Author's Profile Photo

Honey cho

11/11/2024

Insulin အကြောင်းသိကောင်းစရာအဖြာဖြာ

4 mins read
Health
General Knowledge
Medical
Insulin အကြောင်းသိကောင်းစရာအဖြာဖြာ's photo

အင်ဆူလင်သည် လူ့ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင် ပေးတဲ့ ပန်ကရိယမှ ထုတ်ပေးသော ဟော်မုန်းဖြစ်ပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကို အသည်း၊ အဆီနှင့် ကြွက်သားတွေမှာ သိုလှောင်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်၏ ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့် ပရိုတင်းများရဲ့ ဇီဝကမ္မဖြစ်ပျက်မှုကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဟာ အရေးကြီးတယ်လို့ ထင်ရပါသလား?
ဟုတ်ပါတယ်….အလွန်အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့-

အင်ဆူလင်ဟာ ခန္ဓာကိုယ်မှာ သွေးတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိရန်နှင့် ပိုလျှံနေတဲ့ ဂလူးကို့စ် များကို စွမ်းအင်အဖြစ် သိုလှောင်ရန် ကူညီပေးရုံသာမက ခန္ဓာကိုယ်ရှီ အခြားအောက်ဖော်ပြပါ အခန်းကဏ္ဍများဖြစ်သော-
- ခန္ဓာကိုယ်အတွင်းရှိ အင်ဇိုင်းများ၏ လုပ်ဆောင်ချက်နှင့် ရလဒ်များကို ပြုပြင်မွမ်းမံခြင်း
- ဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီးနောက် လိုအပ်သော အမိုင်နိုအက်ဆစ်များအား ကြွက်သားတစ်သျှူးများဆီသို့ ပို့ဆောင်ပေးခြင်းဖြင့် ကြွက်သားတည်ဆောက်ခြင်းကို လုပ်ဆောင်ပေးခြင်း။ (အမိုင်နိုအက်ဆစ်ဟာ ကြွက်သား ပျက်စီးမှုကို ပြုပြင်ရန်နှင့် ကြွက်သား အရွယ်အစားနှင့် ခွန်အားတိုးလာစေရန်အတွက် လိုအပ်ပါတယ်။ အင်ဆူလင်ဟာ အမိုင်နိုအက်ဆစ်များအား ခန္ဓာကိုယ်မှ စုပ်ယူမှု၊ DNA ပွားမှုနှင့် ပရိုတင်းထုတ်လုပ်မှုတို့ကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။)
- အဆီတည်ဆောက်မှုကို ထိန်းညှိပေးခြင်း
- အဆီဆဲလ်များ ပြောင်းလဲခြင်းကြောင့် ဖြစ်လာသော ပရိုတင်းနှင့် အဆီများ ပြိုကွဲခြင်းကို ထိန်းညှိပေးခြင်း
- အမိုင်နိုအက်ဆစ်နှင့် ပိုတက်စီယမ်တို့ကို စုပ်ယူပေးခြင်း (အင်ဆူလင်မရှိလျှင် ထို ၂ မျိုးကို ခန္ဓာကိုယ်မှ မစုပ်ယူနိုင်ပါ)
- ဆီးထဲတွင် စွန့်ထုတ်လိုက်သော ဆိုဒီယမ်နှင့် အရည်ပမာဏ ကို ထိန်းညှိပေးခြင်း
- ဦးနှောက်မှတ်ဉာဏ်နှင့် သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း စသည်တို့တွင် ပါဝင် လုပ်ဆောင်ပေးပါတယ်။

? ဘယ်သူတွေက အင်ဆူလင်ထိုးဖို့ လိုအပ်လဲ။ ဘယ်လိုလူမျိုးတွေက အင်ဆူလင်ကို အားကိုးဖို့ လိုအပ်လဲ။

အမျိုးအစား ၁ ဆီးချိုရောဂါရှိသူများ (ခန္ဓာကိုယ်က အင်ဆူလင် မထုတ်နိုင်သောကြောင့် သွေးတွင်းသကြားပမာဏကို မထိန်းနိုင်သောအခြေအနေ) သို့မဟုတ်
သောက်ဆေးဖြင့် ထိန်းချုပ်၍ မရနိုင်သော အမျိုးအစား ၂ ဆီးချိုရောဂါရှိသူများ (ခန္ဓာကိုယ်မှ အင်ဆူလင်ကို ပုံမှန်အတိုင်း မထုတ်လုပ်ခြင်း သို့မဟုတ် အသုံးမပြုခြင်းကြောင့် သွေးတွင်းသကြားဓာတ်များလွန်းသော အခြေအနေ) များ မှာ အင်ဆူလင်ကို လိုအပ်ပါတယ်။

? အင်ဆူလင်ကို လိုအပ်တဲ့ ဆီးချိုရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ဆီးချိုရောဂါလက္ခဏာများဟာ သင့်ရဲ့သွေးတွင်းသကြားပမာဏ မည်မျှမြင့်တက်သည် အပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အချို့လူများ၊ အထူးသဖြင့် ကြိုတင်ဆီးချိုရောဂါ (သို့) အမျိုးအစား ၂ ဆီးချိုရောဂါရှိသူများသည် အစပိုင်းတွင် ရောဂါလက္ခဏာမခံစားရပေ။ အမျိုးအစား ၁ ဆီးချိုရောဂါ မှာကျတော့ ရောဂါလက္ခဏာများက လျင်မြန်စွာပေါ်လာပြီး ပို၍ ပြင်းထန်လေ့ရှိပါတယ်။ အမျိုးအစား (၂) မျိုးလုံးမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာ တွေကတော့-
• ပုံမှန်ထက် ရေငတ်ခြင်း
• ဆီးမကြာခဏသွားခြင်း
• အလွန်အမင်းဆာလောင်ခြင်း
• အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျခြင်း
• ပင်ပန်းနွမ်းလျခြင်း
• အမြင်ဝေဝါးခြင်း
• အနာကျက်နှေးခြင်း
• ‌မကြာခဏ ရောဂါပိုးဝင်ခြင်း (ဥပမာ- သွားဖုံး၊ အရေပြား၊ မိန်းမကိုယ်တို့တွင်ပိုးဝင်ခြင်း) စတာတွေပဲဖြစ်ပါတယ်။

? အင်ဆူလင်ကို ဘယ်တော့ ထိုးသင့်လဲ။ ဘယ်လိုထိုးမလဲ။
အင်ဆူလင်ထိုးဆေးကို ဆီးချိုရောဂါအမျိုးအစား နှစ်မျိုးစလုံးမှာ အသုံးပြုနိုင် ပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တဲ့အတွက် ထိုးဆေးအနေနဲ့ ထိုးပေးခြင်းဖြစ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာဆိုရင် အင်ဆူလင်ကို မထုတ်နိုင်သောကြောင့် ဆီးချိုရောဂါကို ထိန်းချုပ်ရန်အတွက် အင်ဆူလင်ထိုးဖို့ လိုအပ်ပါတယ်။
အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန်အတွက် ၎င်းတို့၏ နေထိုင်မှုပုံစံနှင့် အစားအသောက်ကို ပြောင်းလဲရန် လိုအပ်ပါတယ်။ ဆေးဝါးများအား အသုံးပြုပြီး ဦးစွာကုသနိုင်ပါတယ်။ ဖော်ပြပါနည်းလမ်းတွေနဲ့ ထိရောက်မှုမရှိမှသာ အင်ဆူလင် ထိုးခြင်းကို အသုံးပြုကြပါတယ်။

အင်ဆူလင်ထိုးဆေး ၂ မျိုးရှိပါတယ်- Syringe ဖြင့်ထိုးခြင်းနှင့် Pen ဖြင့် ထိုးခြင်း တို့ပါ။ အသင့်တော်ဆုံး ကို ဆရာဝန်က ညွှန်ပေးပါလိမ့်မယ်။ လူနာက မိမိဘာသာ ဆေးထိုးပါက Syringe ဖြင့်ထိုးခြင်းဟာ လွဲချော်နိုင်ခြေ ပိုများသော်လည်း Pen ဖြင့် ထိုးခြင်းကတော့ အသုံးပြုရ ပိုမိုလွယ်ကူပြီး အမှားအယွင်း ဖြစ်နိုင်ခြေ နည်းပါတယ်။

အင်ဆူလင်ထိုးတော့မယ်ဆိုရင် အောက်ပါပစ္စည်းများ ဖြစ်သော-
- အင်ဆူလင်ထိုးအပ်များ (Syringe သို့မဟုတ် Pen)
- အရက်ပြန်စိမ်ထားသော ဂွမ်းစ
အင်ဆူလင် Pen ရဲ့ထိပ်မှာ တပ်ဖို့ အပ်တစ်ချောင်း လိုအပ်မှာဖြစ်ပါတယ်။

အင်ဆူလင်ထိုးခြင်းကိုလုပ်ဆောင်ရာတွင်-
✅ဆေးမထိုးမီ လက်ကို

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)

Unlock to read this premium article with 10 points.