Max's sharing
ဒီနှစ် သီတင်းကျွတ်ကာလမှာ ပထမဆုံး ရဟန်းဝတ်ခဲ့ပြီး ဒုလ္လပတ်ရဟန်း(ရက်တိုပြုသော) အဖြစ် ဗုဒ္ဓတရားေတာ်ေတွနဲ့ ထိတွေ့လေ့လာခဲ့ပါတယ်။ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တရားတွေ ကျင့်ကြံနေထိုင်ပုံတွေကို မိရိုးဖလာအရ ယုံကြည်နေခြင်း မဟုတ်ဘဲ လက်တွေ့ကျကျ သိချင်လာလို့ ဖားအောက်တောရ မှာ ၁၁ရက် နေနိုင်ခဲ့ပါတယ်။
That was really awesome!
ဗုဒ္ဓရဲ့ ကျင့်ကြံအားထုတ်မှုတွေကို အနည်းအကျဉ်းမျှ သိရှိရတဲ့အခါ တကယ့်ကို ယုံကြည်မှုတွေ ရှိလာသလို့ ကိုယ်တွင်းစေ့ဆော်မှုတွေလည်း ဖြစ်လာပါတယ်။ ဒီနေရာမှာ ဘာသာရေးအရ metaphysic-ရုပ်လွန်ဖြစ်ပျက် အပိုင်းကို ဖော်ပြခြင်းမဟုတ်ဘဲ လက်ရှိအကျိုးခံစားရစေတဲ့အရာတွေကို ဖော်ပြသွားပါမယ်။ နီပေါ၊ သီရိလင်္ကာ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗိယက်နမ် စတဲ့ နိုင်ငံက သူတွေကလည်း ဖားအောက်တောရမှာ တရားဘာဝနာလေ့လာအားထုတ်နေကြတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
Why? ဘာကြောင့်လဲ
အနောက်နိုင်ငံသားတွေကရော ဘာကြောင့် ဗုဒ္ဓရဲ့တရားတွေကို ကျင့်ကြံလာကြသလဲ။
အဲဒါကတော့ တရားထိုင်ခြင်းလို့ ခေါ်တဲ့ meditation ပဲ ဖြစ်ပါတယ်။ ဘာသာလူမျိုးမတူတဲ့ သူတွေက meditation သည် Neuroscientist တွေရဲ့အဆို စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုအားကောင်းလာစေပါတယ်။ လက်ရှိအချိန်မှာ နေနေရတဲ့စိတ်ကြောင့် စိတ်ပူပင်မှုတွေလျော့နည်းလာစေပါတယ်။ ဒါပေမဲ့ လူမျိုးပေါင်းစုံရှိတဲ့စာသင်ကျောင်းတွေမှာ တရားထိုင်ခြင်းလို့ မသုံးဘဲ့ စိတ်လေ့ကျင့်ခန်းအဖြစ်ခေါ်ဝေါ်ကာ လူမျိုးဘာသာအားလုံးအတွက် သင့်လျှော်စေပါတယ်။
?ကျွန်တော် ရရှိခဲ့တဲ့ ယေဘုယျအကျိုးကျေးဇူးတွေက ဘာတွေလဲ?
✔️ မိမိကိုယ်ကို သိရှိနားလည်လာခြင်း
ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်နေသလဲ၊ ဘယ်လိုပုံစံရှိနေသလဲ၊ ကိုယ်ရဲ့ ပြောဆိုဆက်ဆံပုံတွေက တခြားသူအတွက် နစ်နာစေသလဲ။ ဒါမှမဟုတ် အပျင်းကြီးတဲ့သူလား၊ ပြဿနာလေးဖြစ်ရင် အကြံကြံမခံနိုင်ဘဲအလွယ်တကူရှုံးပေးတတ်သူလား စသဖြင့် သိလာနိုင်ပါတယ်။ ကိုယ်မှာ ကောင်းတဲ့အချက်တွေရော မကောင်းတဲ့အချက်တွေကိုပါ သိရှိလာနိုင်ပါတယ်။
✔️ မကောင်းပေမယ့် တွယ်တာနေတဲ့အရာတွေကို လျှော့ချနိုင်ခြင်း
ရုပ်ရှင်လေး ကြည့်ပြီး အိပ်ရာထဲမှာ လှဲနေမလား၊ ၃နာရီ နီးပါးလောက် ရည်းစားတွေနဲ့ ရှုပ်နေမလား၊ဂိမ်းပဲ့ အလွန်အကျွံဆော့နေမလား၊ junk food တွေ မဝနိုင်အောင် စားနေမလား။ အဲဒီနေထိုင်မှုတွေက တကယ့်နေလို့ကောင်းတဲ့အရာတွေလေ၊ သို့သော် ဗုဒ္ဓကတော့ လူကိုမူးရစ်မေ့ေမျှာေစတတ်တဲ့အပျော်အပါးတွေ ကို ရှောင်ရှားဖို့ ဆုံးမပါတယ်။ ဒါကြောင့် လိုချင်တပ်မက်မှုများတဲ့ စိတ်ကို လျော့ချခြင်းက ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။
✔️ကိုယ်/နှုတ်/စိတ်
မိမိမှာ လက်ရှိနေရတဲ့အချိန်လေးမှာ သတိလေး ကပ်ပြီး ဆင်ခြင်ဉာဏ်နဲ့ သုံးသပ်တဲ့ အကျိုးရှိတဲ့အရာတွေ လုပ်ဆောင်တတ်လာမယ်။ မကောင်းတဲ့ စက်ဝိုင်းထဲရောက်သွားရင်တောင်မှ ပြန်လည် ထိန်းချုပ်တတ်လာမယ်။
စိတ်ကလေး က တည်ငြိမ်နေရင် လှုပ်ရှားသွားလာနေတဲ့ ကိုယ့်အမူအရာလေးတွေ၊ အဆိုးမြင်တိုင်း အပြစ်ပြောတတ်တဲ့ နှုတ်တွေက ယဉ်ကျေးသိမ်မွေ့လာမယ်၊ စကားကိုလည်း ပြေပြေပြစ်ပြစ် ပြောဆိုလာနိုင်ပါတယ်။
သာမန်လူတွေဟာ အတွေးပေါင်းသောင်းခြောက်ထောင်ရှိတဲ့အထဲ မကောင်းတဲ့အတွေးတွေ ပိုများပါတယ်
ဒါကြောင့်
"စိတ်ကိုသာ အောင်နိုင်ရင် အရာရာ ဖန်တီးယူလို့ရပါတယ်"
ဉပမာ- စာလေ့လာချင်တယ် ပျင်းတဲ့စိတ်က ဖြစ်နေရင် ကောင်းတဲ့ resultကိုတော့ ရယူနိုင်ဖို့ခက်ပါတယ်။
Max's sharing
Let's build the best version of your life
Your react give me strength ✨
Keep Reading