မြသွန်း(တောင်ဒဂုံ)
?မိတ်ဆွေတို့ကိုဒီနေ့မှာတော့ လူတွေအသိနည်းကြတဲ့ ပွေ့ဖက်ထားခြင်းရဲ့စွမ်းအားတွေနဲ့ သူနဲ့ပတ်သတ်တဲ့အံ့မခန်းဖြစ်ရပ်လေးတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ ပွေ့ဖက်ပေးထားခြင်းဟာ သွေးဖိအား၊ နှလုံးခုန်နှုန်းနဲ့ စိတ်ဖိအားဖြစ်စေတဲ့ဟော်မုန်းတွေကို လျှော့ချပေးနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ပွေ့ဖက်ထားချိန်အတွင်းမှာ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ neurotransmitter လို့ခေါ်တဲ့ လူတွေကိုပျော်ရွှင်စေတဲ့ဟော်မုန်းတစ်ခုကို ထုတ်လွှတ်ပေးပါသေးတယ်။
? ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက ပွေ့ဖက်ခြင်းဟာအကောင်းဆုံးဆေးတစ်ခွက်ပဲလို့ ပြောကြတာပါ။ သူများနိုင်ငံတွေမှာဆိုရင် လမ်းမပေါ်မှာ free hugဆိုတဲ့ ဆိုင်းဘုတ်လေးကိုကိုင်ပြီး ပွေ့ဖက်ခြင်းရဲ့အရေးပါပုံကို လှုပ်ရှားအသိပေးတာတွေ လုပ်လာကြပါတယ်။ အဲ့လိုပွေ့ဖက်ထားခြင်းကြောင့်လည်း ကျွန်မတို့ဟာ စကားလုံးတွေနဲ့တောင်ဖော်ပြဖို့မပြည့်စုံတဲ့ နွေးထွေးမှုတွေ၊ ကြင်နာယုယမှုတွေ၊ မေတ္တာတွေကို တစ်ဦးနဲ့တစ်ဦးဖလှယ်ပြီးသားဖြစ်သွားပါတယ်။ နောက်ပြီးအခုလိုပွေ့ဖက်ခြင်းဟာ လူတစ်ယောက်ရဲ့အသက်ကိုတောင် ကယ်တင်နိုင်တယ်လို့ပြောရင် မိတ်ဆွေတို့ယုံနိုင်ကြမလားရှင်။ အမှန်ပါပဲ.. ၁၉၉၅ခုနှစ်တုန်းက အမေရိကန်မှာ အမွှာကလေးလေး(၂)ဦးဟာ (၁၂)ပတ်လောက်စောပြီးတော့ မွေးဖွားလာခဲ့ပါတယ်။
?ဒါ့အပြင် အလေးချိန်ကလည်း တစ်ယောက်ကိုမှ(၂)ပေါင်စီလောက်ပဲ အသီးသီးရှိကြတာပါ။ ဒါကြောင့်ထုံးစံအတိုင်း ကလေးတွေကိုမီးပြခဲ့ကြပါတယ်။ ဒီလိုလုပ်လာတဲ့အခါမှာ ကလေးတစ်ယောက်က ကျန်းမာလာတဲ့လက္ခဏာတွေပြခဲ့ပြီးတော့ weightလေးလည်းပြည့်လာခဲ့ပါတယ်။ ဒါမယ့်နောက်တစ်ယောက်ကတော့ အားလုံးမျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ကလေးက ပေါင်လည်းမပြည့်လာသလို အောက်ဆီဂျင်ကလည်းနာရီတိုင်း၊ မိနစ်တိုင်းကို ကျဆင်းနေပါတော့တယ်။ ဒီလိုနဲ့ကလေးက နောက်ဆုံးအသားတွေတောင် ပြာလာတဲ့အထိပါပဲ။ ဒါကြောင့်အဲ့ဒီက Gayle Kasparianလို့ခေါ်တဲ့ သူနာပြုဆရာမတစ်ဦးဟာ လုပ်နေကြစာအုပ်ကြီးတိုင်းနည်းလမ်းတွေကို ချိုးဖောက်ပြီးတော့ သူမကြားဖူးတဲ့ Europeကနည်းလမ်းတစ်ခုကို အသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
? အဲ့ဒီအချိန်တုန်းက USမှာ ဒီနည်းလမ်းကိုတစ်ခါမှမသုံးခဲ့ဖူးပါဘူး။ နည်းလမ်းလေးကတော့ ပိုကျန်းမာနေတဲ့ကလေးကို အားနည်းနေတဲ့ကလေးရဲ့မီးပြခြင်းထဲကို ထည့်လိုက်ပါတယ်။ အဲ့လိုထည့်လိုက်တဲ့နောက်မှာ ဘယ်သူမှမထင်မှတ်ထားတဲ့ အရမ်းကိုထူးခြားတဲ့ဖြစ်ရပ်လေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို ကျန်းမာတဲ့ကလေးရဲ့လက်တစ်ဖက်ဟာ အားနည်းနေတဲ့ကလေးပေါ်ကိုတင်ပြီး ဖက်ထားပေးနေတဲ့အနေထားပုံစံဖြစ်သွားပါတယ်။ အဲ့လိုလုပ်ပြီးချင်းမှာတင် ကလေးငယ်လည်းအငိုတိတ်သွားပြီးတော့ သွေးတွင်းအောက်ဆီဂျင် level တွေကလည်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါ့အပြင် အသားရောင်ကလည်း ပြာနှမ်းနေတာကနေ normal ပန်းနုရောင်skinလေးကို တဖြည်းဖြည်းပြောင်းလာခဲ့ပါပြီ။
?နောက်ဆုံးမှာတော့ကလေးငယ်ဟာ အသက်အန္တရာယ်ကနေလည်း လွတ်မြောက်သွားပါတော့တယ်။ မိတ်ဆွေတို့ရေ..အခုလိုအသက်တစ်ချောင်းကိုကယ်တင်နိုင်ခဲ့တာက ပွေ့ဖက်ထားခြင်းရဲ့စွမ်းအားကြောင့်ပဲမဟုတ်လားရှင်။ ဒါကြောင့်ပညာရှင်တွေက လူတစ်ယောက်ဟာ တစ်နေ့ကိုအနည်းဆုံး (၄)ကြိမ်လောက်ပွေ့ဖက်ပေးထားဖို့လိုအပ်တယ်လို့ ပြောကြတာပါ။ တစ်ချို့နိုင်ငံတွေမှာ နှုတ်ဆက်တာကိုက ပွေ့ဖက်နှုတ်ဆက်ကြတယ်ဆိုတော့ ပြောနေဖို့မလိုပေမယ့် ကျွန်မတို့မြန်မာနိုင်ငံမှာကတော့ ဒီလိုနွေးထွေးမှုကိုသိပ်ပြီးတော့ ပြတတ်လေ့မရှိပါဘူး။ ဒါဆိုရင်မိတ်ဆွေတို့ရော ကိုယ်ချစ်ရတဲ့သူဆီက တစ်နေ့ကိုဘယ်နှစ်ကြိမ်လောက် ပွေ့ဖက်ခံရပါသလဲရှင်.
Keep Reading