ဆောင်းလုလင်
အလောင်းနှင့်လက်ထပ်ခြင်း
ဒီနေ့ဟာ သူမရဲ့လက်ထပ်ပွဲနေ့ပေါ့။
သူမရဲ့သတို့သားက အလောင်းတလောင်း။
လွန်ခဲ့တဲ့နှစ်၄၀က သေခဲ့တဲ့လူတယောက်။
သူမက သေပြီးသားလူနဲ့လက်ထပ်တယ်။
အလောင်းနဲ့လက်ထပ်ခွင့်ရဖို့ အလောင်းရဲ့အမျိုးတွေဆီမှာ သူမ အောက်ကျို့ခံခွင့်ပန်ခဲ့ရတယ်။ အလောင်းရဲ့ဆက်ခံသူတွေကို ငွေကြေးမြောက်များစွာ လာဘ်ထိုးခဲ့ရတယ်။
သူမအတွက် အကျိုးရှိလို့ သူမ လုပ်ခဲ့တာပါ။
သူမရဲ့သတို့သား သေပြီးသားလူဟာ မသေခင်က "မြို့စားကြီး"ဖြစ်တယ်။
အလောင်းကိုလက်ထပ်ခြင်းအားဖြင့် သူမဟာ "မြို့စားကတော်"ဖြစ်သွားပြီ။
မြို့စားကတော်ဖြစ်ချင်တဲ့ သူမဆန္ဒပြည့်ဝသွားလို့ သူမပျော်တယ်။
သူမရဲ့လုပ်ရပ်ကို သင်တို့ပျက်ရယ်မပြုကြပါနဲ့။
သူမရဲ့လုပ်ရပ်ကို တချို့သောအစိုးရတွေကတောင် အတုခိုးကြတယ်တဲ့။
ဆောင်းလုလင်
Keep Reading