Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

27/03/2024

!!အသားစိမ်း၊ငါးစိမ်းတွေကို လပိုင်းလောက်စားပြီးတဲ့နောက်မှာတော့ ဒီကောင်လေးဟာ...

2 mins read
Health
General Knowledge
!!အသားစိမ်း၊ငါးစိမ်းတွေကို လပိုင်းလောက်စားပြီးတဲ့နောက်မှာတော့ ဒီကောင်လေးဟာ...'s photo

?ဒီအမျိုးသားက အသားစိမ်း၊ငါးစိမ်းတွေကို ရက်ပေါင်း(၆၀)ထက်မနည်းစားသုံးခဲ့ပါတယ်။ ဟုတ်ပါတယ်..အမဲသားအစိမ်းတွေကစလို့ ငါးအစိမ်းတွေ၊ကြက်ဥအစိမ်း‌တွေ၊ နှလုံးနဲ့အသည်းအစိမ်းတွေ၊ နောက်ဆုံးဦးနှောက်အစိမ်းတွေကို စားပြတဲ့အထိပါပဲ။ အဲ့လိုစားပြတဲ့ဗီဒီယိုတွေကို Social Media တွေပေါ်မှာလည်းတင်ခဲ့ပြီးတော့ Tiktok ကဆိုရင် အခုလိုဆက်မလုပ်တော့ဖို့တောင် သတိပေးခဲ့ပါတယ်။ ဒါမယ့်အံ့ဩစရာကောင်းတာက သူအခုလိုတွေစားခဲ့ပေမယ့် ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်ပါပဲ။ ကျွန်မတို့အားလုံးသိထားတာက အသားငါးတွေကိုအစိမ်းမစားသင့်ဘူး။ စားလိုက်မယ်ဆိုရင် ကျန်းမာရေးအတွက်ဘေးဥပါဒ်ဖြစ်နိုင်တယ်ဆိုပြီး သိထားကြတာပါ။

? ဒါမယ့် အခုလက်တွေ့လုပ်နေတဲ့သူက ဒီလိုအသားငါးအစိမ်းတွေကို စားသုံးပြီးတဲ့နောက်မှာသာ အရင်ကထက်ကျန်းမာကြည်လင်လာတယ်လို့ပြောရင်ရော မိတ်ဆွေတို့ယုံနိုင်မလား? အမှန်ပါပဲ.. ပိုပြီးအံ့ဩစရာကောင်းတာက ဒီအမျိုးသားဟာအရင်ကဆိုရင် သားသတ်လွတ်သမားတစ်ဦးဖြစ်ပါတယ်။ ဒါမယ့် သူသားသတ်လွတ်စားတုန်းကဆိုရင် တစ်နေကုန်လေးနွဲ့ဖိဖျင်းပြီးတော့ လန်းလန်းဆန်းဆန်းမရှိတဲ့အပြင် အသားရေကလည်းခြောက်သွေ့နေခဲ့တာပါ။ ဒါကြောင့် သူ့သူငယ်ချင်းတစ်‌ယောက်က အခုလိုအသားစိမ်းတွေ စားကြည့်ပါလားဆိုပြီးအကြံပေးတာနဲ့ သူလည်းစားကြည့်သွားဖြစ်ခဲ့ပါတယ်။ result ကတော့သူ့ရဲ့အရင်ကပုံနဲ့ အခုပုံကိုယှဉ်ကြည့်လိုက်ရင် ဘယ်လောက်ထူးခြားလာသလဲဆိုတာကို အခုမိတ်ဆွေတို့အမြင်ပါပဲ။

?နောက်ပြီးတော့ သူအခုလိုအသားစိမ်းတွေစားတယ်ဆိုတာကလည်း Social Media ပေါ်မှာနာမည်ကြီးချင်ရုံသက်သက်ပဲလုပ်ခဲ့တာမဟုတ်ပဲနဲ့ လက်တွေ့ research တစ်ခုကို လုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါမယ့်လူတွေကတော့သူ့ကို လိုင်းပေါ်မှာတွေ့နေကျ ငကြောင်တွေထဲက တစ်ကောင်လို့ပဲထင်ခဲ့ကြတာပါ။ အခုလိုရွံ့စရာကောင်းတာတွေကိုစားပြီးတော့ လူတွေဆီအသိတစ်ခုလက်ဆင့်ကမ်းနိုင်မယ့် စွန့်စားမှုကြီးလုပ်နေတယ်ဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြပါဘူး။ ကောင်လေးကအခုလို သူကိုယ်တိုင်လက်တွေ့လုပ်ပြခဲ့ပေမယ့်လည်း တခြားသူတွေကိုတော့ အိမ်မှာလိုက်မလုပ်ကြဖို့ သတိပေးထားပါတယ်။

?နောက်ပြီး သူကအခုလိုပြောပါတယ် "တကယ်လို့ကျွန်တော် ငါးအစိမ်းအကြီးကြီးကိုကိုင်ပြီး ကိုက်စားပြရင်လူတွေက ကျွန်တော့်ကို ဒီကောင်ရူးနေတယ်လို့ပဲ ပြောကြမှာပါ။ ဒါမယ့်တစ်ချိန်တည်းမှာ ငါးစိမ်းကိုပဲပါးပါးလေးလှီးပြီးတော့ သေချာအလှဆင်ထားတဲ့ဟင်းပွဲကို ဒေါ်လာ(၄၀)လောက်နဲ့ဈေးကြီးပေးဝယ်ပြီးစားပြရင်တော့ သားရည်ယိုနေကြမှာပါ" ဆိုပြီး ပြောထားပါတယ်။ နောက်ပြီး သူအခုလိုစားပြရတဲ့ရည်ရွယ်ချက်က ကျွန်မတို့ကိုပဲ သူ့လိုမျိုးအသားစိမ်းတွေစားခိုင်းချင်လို့ပဲလား? အဖြေကတော့ အဲ့လိုလုံးဝမဟုတ်ပါဘူး..တကယ်တမ်းကျတော့ ရှေ့မှာပြောခဲ့သလို တခြားသူတွေသူ့လိုလိုက်မtryကြဖို့တောင် ပြောထားတာပါ။ နောက်ပြီးသူအခုလိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ကျွန်မတို့အားလုံး အစားသောက်ရဲ့ quality ကို သတိထားမိစေဖို့ပါပဲ။

?ကမ္ဘာပါ်မှာသိန်းနဲ့သန်းနဲ့ချီတဲ့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ကျန်းမာရေးပြဿနာအတော်များများက သူတို့စားလိုက်တဲ့အစားစာတွေရဲ့တန်ပြန်အကျိုးသက်ရောက်မှုတွေဖြစ်ပါတယ်။ ဒီကောင်လေးစားပြနေတဲ့အသားစိမ်းငါးစိမ်းတွေကိုတော့ လူတွေကရွံ့တတ်ကြပေမယ့် သူတို့မျက်စိရှေ့မှာလှလှပပထုပ်ပိုးထားပြီး စီးပွားရေးသောင်းကျန်းထားကြတဲ့ အစားအစာတွေရဲ့အရင်းမြစ်တွေကိုတော့ စိတ်မဝင်စားကြပါဘူး။ ဒါမယ့်တကယ်တမ်းကျတော့ ဒါတွေကကျွန်မတို့အသက်ကိုများစွာခြိမ်းခြောက်နေတဲ့ တရားခံတွေဖြစ်ပါတယ်။ နောက်ပြီးရှိပါသေးတယ်.. သားသတ်လွတ်စားမှပဲကျန်းမာရေးကောင်းနိုင်မယ်ဆိုပြီး ယုံကြည်နေကြတဲ့အယူစွဲတွေပါ။ လက်တွေ့မှာလည်း နောက်ဆုံးထွက်သက်အထိ သားသတ်လွတ်စားပြီးသေသွားတဲ့သူတွေရှိသလို (၁)နှစ်(၂)နှစ်လောက်စားပြီးအခြေနေမကောင်းတာနဲ့ အသားဘက်ပြန်လှည့်သွားတဲ့သူတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ်အကောင်းတကာ့အကောင်းဆုံးကတော့ အားလုံးကိုမျှမျှတတ၊ စုံစုံလင်လင်စားသင့်တယ်ဆိုတာပါပဲရှင်...

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံProgrammer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)