Author's Profile Photo

Honey cho

10/11/2024

အပေါ်သွေးနဲ့ အောက်သွေးအကြောင်း သိကောင်းစရာအဖြာဖြာ

1 min read
Health
18 Again
Medical
အပေါ်သွေးနဲ့ အောက်သွေးအကြောင်း သိကောင်းစရာအဖြာဖြာ's photo

အပေါ်သွေးနဲ့ အောက်သွေးက ဘယ်လို ဖြစ်ပေါ်လာတာလဲ

သွေးပေါင်ချိန်တဲ့ အခါကျရင် သွေးပေါင်ဘယ်လောက်ရှိသလဲ ဆိုရင် ၁၂၀/၈၀ ရှိပါတယ်။ သာမန်သွေးပေါင်ချိန်ပါ။ အရင်ပြောတဲ့ ၁၂၀ က အပေါ်သွေးဖြစ်ပြီး ၈၀ က အောက်သွေးဖြစ်ပါတယ်။ ဘာလို့ အပေါ်သွေးလို့ ခေါ်တာလဲ။ ဘာလို့ အောက်သွေးလို့ ခေါ်တာလဲ။ တကယ်တော့ သွေးပေါင်ချိန်တယ်ဆိုတာ သွေးလွှတ်ကြောမကြီးမှာ ရှိတဲ့ သွေးပေါင်ချိန်ကို တိုင်းခြင်းဖြစ်ပါတယ်။ ဒီမှာသေချာမှတ်သားထားရမှာက သွေးလွှတ်ကြောကို တိုင်းတာတာပါ။ သွေးပြန်ကြောမဟုတ်ပါဘူး။ နှလုံးမှ ညှစ်ပြီး ထွက်လာတဲ့ သွေးက သွေးလွှတ်ကြောအတွင်း တိုက်ရိုက်ဝင်သွားပြီး အဲ့ဒီ သွေးလွှတ်ကြောမှာ ရှိတဲ့ သွေးပေါင်ချိန်ကို တိုင်းတာခြင်းဖြစ်ပါတယ်။

အပေါ်သွေးဘယ်လို ဖြစ်လာတာလဲ ဆိုတော့ နှလုံးဆောင့်ညှစ်လိုက်တဲ့ အခါမှာ နှလုံးက သွေးတွေက အရှိန်ပြင်းပြင်းနှင့် သွေးကြောထဲ ကို ဝင်သွားပါတယ်။ အဲ့ဒီအချိန်က သွေးလွှတ်ကြောထဲမှာ ရှိတဲ့ အများဆုံး သွေးပေါင်ချိန်ဖြစ်ပါတယ်။ ဆိုလိုတာက သွေးလွှတ်ကြောမှာ သွေးပေါင်ချိန် ၁၂၀ ထက်ပိုပြီး ရှိတဲ့ အချိန်မရှိဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ၁၂၀ ဖြစ်နေတဲ့ အချိန်က မကြာပါဘူး။ နှလုံးမှာ ညှစ်နေတဲ့ အချိန် နှလုံးခန်း အတွင်းက သွေးတွေကုန်သွားတဲ့ အခါမှာ သွေးလွှတ်ကြောထဲ သွေးအရောက်နည်းသွားပြီး သွေးပေါင်ချိန်က ဖြည်းဖြည်းချင်းပြန်ကျသွားပါတယ်။ နှလုံးနားနေစဉ် သွေးလွှတ်ကြောထဲကို သွေးတွေဆက်မရောက်တော့တဲ့ အခါမှာ သွေးလွှတ်ကြော အတွင်း သွေးပေါင်အကျဆုံး ဖြစ်သွားတဲ့အချိန်မှာ အောက်သွေးဆိုပြီး ဖြစ်လာပါတယ်။ အဲ့ဒီအချိန်က သွေးပေါင်အကျဆုံး အချိန်ဖြစ်ပြီး ၈၀ ဆိုတဲ့ အောက်သွေးဖြစ်ပါတယ်။ ဆိုလိုတာက သွေးလွှတ်ကြောထဲမှာ သွေးပေါင်ချိန် အနည်းဆုံးဖြစ်သွားတဲ့ အချိန်က ၈၀

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)

Unlock to read this premium article with 10 points.