Author's Profile Photo

သိုက်စံထွန်း

12/11/2024

"Studying the Strategic Management from: မြန်မာ့သေနင်္ဂဗျူဟာစစ်ပညာ"

1 min read
Personal Development
General Knowledge
Leadership

"Studying the Strategic Management from: မြန်မာ့သေနင်္ဂဗျူဟာစစ်ပညာ"

#မြန်မာ့သေနင်္ဂဗျူဟာစစ်ပညာတွင်

#စစ်၏အင်္ဂါ ၇ ပါး အဖြစ် စစ်ဖျားစစ်လျင် စစ်ရင်ဝ
စစ်ပုခုံး စစ်နံပါး စစ်ဝမ်း စစ်ကျောက်ကုန်း စစ်ခံ ဆိုပြီး Position အဓိပ္ပါယ် ဖွင့်ထားခဲ့ကြတယ်။

စစ်ချီ စစ်ချ စစ်တက် ဆိုတယ့် နေရာမှာလည်း

#စစ်ချီခြင်း ၄ပါးအဖြစ်
ရှားသားတုတ်ကဲ့သို့ စစ်ချီခြင်း
ပြသာဒ်ကဲ့သို့ စစ်ချီခြင်း
ပန်းပုံ‌ဆောင်ကဲ့သို့ စစ်ချီခြင်း
မုရိုးစည်ကဲ့သို့ စစ်ချီခြင်း ဆိုပြီး ထပ်ခွဲခြားထားတယ်။

#စစ်ကပ်တယ့် နည်း ၂ မျိုးမှာလည်း
လမင်းပုံ နှင့် နေမင်းပုံ စစ်ကပ်နည်းရယ်လို့
အသွင်နှစ်မျိုး ရှိခဲ့ပါတယ်။

#စစ်ထိုးခြင်း ၆ပါးမှာတော့
ဂဠုန်တောင်ကဲ့သို့ စစ်ထိုးခြင်း
ရေအလျင်ကဲ့သို့ စစ်ထိုးခြင်း
နွားလားဥဿဘကဲ့သို့ စစ်ထိုးခြင်း
လေးညှို့ဖျန်းသကဲ့သို့ စစ်ထိုးခြင်း
မကန်းကွက်ကဲ့သို့ စစ်ထိုးခြင်း
မြွေတွားသကဲ့သို့ စစ်ထိုးခြင်း ဆိုပြီး စစ်ထိုးခြင်း ၆ မျိုး အ ခြေခံအားဖြင့် ရှိခဲ့ပါတယ်။

#စစ်ခံခြင်းမှာ ဆိုရင်လည်း
ရင်ဘောင်တန်း စစ်ခံခြင်း
ကင်းလက်မကဲ့သို့ စစ်ခံခြင်း
လှည်းဦးကင်းကဲ့သို့ စစ်ခံခြင်း
ပျားလဘို့ကဲ့သို့ စစ်ခံခြင်း
ကျီးခြေကဲ့သို့ စစ်ခံခြင်း
ခုံလောက်ကဲ့သို့ စစ်ခံခြင်း ဆိုတယ့် ၆ပါးသော
စစ်ခံခြင်း အ ခြေခံ သ ဘော ရှိခဲ့ပြီးတော့

#စစ်ဖျက်ခြင်း ၆ပါး အဖြစ်
ကင်းမလက်ထောင် ရင်ဘောင်တန်းခံစစ်နှင့် ရေအလျင်ထိုးစစ်
လှည်းဦးကင်းခံစစ်နှင့် ဂဠုန်တောင်ထိုးစစ်
ကျီးခြေခံစစ်နှင့် မကန်းကွက်ထိုးစစ်
ခုံလောက်ခံစစ်နှင့် နွားလားဥသဘထိုးစစ်
ပျားလဘို့ခံစစ်နှင့် လေးညှို့ဖျန်းထိုးစစ် ဆိုပြီး
အတွဲအစပ် အမျိုးမျိုးလည်း ရှိခဲ့ပါသေးတယ်။

မီးထွန်းသကဲ့သို့ စစ်ပြန်ခြင်း
လကွယ်သကဲ့သို့ စစ်ပြန်ခြင်း
ခြင်္သေ့သွားသကဲ့သို့ စစ်ပြန်ခြင်း ဆိုပြီး
#စစ်ပြန်ခြင်း ၃ မျိုးတို့အပြင်

အခြားသော #စစ်ပြန်ခြင်း ၃ပါးမှာ
သတ္တနာဒိဗျူဟာ
မဂ္ဂိဆိန္ဒိဗျူဟာ
ဝိရတ္တဗျူဟာ ဆိုတယ့် ဗျူဟာများလည်း ရှိခဲ့ပါတယ်။

#စစ်ဆင်ခြင်း ၄ပါး အဖြစ်
ပဒုမဗျူဟာ
သကဋဗျူဟာ
စက္ကဗျူဟာ
ရထဗျူဟာ ဆိုတယ့်
သေနင်္ဂဗျူဟာပျို့လာစစ်ဆင်နည်း အမျိုးမျိုး အပြင်

#စစ်ဆင်စစ်ထိုး ၂၉ ဆိုပြီး ဗျူဟာစက္ကပျို့ နှင့်
လောကဗျူဟာကျမ်းကလည်း အဆိုရှိခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် မြန်မာ့ ဗျူဟာ အမျိုးမျိုး
မည်သို့ ပင် ရှိခဲ့စေကာမူ
#ထိုးစစ်ကို အားသန်ခဲ့ အားသန်လျက်ပဲ တွေ့ခဲ့ပါတယ်။

ဒီနေရာမှာ

ထိုးစစ်ကိုအားသန်နိုင်ဖို့ရာ
အားအင်မတန်ရှိမှသာ အခွင့်အလမ်းကောင်း
ရနိုင်တယ် ဆိုတာ အမှန်တရားပါ။

#မည်သည့်နယ်ပယ်တွင်မဆို

#မှန်ကန်တယ့် #အား သန်နိုင်ကြပါ‌စေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ။

သိုက်စံထွန်း
#ThikesantunWritingNotes
#thikesantunwritingnote

""""""""""""""""""""""""""""""""""""

#Reference:
#Sources;
#Noted

#မင်းလက်ဝဲသုန္ဒရဗြူဟာစက္ကပျို့
#သေနင်္ဂဗျူဟာပျို့
#အောင်မြတ်ဦးသမိုင်းစဉ်ထဲကသမိုင်းဝင်သေနင်္ဂဗျူဟာစစ်ပညာနှင့်စစ်ပွဲကြီးများမှတ်တမ်း

Keep Reading

ငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းနားစရာရှိတာ နားပါ