Author's Profile Photo

မိုးနှောင်းအလင်္ကာ

13/11/2024

"ပတ်ဝန်းကျင်မှာ ကိုယ်ကဘယ်လို လူလဲ?။

1 min read
Life Style
General Knowledge
18 Again
"ပတ်ဝန်းကျင်မှာ ကိုယ်ကဘယ်လို လူလဲ?။'s photo

ကိုယ့်ပတ်ဝန်းကျင်ကိုဘဲ ကြည့်နေလို့မရပါဘူး။ကိုယ်တိုင်ကရော ဘယ်လိုပတ်ဝန်းကျင်ဖြစ်နေသလဲဆိုတာပါ ဂရုစိုက်သင့်တာပါ။ ပတ်ဝန်းကျင်ဆိုးအကြောင်းကိုသိပေမဲ့ ကိုယ်က ပတ်ဝန်းကျင်ဆိုးဖြစ်နေမလားဆိုတာကို လေ့လာကြည့်ပါ။ ဒါဆို ဘယ်လိုလုပ်ဆောင်ချက်တွေက ပတ်ဝန်းကျင်ဆိုးဖြစ်စေတာလဲ?။

(1)ကိုယ့်စကားတစ်ခွန်းကြောင့် တစ်ခြားသူဒုက္ခ ရောက်စေတာမျိုး။

ကိုယ်သတိမမူမိလို့ ပြောလိုက်တဲ့စကား တစ်ခွန်းက ဘယ်အတိုင်းအတာထိ ရောက်သွားနိုင်လည်းဆိုတာကို မပြောခင်ကတည်းက သုံးသတ်ထားပါ။ အဲ့ဒီလိုမှ မဟုတ်ဘဲ စကားကို စည်းလွတ်ဝါးလွတ်ပြောမယ်ဆို ကိုယ်က ပတ်ဝန်းကျင်ဆိုးဘဲဖြစ်ပါတယ်။

(2)ကိုယ်ပြောလိုက်တဲ့ သတင်းစကားတစ်ခွန်းကြောင့် တစ်ခြားသူဘဝနဲ့ ရင်းခဲ့ရတာမျိုး။

သတင်းစကားဆိုတာ အချိန်နဲ့နေရာတွေကို ကြည့်ပြီးပြောတတ်ပါစေ။ အဲ့ဒီလိုမဟုတ်ရင်တော့ တခြားသူရဲ့ နေ့ရက်ကောင်းအချိန်ကောင်းတွေကို ဖြုန်းတီးရာကျပြီး အခြားသူဘဝနဲ့ပါရင်းလိုက်ရတာမျိုးပါ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သတင်းစကားတွေကို ဂရုစိုက်ပါ။

(3)စကားကို ချဲ့ကားပြောပြီး တစ်ခြားသူကို သိက္ခာ ကျစေတာမျိုး။

စကားကို ချဲ့ကားပြောဆိုတာက လိုတာထက်ပိုပြီး တစ်ခြားသူတွေကို ထိခိုက်စေတယ်။ စကားဆိုတာ တန်ဆေးလွန်ဘေးဆိုသလို အများကြီးပြောလို့လည်းမကောင်းသလို နည်းနည်းလေးပြောလို့လည်း အကျိုးမဖြစ်ထွန်းပါဘူး။ ကိုယ်က စကားကို ချဲ့ကားပြောတတ်သူဆိုရင်တော့ အတတ်နိုင်ဆုံးထိန်းပါ။ ကိုယ့်ကြောင့် သူတပါး သိက္ခာကျ စေတာမျိုးဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ကပတ်ဝန်းကျင်ဆိုးဖြစ်နေပါပြီ။

(4)စကားကို တာဝန်ယူမှု တာဝန်ခံမှု မရှိပြောတာမျိုး။

​လူဆိုတာ ပြောပြီးသားစကားကို တည်ရတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကို တာဝန်ယူမှု တာဝန်ခံမှုရှိရတယ်။ ပြောချင်ရာပြောပြီး ​မေ့သွားရင်တော့ ဒါတော်တော်ဆိုးပါတယ်။ ​စကားတစ်ခွန်းပြောပြီဆိုတာနဲ့ အဲ့ဒီစကားကို တာဝန်ယူရမယ်။ အဲ့ဒီစကားရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို တာဝန်ယူရမယ်။ အဲ့ဒီလိုဘဲ အဲ့ဒီစကားကို တာဝန်ယူမှု တာဝန်ခံမှု မရှိရင် ကိုယ်က ပတ်ဝန်းကျင်ဆိုး ပါဘဲ။

ဒါ့ကြောင့် ပတ်ဝန်းကျင်ကလူတွေမကောင်းဘူးဆိုတာထက် ကိုယ်ကိုတိုင် ပတ်ဝန်းကျင်ဆိုး မဖြစ်အောင်နေပါ။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ စွာ နေသည်က ကောင်းပေမဲ့ ပတ်ဝန်းကျင်ဆိုး ဖြစ်နေရင်လည်း တူညီစွာ လိုက်နေဖို့မလိုပါဘူး။ ဘဝမှာ ကိုယ့်စတိုင်နဲ့ ကိုယ်နေပါ။ ပတ်ဝန်းကျင်ဆိုးသည်ဟု ကိုယ်တိုင်ပြောပြီး ကိုယ်တိုင်က ပတ်ဝန်းကျင်ဆိုး မဖြစ်အောင်နေပါ။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အထူးကျေးဇူးတင်ရှိပါသည်။)


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်