မဟာဟန်လင်း
ကျွန်တော့်ဘဝတွင် “ မင်း..... မရှက်ဘူးလား” ဟူသော စကားကို ကျောင်းသား ဘဝတစ်လျှောက် လုံး ကြားခဲ့ရသည်။ တခြားသူများ ထိုသို့မေးတိုင်း ခေါင်းမော့ရင်း “ မရှက်ပါဘူး.... ဘာလို့ရှက်ရမှာလဲ။ ဒါ... ရှက်စရာမှ မဟုတ်တာ။” ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလေ့ရှိသည်။
ကျွန်တော့်အဖေသည့် ရထားမောင်းသည့် စက်ဗိုလ်။ ခရီးတောက်လျှောက်ထွက်နေရသဖြင့် အိမ် တွင်မကပ်နိုင်။ ကျွန်တော်တို့အိမ်တွင် ဆန်ချောစက်ထောင်ထားသဖြင့် တစ်အိမ်လုံး အလုပ်များကြသည်။ ကျွန်တော့်တို့အိမ် အောက်ထပ်သည် ဆန်အိတ်များဖြင့် အမြဲပြည့်နှက်နေတတ်သည်။ ထိုကြောင့် အမေ သည် ကျွန်တော့်တွင် ကျောင်းစာအုပ်ကုန်နေသလား။ ဘောပင်ရှိသေးရဲ့လား။ စသဖြင့် ဂရုမစိုက်နိုင်။ ကျွန်တော်ပြောလျှင် ဝယ်ပေးမည်ဖြစ်သော်လည်း ဆန်စက်ဘေးတွင် အလုပ်ရှုပ်နေသောအမေ့ကို အပူမကပ်ချင်သဖြင့် မိမိဘာသာ ဖြေရှင်းလေ့ရှိသည်။ ဘာသာတူ မှတ်စုနှင့်လေ့ကျင့်ခန်းစာအုပ်ကို စာအုပ်တစ်အုပ် ထဲတွင်ရေးထား၍ ဆရာမဆူအပြီးတွင်လည်းကောင်း၊ ဘောပင်မှင်ကုန်၍ ဆရာမစားပွဲပေါ်ရှိ “လိုအပ်သူ များယူရေး၍ ပြန်ထားရန်” ဟူသော ခြင်းကလေးထဲမှာ ခဲတံနှင့်ဘောပင်များကို ယူရေးလျှင်လည်းကောင်း သူငယ်ချင်းများက “ မင်း... မရှက်ဘူးလား” ဟု ဝိုင်းမေးကြလေသည်။ “ ငါ့အမေမအားလို့ မဝယ်ပေးနိုင် သေးလို့ရေးတာကို ငါက ဘာလို့ရှက်ရမှာလဲ။”ဟု ပြန်တုံ့ပြန်မြဲဖြစ်သည်။
ဝန်ထမ်းများ ဆန်မပေးတော့သဖြင့် ကျွန်တော်တို့စက်ချောစက်ကလေးသည် တဖြည်းဖြည်း အလုပ်ပါးကာ နောက်ဆုံးတွင် ဖြုတ်ပစ်လိုက်ရသည့်အခြေအနေသို့ရောက်ခဲ့ပြီး အဖေပင်စင်ယူသည့် အချိန်တွင်တော့ အိမ်၏စားဝတ်နေရေး အနည်းငယ်ကြပ်တည်းသွားတော့သည်။ အိမ်တွင်အငယ်ဆုံးဖြစ်သည့် အလျောက် ပေါ့ပါးသွက်လက်သော ကျွန်တော်သည် ရှက်တတ်ကြသော မောင်နှမများကိုယ်စား အမေ လစာထုတ်ပေးဝယ်လေ့ရှိသော ကုန်စုံ ဆိုင်များတွင် အကြွေးသွားဝယ်ခြင်း၊ ဆန်တပြည်ချင်း အထုပ်ဆွဲဝယ်ခြင်း၊ အိမ်ချင်းကပ်လျက် ဆီးပြားလုပ်သည့် သူငယ်ချင်းအိမ်တွင် ဆီးပြားထုပ်ခြင်း၊ ယောက်ျားလေး မတန်ဘဲ အမေနှင့်အစ်မများလုပ်နေသည်ကို မြင်၍ ရင်းနှီးမှုဖြင့် တတ်မြောက်သွားသည့် တက်တင်းထိုးခြင်း၊ အင်္ကျီလက်ချုပ်ချုပ်ခြင်း၊ ကြက်သီးပေါက်ဖောက်ခြင်းများကို လုပ်ကူခြင်း၊ ဒူးရင်းသီးရာသီတွင် နှီးဖိုးရင်းရုံဖြင့် အမြတ်လေးပုံသုံးပုံကျန်သည့် ဒူးရင်းသီးခြင်းရက်ခြင်းကို သူငယ်ချင်းများ မြင်တွေ့တိုင်း “ သူငယ် ချင်း... မင်းမရှက်ဘူးလား” ဟုထုံးစံအတိုင်းမေးလျှင် ထုံးစံအတိုင်းပင် “ ငါက ဘာလို့ ရှက်ရမှာလဲ။ မရှက်ပါဘူး” ဟု ဖြေမြဲဖြစ်သည်။
ကျွန်တော်(၁၀)တန်းအောင်ပြီးချိန်တွင်တော့ (၁၀)တန်းကျောင်းသားများကို ဂိုက်လုပ်ဖြစ်ခဲ့သည်။ ဂိုက်လုပ်ခြင်းသည် ဝင်ငွေကောင်းသဖြင့် အိမ်၏စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ခဲ့သည့်အပြင် စက်မှုလက်မှုသိပ္ပံတက်သည့်အခါတွင်လည်း ကျောင်းစရိတ်အတွက် အထောက်အကူ ဖြစ်ခဲ့သဖြင့် နည်းပညာကျောင်းသားဘဝတစ်လျှောက် ဂိုက်လုပ်ကာ မိမိကျောင်းစရိတ်ကိုရှာရင်း အိမ်၏ စားဝတ်နေရေးကိုတစ်ဖက်တစ်လမ်းမှ ပံ့ပိုးရင်းကျောင်းတက်ခဲ့ရသည
Unlock to read this premium article with 10 points.