Author's Profile Photo

Tawtawti

8/11/2024

"ယောကျ်ားလျာသူရဲ"

3 mins read
Art
Novel
Creative

"ယောကျ်ားလျာသူရဲ"
ဂမ္ဘီရဝတ္တု
(၁)

ကျွန်တော်တို့ရပ်ကွက်အတွင်းတွင် သုံးဆူမြတ်သော စေတီတော်များ ကိန်းဝပ်မှုနှင့်အတူ ဘုန်းတော်ကြီးတကျောင်းတည်ရှိသည်။

ထိုရပ်ဝန်းထဲတွင်ပင် နဂါးရုံဘုရားပုံ ဆင်းတုတော်ကြီးတဆူကိုလည်း သွန်းဆစ်ပူဇော်ထားကြ၏။

အဆိုပါရုပ်ပွားတော်မြတ်၏ တဖက်မှာမူ ဘုန်းကြီးကျောင်းပရိဝုဏ်အတွင်းသို့ ဝင်ရောက်သည့် မုခ်ဦးပေါက်အဝဖြစ်သည်။ယနေ့ ယင်းနေရာတွင် လူအများ စုဖွဲ့စီညံနေကြသည်။

အဘယ့်ကြောင့်နည်း။

နောင်တွင် ဖြစ်ရပ်အပြည့်အစုံကို သိခဲ့ရလေသည်။

(၂)

အမျိုးသမီးပင် ဖြစ်လင့်ကစား မွေးရာပါယောကျ်ားလေးစိတ်ပါဝင်လာလျှင် လူ့အသိုင်းအဝိုင်းက ယောကျ်ားလျာဟုသတ်မှတ်တတ်ကြသည်။

ထိုကဲ့သို့ ယောကျ်ားလျာတဦးနှင့်
မိန်းမစင်စစ်ဧကန်ဖြစ်သူတဦးတို့သည်
ငယ်စဥ်ကတည်းက သံယောဇဥ်တွယ်ငြိလာရာမှ ပျိုဖော်ဝင်ချိန်ရောက်လာသည့်အခါ လိင်တူချင်းချစ်ခင်စုံမက်မိကြသည်။

နှစ်ဦးစလုံးမှာ သက်တူရွယ်တူ (၁၆ ) ( ၁၇ ) ခန့်။ စိတ်ကစား၊ မိုက်ရူးရဲနိုင်သည့်
ကာလအတွင်း ဝင်ရောက်နေချိန်။

ယောကျ်ားလျာလေးက အနွံနာခံဂရုစိုက်ပေးလွန်းရာမှ သူ၏ သမုဒယနွယ်ယှက်ဖော် မိန်းမပျိုလေးကလည်း လွန်စွာ သာယာနေမိသည်။

တတွဲတွဲမခွဲဘဲရှိလျက်ကနေ ပေါင်းသင်းလက်ထပ်ယူမည်အထိ ဖြစ်လာကြသည်။

ထိုအခါ သဘာဝကိုဆန့်ကျင်သောအပြုအမူဟု ယူဆကြသည့် ရှေးရိုးစွဲ နှစ်ဖက်မိဘများက သဘောမတူကြဘဲ ကန့်ကွက်ကြ၏။

သည်တွင် သူတို့နှစ်ဦးကလည်း တန်ပြန်လက်မခံဘဲ တားဆီးနေသည့်ကြားကပင်
အချစ်၏ စွမ်းအားများဖြင့် ခိုးထွက်ပြေးကြသည်။

သူတို့မွေးဌာနေဆီမှ လိုင်းကားစီး၍ အနီးနားရှိ ကျွန်တော်တို့မြို့လေးဆီသို့ လာခဲ့ကြခြင်းဖြစ်သည်။

ကျွန်တော်တို့မြို့လေးရှိ သူတို့အသိတဦးဆီသို့ အားကိုးလာရှာခဲ့ကြခြင်းဟုလည်း ဆိုနိုင်သည်။

မိဘများကလည်း မခေ။
သတင်းရယူမှု အားကောင်းလှသည်။ အငှားကားတစီးဖြင့် ရှေ့ဆင့်နောက်ဆင့်လိုက်လာကြသည်။

သို့နှင့် မှတ်တိုင်မှဆင်း၊ လမ်းထဲသို့ နှစ်ဦးသားဝင်အလာ၊ အထက်ပါဘုန်းတော်ကြီးကျောင်းမုခ်ဦးအဝရှေ့တွင် သူတို့ကို မိသွားကြသည်။

သည်တွင်
ယောကျ်ားလျာလေးက သူတို့ချစ်ခြင်းကိုမခွဲပါနှင့်ဟု တောင်းပန်သေးသည်။
မရသည့်အခါ
နောင်ဘဝမှပြန်ဆုံကာ လွတ်လပ်စွာ ချစ်တော့မည်ဟု ဆိုပြန်သည်။

ထို့နောက်
အသင့်ဆောင်ယူလာသည့် ဓားမြောင်ဖြင့်
သူ၏ ချစ်လှစွာသော မိန်းမပျိုလေး၏ရင်အုံကို ရုတ်တရက် ထိုးချလိုက်သည်။

သည်တင်မက
သူ့ကိုယ်သူလည်း ချက်ချင်းလျှင်ပင် ရင်ဘတ်ဓားစိုက် အဆုံးစီရင်လိုက်တော့သည်။

သို့သော် မိန်းမပျိုလေးကိုမူ အရေးပေါ်ကားဖြင့် ဆေးရုံပို့ကာ သေကံမရောက်သက်မပျောက်အောင် ကယ်တင်လိုက်နိုင်သည်။

ယောကျ်ားလျာလေးက ပွဲချင်းပြီးပင်
ဘဝကူးပြောင်းသွားရရှာလေသည်။

(၃)

အချိန်ကား ညဦးပိုင်း ကိုးနာရီခွဲခန့်ရှိလေပြီ။ ရပ်ကွက်အတွင်း လူခြေစတင်တိတ်ဆိတ်လာချိန်။

အလုပ်တွင် အချိန်ပိုဆင်းနေရသဖြင့် ကိုထွန်းပိုင် အိမ်ပြန်နောက်ကျသည်။
လမ်းထိပ်ရှိ ညလုံးပေါက်အလင်းဆိုင်လေးကနေ ဝက်သားဟင်းဝင်ဝယ်သည်။

အလုပ်တွင် ညနေစာစားခဲ့ပြီးဖြစ်သော်လည်း ညလယ်စာစားတတ်သည့်အကျင့်ကြောင့် သူ့အကြိုက် ဝက်သားဟင်းကို ပါဆယ်ဆွဲလာခြင်းဖြစ်သည်။
အိမ်ပြန်ရောက်လျှင် ထမင်းထပ်လွှေးပေဦးမည်။

သို့နှင့် လမ်းထဲ လျှောက်လာခဲ့ရင်း ဘုန်းကြီးကျောင်း မုခ်ဦးဝရှေ့မှဖြတ်အကျော်။

မထင်မှတ်ဘဲ..
သူ့အတွေးထဲတွင် မိမိကိုယ်ကို သတ်သေသွားသူ ယောကျ်ားလျာလေးအကြောင်းက
စိုးမိုးလာသည်။

ထိုစဥ်..
သူ့လက်ထဲက ဝက်သားဟင်းထုတ်ကို နော

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်လွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

Unlock to read this premium article with 10 points.