Author's Profile Photo

Lailar

14/11/2024

မော်တော်ပီကယ်

1 min read
18 Again
မော်တော်ပီကယ်'s photo

ဒီနေ့ အသွားကောင်းတုန်း ဆိုင်ကယ်ဖမ်းချိန်နဲ့တိုးပြီး ဆိုင်ကယ် အသိမ်းခံလိုက်ရတယ်။
ကိုယ်လဲ မြို့ထဲခဏသွားစရာရှိလို့ မြို့ခံပီပီ ဦးထုပ်မဆောင်း၊ဆိုင်ကယ်ကလိုင်စင်မပါ၊နောက်ကြည့်မှန်မပါ စတဲ့စတဲ့ မော်တော်ပီကယ်တို့ အပြစ်ရှာနေကျကိစ္စတွေ တစ်ခုမကျန် အကုန်လုပ်ထားတယ်။
အမှားလုပ်ပြီး ကြောက်တော့လဲထိပ်ဆုံးက။ကိုယ်ပိုင်ဆိုင်ကယ်လေးဖြစ်နေတဲ့အပေါ် သိမ်းသွားရင်များဆိုပြီး လန့်သွားပြီး အဖေ့ကိုအရင်ဆုံးဖုန်းခေါ်မိတယ်။
"အဖေရေ သမီးဆိုင်ကယ်အဖမ်းခံလိုက်ရလို့ လာပေးပါအုံး" ဆိုပြီး တည်နေရာ ဘာညာပြောပြီး ခေါ်လိုက်ရော။
ပြီးတော့မှ မေးကြည့်တော့ ဒဏ်ကြေးက ၁သောင်းပါတဲ့။
အကျေနပ်ကြီးကျေနပ်သွားတယ်။
အဟင်းဟင်း... ငါလဲ ထောင်နန်းမစံရတဲ့အပြင် ၁သိန်း ၂သိန်းတောင်းတာမျိုးမဟုတ်ဘူး။ အေးဆေးပေါ့။
အဖေ့ကိုမလာတော့ဖို့ဖုန်းပြန်ဆက်လိုက်ပြီး စတိုင်ကြီးနဲ့ ပိုက်ဆံအိတ်ထုတ်လိုက်တော့ တစ်ရွက်တော့တွေ့တယ်။ဖြစ်ချင်တော့ ၅ထောင်တဲ့။
အဲ့တာနဲ့ မော်တော်ပီကယ်အမတွေကို မေးတော့ အမတို့ kpay လက်မခံဘူးတဲ့။ဟော ...စိတ်ထဲကျိန်ဆဲမိသွားတယ်။အဲ့တာနဲ့နီးရာစပ်ရာ ကွမ်းယာဆိုင်ပြေးတော့ ပိုင်ရှင်က သူ kpay မထုတ်ပေးဘူးတဲ့။
အဲ့ဒါနဲ့ ကမ္ဘာပျက်နေတုန်း ‌ကွမ်းလာဝယ်တဲ့ ဦးလေးကြီးက ပိုက်ဆံလိုတာလား ဦးလေးထည့်ပေးရမလားတဲ့။အဲ့တာနဲ့ "ပိုက်ဆံကပါတယ် ဦးလေး ငွေသားလဲချင်လို့ပါ" ဆိုတော့ ဦးလေးက ၅ထောင်ဘဲရှိတယ် ကလေးတဲ့။

ကယ်တင်ရှင်!!!!(Blessed )

ကျေးဇူးအထပ်ထပ်တင်ခဲ့ပြီး ဒီဘက်ပြန်လာ။
ဒဏ်ကြေးဆောင်ပြီးတော့ ဟိုက လမ်းတောင်ကူးပေးလိုက်သေး။
"သမီးကဘယ်သွားမှာလဲတဲ့"

...‌ဪ သူကဘဲမေးရတယ်ရှိသေး။
ဒီကိုကွေ့မှာဆိုပြီး ကွေ့ချလာလိုက်တယ်။

ပထမဆုံးအကြိမ် ဆိုင်ကယ်အဖမ်းခံရတာကို ပျော်တဲ့သူရှိလားမေးရင် ရှိတယ်နော်။အိမ်ရောက်တဲ့အထိ ပါးစပ်မစေ့နိုင်ဘူး။အိမ်ရောက်တော့ အာပြဲကြီးနဲ့ပြန်လဲ ပြောပြကော ဝိုင်းဆူကြပါလေရော။

[4:53pm]
14.11.24
Lai?

Keep Reading

ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။