Author's Profile Photo

Nway Oo Maung

16/11/2024

ဘုရားပေးသော ဘဝနေနည်း

1 min read
Life Style

တခါတလေ ဘဝနေနည်းတွေလိုက်ရှာနေမိတယ်၊အမှန်ဆို ကလေးကတည်းက မြတ်စွာဘုရားပေးတဲ့ ဘဝနေနည်းက နှုတ်ထဲမှာစွဲနေတာ အသုံးမချတတ်လို့သာ "ကုသိုလ်ပညာ ဥစ္စာရဘို့၊သင့်ရာဒေသအမြဲနေ၊ ရှေးကတင်ကြိုပြုခဲ့ဘူးတဲ့ ကောင်းမှုအထူးရှိပါစေ၊မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ဆောက်တ ည်လေ၊ဥစ္စာကိုပေး နေထိုင်ရေး မြော်တွေးသုံးချက်ပေ၊"အဒီသုံးချက်လောက် လိုက်နာရင်ကိုအဆင်ပြေပီ။

ကုသိုလ်,ပညာ,ဥစ္စာ ဒီသုံးခုရဖို့ သင့်ရာဒေသ(ပဋိရူပဒေသ)ရှာပြီးနေရမည်တဲ့၊ မြန်မာစကားပုံမှာလည်း "တစ်ရွာမပြောင်း သူကောင်းမဖြစ်"လို့ဆိုထား​၏။လူတစ်ယောက် လောကမှာလူဖြစ်လာရင် ဘဝတစ်ခုတည်ဆောက်ဖို့ရာ ကောင်းတာတွေအမြဲဖြစ်အောင် ကုသိုလ်ရဖို့ ပတ်ဝန်းကျင်ကောင်းလိုအပ်တယ်။ အကျိုးအကြောင်း အဆိုးအကောင်း စဉ်းစားဆင်ခြင်တတ်အောင် ပညာရှိဖို့ ပတ်ဝန်းကျင်လဲလိုအပ်​၏။ ထိုနောက် စီးပွါးရေးအဆင်ပြေဖို့ အလုပ်အကိုင် အခွင့်လမ်းများသောဒေသမှာ နေရမည်မလွဲပေါ့။ထိုမှတစ်ဖန်ရှေးက ကြိုတင်ပြုခဲ့ဖူးသော ကောင်းမှု့(ပုဗ္ဗေစကတပုညတာ)ရှိရန်လိုအပ်​၏လို့ မိန့်တော်မူတယ်၊ အရင်ဘဝအဆက်ဆက်လုပ်ခဲ့သော ကုသိုလ်ကောင်းမှုရှိတော့ ဒီဘဝအတွက်တိုးတက်ကြီးပွါးဖို့အထောက်
အပံ့ဖြစ်​၏။နောက်ဆုံးတစ်ချက်က မိမိကိုယ်ကို တည်ငြိမ်အောင်နေတတ်ဖို့(အတ္တသမ္မာ ပဏဓိ) စိတ်ကိုတည်ငြိမ်အောင်ထားရန်လိုအပ်​၏မိန့်တော်မူတယ်။ မြတ်စွာဘုရားဟောသော ဒီအခြေခံသုံးခုကလည်း ကျွန်တော်တို့သတိမထားမသော ဘဝနေနည်းအနုပညာတွေပါပဲ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)