ မဟုတ်ဘူးအကိုက"
"စိမ်းအကိုပြန်ပြီ ဂရုစိုက်ပြန်နော်လမ်းမှာ"
ဒါမတရားဘူး ကျွန်မကဘာလဲအကို့အတွက် မိတ်ဆက်ပေးချင်တာကို အကိုကရောအကိုကဘာလို့
"ညီမ ကိုတို့လဲပြန်တော့မှာ ပြန်လိုက်ခဲ့နော်"
ရူးနေလားဒီလူ သူသက်သက်ပြောတာသေချာတယ် သူ့ကိုဘယ်တုန်းကမှကျွန်မစိတ်ကအသိမှတ်မပြုခဲ့ဘူး အရေးကြီးတာအကိုကျွန်မကိုအထင်လွဲသွားပြီ အကို့ကိုရှင်းပြရမယ် ကျွန်မနောက်ကလိုက်မလို့လုပ်တုန်း သူကျွန်မလက်ကိုလာဆွဲတယ် အကြမ်းပတမ်းကိုင်တာကျွန်မမကြိုက်ဘူး အခုသူကျွန်မမကြိုက်တာတွေတခုပြီးတခုလုပ်နေတာ မုန်းလိုက်တာ
"ညီမဘယ်လဲ ပြန်လိုက်ခဲ့ပါ ကားပါတယ်အကို့မှာ တခါတည်းလိုက်ခဲ့နော် လိမ်မာပါတယ်"
"ရူးနေလားရှင် မေမေသမီးပြန်တော့မယ် တယောက်တည်းလဲဖြစ်တယ်"
သူလက်ကိုပုတ်ချပြီးအကို့နောက်ပြေးလိုက်ခဲ့တယ် ဒါမယ့်အကိုကမရှိတော့ဘူး ဖုန်းဆက်ရမယ်ဟုတ်သားဘဲ
ဟင်ဖုန်းဆက်တာမကိုင်ဘူး အကိုဘာလုပ်နေတာများလဲ ကျွန်မကိုစိတ်ပျက်သွားပြီလားစိတ်ကုန်သွားပြီလား ကျွန်မဝမ်းနည်းလွန်းလို့ငိုချလိုက်တယ် လူတွေကိုလဲမရှက်နိုင်တော့ဘူး
"စိမ်း "
"ဟင်အကို ဘယ်တွေသွားနေတာလဲ ဘာလို့ဖုန်းဆက်တာမကိုင်တာလဲ ..."
"ဘာလို့ငိုနေတာလဲစိမ်း တိတ်တိတ်လူတွေအများကြီးကို"
"အကိုညီမကိုကြည့်ပါ ညီမရှင်းပြတာနားထောင်နော် အကိုထင်သလိုမဟုတ်ဘူး"
"လာတနေရာသွားရအောင်"
"မဟုတ်ဘူး ဘုရားရှေ့မှာညီမကျိန်မှာ"
"ဘာကိုလည်း စိမ်းသူနဲ့ယူတော့မှာကိုလား "
"အကို"
"ကိုဘာပြောခဲ့လဲ ကိုစိတ်ပူနေတာ တကယ်ဖြစ်လာပြီလေ စိမ်းကွာ ကို့ကိုမရှင်းပြနဲ့ မင်းကိုသူနဲ့ဝေးဝေးမှာနေဖို့မပြောခဲ့ဘူးလား အခုကြည့်စမ်းမင်းအမေကိုတောင်သူကချုပ်ထားနိုင်ပြီလေ မင်းဘာလုပ်မလဲ ပြောလေပြောစမ်းပါ ငါ့ကိုဘယ်လိုကောင်ဖြစ်စေချင်တာလဲ"
အကို သူပြောတာတွေကကြောက်စရာကောင်းလိုက်တာ
ကျွန်မအကိုဒေါသထွက်တာမမြင်ဘူးဖူး ကျွန်မကိုမင်းတဲ့ရက်စက်လိုက်တာအကိုရယ်
"အကိုဘာလို့"
"မင်းရောမင်းလဲနောက်သူ့ဆီပါသွားမှာဘဲ ငါ့ကိုလာမရှင်းပြနဲ့"
အကိုမျက်ရည်တွေထွက်နေတာမျက်ရည်တွေထွက်ပြီးကျွန်မကိုပြောနေခဲ့တာ ကျွန်မဘယ်လိုလုပ်ရမလဲအကို့ကိုသနားလွန်းလို့ ကျွန်မအကို့ရဲ့အရပ်ကိုမမှီပေမယ့် လှမ်းပြီးဖက်ထားလိုက်တယ် သူဒီတခါမငြင်းခဲ့ဘူးလူအများကြီးရှိနေတယ်လို့လဲမပြေကဘူး ကျွန်မကိုပြန်ပြီးဖက်ထားတယ်ကျစ်နေအောင်ဖက်ပြီးငိုနေခဲ့တယ် သူကလေယောကျားကြီးတန်မဲ့အဲ့လိုအသဲငယ်သေးတာ
........
"အကို ဒီနေ့နားလိုက်တော့နော် မနက်မှညီမဖုန်းဆက်လိုက်မယ်"
ခေါင်းငြိမ့်ပြတယ် တခြားတော့ဘာမှမပြောဘူး ဒီ၅လ၆လအတွင်းအကို့အကြောင်းကျွန်မအနဲငယ်တော့သိခဲ့တယ်ထင်ပါတယ်သူကသိပ်အားငယ်တတ်တဲ့သူ ကျွန်မကြောင့်သူစိတ်ကိုပိုပြီးချိုးနှိမ်သွားမှာမလိုလားဘူး မဟုတ်ဘူးအဖြစ်မခံနိုင်ဘူး...
အပိုင်း ၇ နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သောreadersလေးတွေ?
Keep Reading