မြသွန်း(တောင်ဒဂုံ)

?လိုင်းပေါ်မှာတွေ့နေရတဲ့ တစ်ချို့လူတွေက ဝိတ်ကျချင်တယ်ဆိုပြီးတော့ ထောပတ်တွေ၊ cheeseတွေ၊ အဆီပြည့်နှက်နေတဲ့အစားအစာတွေကို စားပြနေကြပါတယ်။ ဒါမယ့်အဆီကျချင်လို့ အဆီတွေပြန်စားတာက ဘယ်လိုလို့ဖြစ်နိုင်မှာလဲ? ပုံမှန်ဆိုရင်'ဝ'တဲ့သူတွေက ဒါမျိုးတွေစားချင်ရင်တောင် ဝိတ်ကျချင်တဲ့စိတ်နဲ့ မနည်းအောင့်အီးပြီးတော့ ရှောင်ကြဥ်နေကြရတာမဟုတ်လားရှင်။ ဒါမယ့်သူတို့ကဘာလို့ အခုလိုပြောင်းပြန်တွေလုပ်နေကြတာလဲ? ဒီလိုအဆီတွေကိုစားလို့ 'ပိန်'သွားတယ်ဆိုတာကရော ဖြစ်နိုင်ပါ့မလား? တကယ်တော့ ဖြစ်နိုင်ပါတယ် မိတ်ဆွေတို့ရေ..။ ဘာလို့ဖြစ်နိုင်တာလဲဆိုတာကိုမပြောခင်မှာ kito dietလေးအကြောင်းကို ပြောပြပေးချင်ပါတယ်။
?အရှေ့မှာပြောခဲ့တဲ့ ပိန်ချင်တယ်ဆိုပြီး အဆီခဲတွစားသုံးတဲ့သူတွေဟာ ဒီkito diet နည်းလမ်းကို ကျင့်သုံးနေကြတာဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေတို့က ကိုယ်အလေးချိန်မြန်မြန်ဆန်ဆန်ကျချင်တယ်ဆိုရင် kito diet ကအသင့်တော်ဆုံး နည်းလမ်းတစ်ခုပါပဲ။ kito dietဆိုတာ ကစီဓါတ်တွေအစား အဆီဓါတ်တွေကိုပိုမိုစားသုံးပေးရတဲ့ dietတစ်ခုဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကျွန်မတို့အဓိကစားသုံးကြတာက ကစီဓါတ်တွေဖြစ်တဲ့ ထမင်း၊အားလူး စတာတွေဖြစ်ပါတယ်။ ဒါမယ့် kito dietမှာကတော့ အခုလိုကျွန်မတို့ရဲ့main foodဖြစ်တဲ့ ကစီဓါတ်တွေကို ၅%လောက်ပဲစားသုံးရပါတယ်။ အဲ့ဒီအစား အဆီဓါတ်ကို၇၀%နဲ့ ပရိုတင်းဓါတ်ကို၂၅%ဆိုပြီး အသီးသီးသတ်မှတ်စားသုံးကြပါတယ်။
?ပုံမှန်စားသုံးနေကြ ထမင်းလိုကစီဓါတ်တွေဟာ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ထဲမှာ glucoseအသွင်ကိုပြောင်းလဲသွားပြီး အဲ့ဒီglucose တွေကို ဦးနှောက်နဲ့ ခန္ဓာကိုယ်ကတဖန်ပြန်ပြီးတော့ လောင်စာသဖွယ်အသုံးပြုကြတာဖြစ်ပါတယ်။ ဒါမယ့် ကစီဓါတ်စားသုံးခြင်းကို ချက်ချင်းဆိုသလိုရပ်တန့်လိုက်တာနဲ့ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ထဲမှာလည်း ပြောင်းဆန်သွားတော့တာပါပဲ။ လိုအပ်တဲ့glucose တွေလည်းမရတော့ ခန္ဓာကိုယ်က အဲ့ဒီအစား အဆီတွေကိုသာ စွမ်းအင်အဖြစ်အသုံးပြုရပါတော့တယ်။ အဲ့ဒီမှာပဲ အဆီတွေကလည်းမြန်မြန်ဆန်ဆန်လောင်ကျွမ်းသွားတာပါ။ kito diet ကိုလက်တွေ့ပြုလုပ်နေသူတွေရဲ့ပြောကြားချက်အရ ဒါကိုစတင်တဲ့ ပထမအပတ်မှာတင် ၃၊၄ပေါင်လောက်ကျသွားတယ်လို့ သိရပါတယ်။
? ဒါမယ့် သူ့မှာလည်း side effectလေးတွေရှိနေပြန်ပါတယ်။ စစလုပ်ချင်း ပထမအပတ်မှာဆိုရင် ကိုယ်လက်မအီမသာဖြစ်ချင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း စတဲ့အားနည်းတဲ့လက္ခဏာတွေကို ခံစားရမှာပါ။ ဒါမယ့်နောက်ပိုင်း နေ့သားကျသွားရင်တော့ အဆင်ပြေသွားပါပြီ။ သိရသလောက်တော့ သူနဲ့ပတ်သတ်တဲ့side effects တွေက ဒီလောက်တင်မဟုတ်သေးပါဘူး။ kito diet လုပ်ငန်းစဥ်မှာက အဆီတွေအများကြီးစားသုံးရတာဖြစ်တဲ့အတွက် အဲ့ဒီအဆီတွေကြောင့် ကျောက်ကပ်နဲ့အသည်းကလည်း အလုပ်ပိုလုပ်ရပါတယ်။ ပြီးတော့ပြည့်ဝဆီတွေကလည်း နှလုံးကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့လက္ခဏာတွေဖြစ်တဲ့ ကျောက်ကပ်ကျောက်တည်ခြင်း၊ cholesterol များခြင်း၊ အရိုးအားနည်းခြင်း စတာတွေလည်းဖြစ်သွားနိုင်ပါတယ်။
?ပြီးတော့ ဒီkito dietကိုလုပ်နေရင်းတန်းလန်းနဲ့ ရပ်ပစ်လိုက်တဲ့သူတွေရဲ့ပြောကြားချက်အရ သူဟာ ပထမ(၁)လ(၂)လောက်ပဲ သိသိသာသာဝိတ်ကျသွားပြီးတော့ နောက်ပိုင်းလည်းကျရော ဒုံရင်းကဒုံရင်းပဲလို့ သိရပြန်ပါတယ်။ ဒါမယ့် kito diet ရဲ့fanတွေကတော့ ဒီနည်းလမ်းလေးကို အရမ်းနှစ်သက်နေကြတာပါ။ အကြောင်းကလည်း ကင်ဆာရောဂါကိုလျှော့ချနိုင်တာတွေ၊ အတိတ်မေ့ရောဂါကို လျော့ပါးစေတာတွေနဲ့ တခြားကျန်းမာရေးကောင်းကျိုးတွေကြောင့် kito diet မှ kito dietပဲလက်စွဲဖြစ်နေကြတာဖြစ်ပါတယ်။ ဒါမယ့်ဘယ်သူပဲဖြစ်ဖြစ် ဒီkito dietကိုလုပ်ချင်နေတဲ့ဆန္ဒရှိရင် အရင်ဆုံးမလုပ်ခင်မှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီတော့မိတ်ဆွေတို့လည်း အခုပြောပြလိုက်တဲ့အကြောင်းရာလေးကို နားဆင်ပြီး ဗဟုသုတတစ်စုံတစ်ရာ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်...
Keep Reading