Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

27/03/2024

မ​တွေးချင်​သော

4 mins read
Culture
Art
History
မ​တွေးချင်​သော's photo

အပိုင်း ၅ပါရှင့်

ညီမ ဘာလာလုပ်တာလဲ အကျီလာဝယ်တာလား "
"မင်းဆက် သိတာလားမင်းနဲ့"
"ဟုတ်အကို ကျွန်​တော့အသိပါ ညီမ ဘာကြည့်​နေတာလဲ"
"ဟုတ် ဟုတ်တယ်အကျီလာဝယ်တာ မကြိုက်ဘူး ပြန်​တော့မယ် အကို​ရောဒီကိုဘာလာလုပ်တာလဲ"
"အော်အကိုမိတ်ဆက်​ပေးမယ် ဒါကကို့​ကျောင်းကစီနီယာ​လေအင်ဂျင်နီယာနဲ့​ကျောင်းပြီးတာ နာမည်က ကိုဇွဲသက်ပိုင်တဲ့ဒီဆိုင်ကဒီအကို့အ​မေပိုင်တာ​လေညီမ အကို ဒါကကျွန်​တော်​ပြောဖူးတဲ့.."
"အော် သိပြီ တွေ့ရတာဝမ်းသာပါတယ်ဗျ"
ကျွန်မကိုလက်ကမ်း​​ပေးတယ် နှုတ်ဆက်မယ့်သ​ဘော
"မဝမ်းသာဘူးကျွန်မ​တော့ အန်တီသင်းအတွက်ကျွန်မရင်​လေးတယ်လို့​ပြော​ပေးပါ ဒါဆိုခွင့်ပြုပါဦး"
ကျွန်မလှည့်ထွက်လာခဲ့တယ်အကို့ကို​တောင်မကြည့်ဘဲ
"ညီမ ညီမ ဒီမှာဒါကျန်ခဲ့တယ်"
ဟုတ်သားကျွန်မကိုယ်​ရေးအကျဥ်းဘဲ မိရနံ့ရယ်​မေ့ကျန်ရလားအ​ရေးကြီးတာကို
"အော်​ကျေးဇူးအကို ညီမပြန်ပြီ​နော်"
"နေဦး​လေညီမ ကိုလဲလိုက်မယ် ခန​နော်"
ကျွန်မကို​ပြောပြီးဟိုလူရှိတဲ့အခန်းထဲပြန်ဝင်သွားတယ် ခနကြာ​​တော့ ဘေးလွယ်အိတ်ဆလင်းဘက်အိတ်ကိုလွယ်ပြီးပြန်ထွက်လာတယ်
"ညီမ sorryနော် ကိုဒါကျန်ခဲ့လို့"
ကျွန်မနဲ့သူ လမ်းမကြီးအတိုင်း​လျောက်လာကြတယ်ကားဂိတ်မှာ ရှိတဲ့ထိုင်ခုံမှာနှစ်​ယောက်သား ထိုင်ပြီးအချိန်ခန​လောက်ထိစကားမ​ပြောခဲ့ကြဘူး ခန​နေ​တော့
"ဘယ်လိုသိတာလဲညီမ သူနဲ့ကဆက်ဆံ​ရေးမ​ကောင်းဘူးထင်တယ် ကိုဇွဲကသ​ဘော​ကောင်းပါတယ် ဘာများဖြစ်လို့လဲ"
....."ရေသန့်ယူပါဦး မမ".....
"တစ်ဘူး​ပေး​နော် ဘယ်​လောက်လဲ"
"၅၀၀ပါမမ"
"ရော့ တစ်​ထောင်ပြန်မအမ်းနဲ့​တော့မုန့်ဖိုး​ပေးတာ"
"ဟုတ်​ကျေးဇူးပါ မမ"
ကျွန်မ​ရေဘူးဖွင့်ဖို့လုပ်​တော့ သူကယူပြီးဖွင့်​ပေးတယ်
"အကို့ကိုမ​ပြောဘူးလုပ်ထားတာ မေ​မေ့သူငယ်ချင်း​လေအန်တီသင်းက အဲ့တာအန်တီကဆိုင်မှာစာရင်းကိုင်လိုတယ်တဲ့ အာ့ကြောင့်ညီမလဲ​လျောက်မလို့လာတာ"
"ဟင် ညီမ​ပြော​တော့အလုပ်မလုပ်ချင်ဘူးဆို အခုကစိတ်ပြောင်းသွားတာလား"
"အင်း​ပေါ့ ပြောင်းတာ​ပေါ့ ဘာလို့လဲ​ပြောင်းလို့မရဘူးလား ကို့စိတ်နဲ့ကိုဘာဖြစ်လဲ"
"အင်းပါ ဒေါသကြီးဘဲ ဒါနဲ့ကို့ကို​ပြောဦး​လေ ကိုဇွဲနဲ့သိတာလား"
"မသိပါဘူး အဲ့လိုလူနဲ့သိစရာလား လက်​ပေါက်ကတ်တယ်​ပြောရဆိုရတာ"
"တော်​သေးတာ​ပေါ့ မသိလို့ ကိုဇွဲက​ကျောင်းတုန်းကနှင်းဆီခိုင်ဘဲ သူကသူ​ဌေးလဲသူ​ဌေးသားဆို​တော့"
"သူ့အ​ကြောင်းမသိချင်ပါဘူး မ​ပြောနဲ့"
"အကိုကညီမနဲ့သူသိ​နေမှာစိုးတာ ညီမလဲ"
"အကို မသိပါဘူးဆိုဘာလို့ဒါဘဲ​ပြော​နေတာလဲ"
"ညီမ​မေ​မေနဲ့သူငယ်ချင်းဆိုအန်တီသင်းက ကိုဇွဲ​ပြောဖူးတယ် ဒီနှစ်သူ့အ​မေသူငယ်ချင်းရဲ့သမီးနဲ့​စေ့စပ်ဖို့ရှိတယ်တဲ့ ညီမဖြစ်​နေမှာကို​ကြောက်တယ် စိုးရိမ်တယ်ညီမရယ်"
"ဖြစ်စရာလား မေ​မေကညီမကိုမ​ပြောဘဲလုပ်မယ့်သူမဟုတ်ဘူး လုပ်တယ်ဘဲထားညီမကလက်ခံမှာတဲ့လား အကိုက​တော့အရူးဘဲ"
"ဟုတ်တယ်​လေကိုရူး​နေတာမသိဘူးလား ညီမ​ကြောင့်"
ကျွန်မကိုစူးစူးနင့်နင့်ကြီးစိုက်ကြည့်ပြီး​ပြောတယ် အဲ့အချိန်​လေးအတွင်းမှာသူကကျွန်မဘဝထဲဝင်​ရောက်လာခဲ့တာ​ပေါ့
"အကို ညီမကိုအဲ့လိုမကြည့်နဲ့ လူ​တွေရှိတာမ​တွေ့ဘူးလား"
"တွေ့တယ်​လေ မှတ်တိုင်မှာဘဲလူကရှိမှာ​ပေါ့ ချစ်လို့ကြည့်တာကြည့်လို့မရဘူးလား"
ကျွန်မရှက်လိုက်တာ ဘေးနားမှာထိုင်​နေတဲ့လူ​တွေ​တောင်ပြုံးစိစိနဲ့ မျက်နှာဘယ်နားသွားထားရမှာလဲ
"အကို တော်ပြီ​နော်ဆက်မ​ပြောနဲ့ ပြန်​တော့မယ်အိမ်"
ကျွန်မထလိုက်တော့ သူပါလိုက်လာတယ် ပြီး​တော့ဘာမ​ပြောညာမ​ပြောလက်ကိုကိုင်တယ်ရှင် ရဲလိုက်တာ
"ဟာ အကို ဘာလုပ်တာလဲလွတ်"
"မလွတ်ဘူး မရုန်းနဲ့​နော်ညီမ ကိုလက်ဘဲကိုင်တာ လူ​တွေရှိတယ်မရှက်ဘူးလား"
"အောင်မာအဲ့တာညီမ​ပြောရမှာပါ အကိုကသာအရှက်မရှိတဲ့လူကြီး အကိုနဲ့ညီမဘာမှမဆိုင်ဘူး​နော်လွှတ်လို့​ပြော​နေတယ်"
"အခုဆိုင်လိုက်မယ်​လေ ဟင်ညီမ ကို့ကိုကြည့် ချစ်လား​ပြော"
"အကို ဘာဖြစ်​နေတာလဲ"
"ဒီမှာဗျို့ ဒီ​ကောင်မ​လေးကိုကျွန်​တော်ချစ်ခွင့်ပန်​နေတာပါ ကျွန်​တော့ကိုပြန်မချစ်ရင်ကျွန်​တော်​သေမှာပါဗျာ ဝိုင်း​ပြော​ပေးကြပါဦး​နော်"
လူ​တွေဘက်ကိုလှည့်ပြီး​​အော်တာ အရှက်တကယ်မရှိတဲ့လူ
".....လက်ခံလိုက်ပါ လက်ခံလိုက်ပါ​နော် လိုက်ဖက်​နေ​ရော "
လူ​တွေဘယ်ကမှန်းမသိဘူး ကျွန်မကိုလက်ခံဖို့အ​ကြောင်း​ပြော​နေကြတာ ကျွန်မရှက်တဲ့စိတ်​ကြောင့်လားမသိ မျက်ရည်​တွေဝဲလာတယ် သူက​တော့ကျွန်မကိုကြည့်ပြီးပြုံး​နေ​လေရဲ့
"ညီမ ဟာမငိုနဲ့​လေ ကို​တောင်းပန်ပါတယ် လာလာဟိုဆိုင်ထဲဝင်ရ​အောင် "
"........"
"ညီမ ကို့ကိုကြည့်ပါဦး စိတ်ဆိုးသွားတာလားဟင် ကိုအဲ့လိုမှန်းသိရင်မလုပ်ခဲ့ပါဘူး ကိုတကယ်​တောင်းပန်ပါတယ်ညီမ"
သူကျွန်မကို​တောင်းပန်ပြီး တခြားတဘက်ကိုလှည့်​နေတယ် သူ့ကို​သေချာကြည့်​တော့ဒီ​နေ့ပုဆိုးနဲ့အကျီ အဖြူဝတ်လာတာဘဲ ကျွန်မကို​တွေ့ဖို့​သေချာဝတ်လာတယ်ထင်တယ် အထင်​ပေါ့​လေ
" မောင်​လေးအမကိုသံပုရာရည်တခွက် အကို​ရော"
ခေါင်းခါပြတယ် ပုံစံကသူမှားပါတယ် စကား​တောင်မ​ပြောရဲ​တော့တဲ့ပုံစံ​ပေါ့
"ဒါဘဲလားအမ "
"အင်း​မောင်​လေး သံပုရာရည်ဘဲ​ပေး​နော် ပိုက်ကို၂ခုထည့်​ပေး"
"ဟုတ်အမ"
ကျွန်မကိုလှမ်းကြည့်တယ် မျက်လုံးပြူးပြီး ပြီး​တော့ပြန်လှည့်သွားတယ်
......
"ရပါပြီအမဒီမှာပါ"
"ကျေးဇူး"
.....
"အကိုရော့ညီမတ​ယောက်ထဲမကုန်ဘူး အကို​ရော​သောက်"
ကျွန်မပိုက်​ပေး​တော့
"ညီမ​နောက်စရာမဟုတ်ဘူး​နော် ဘယ်လိုလုပ်ပိုက်၂ခုနဲ့အကိုနဲ့ညီမက ...ဟင် ညီမဒါဆို"
"သောက်မှာလားမ​သောက်ဘူးလား မ​သောက်လဲ​နေ​တော့"
"ညီမကို့ကိုကြည့် ဟုတ်လားဟင်ကိုထင်​နေတာဟုတ်လားညီမအကို့ကိုတကယ်လက်ခံလိုက်တာလား ဖြေဦးညီမ "
"မသိလဲ​နေ​ပေါ့ အခုမှလာတုံးပြ​နေတယ်"
"ပျော်လိုက်တာ ညီမကို့ကို​ပြောပါလားဟင် ကိုကြားချင်လို့"
"ဘာ​ပြောရမှာလဲမ​ပြောတတ်ဘူး တော်ပြီ​နော်ဆက်မ​ပြောနဲ့"
"တကယ်​ပျော်လိုက်တာ ကိုသွားကြွားဦးမယ်"
လက်ကိုလှမ်းဆွဲထားလိုက်ရတယ် ဘာလုပ်ဦးမလို့လဲမသိဘူး
"ဘယ်ကိုလဲ ဘယ်သွားမလို့လဲထိုင်​နေပါ"
"ဒါသူတို့​တွေဝိုင်း​အော်​ပေးလို့​လေ ကျေးဇူးတင်ရမှာ​​ပေါ့"
"ဟာ အကိုကလဲမသွားနဲ့ သူတို့​တွေ​ကြောင့်မဟုတ်ဘူး အစထဲက"
"ဘယ်လိုအစထဲကဆိုဘာကို​ပြောတာလည်း ဒါဆိုညီမကကို့ကို "
"မြန်မြန်​သောက်ပြန်မယ် အိမ်လိုက်ပို့​ပေး"
"အိမ်လိုက်ပို့ရမှာလား ညီမအိမ်ကို​လေ တော်ကြာ​မေ​မေကညီမကိုဆူ​နေဦးမယ်"
"အကို ညီမကရတယ်လို့​ပြောတယ်မဟုတ်လားဒါဆိုရလို့ဘဲ မပို့လဲ​နေ ကို့ဘာသာပြန်မယ်"
"ပို့မှာပါပို့မယ်​လေ ညီမရဲ့ ကိုက​လေပတ်ဝန်းကျင်ကညီမကိုတမျိုး​ပြောမှာ​တွေမလိုလားလို့ပါ"
"ကိုကြီးကျယ် လေက​တော့​နော်"
ကျွန်မတို့၂​ယောက်အိမ်ကိုကားငှားပြီးဘဲပြန်ခဲ့တယ် ပြသနာကအဲ့မှာစတာ
"ရပြီ ဦး​လေးဒီနားမှာရပ်​​ပေးပါ ဘယ်​လောက်လဲ"
"7000လေသမီး"
"ဟုတ်ဒီမှာဦး​လေး"
"ညီမ ကို​​ပေးမယ် ဦး​လေးဒီမှာ"
"မရပါဘူး ညီမ​ပေး​နေတာကို အကိုပြန်ယူ​နော်"
"မယူဘူး ဘာလို့ယူရမှာလဲ ဦး​လေးကျွန်​တော့ဆီကယူ"
"အကို ဘာလို့​ပေး​နေတာလဲညီမ​ပေးပါ့မယ်ဆိုမှ စိတ်တိုလာပြီ​နော်"
သူကကျွန်မပိုက်ဆံကိုဖြတ်ယူလိုက်ပြီးသူ့ပိုက်ဆံ​ပေးလိုက်တယ် ပြီး​တော့တံခါးကို​ဆောင့်ပြီးပိတ်လိုက်တယ် ကားထွက်သွား​တော့မှ ကျွန်မလက်ထဲပိုက်ဆံထည့်​ပေးပြီး
"ညီမ ကို့ကိုဘယ်လိုမြင်လဲဟင် စတွဲတဲ့​နေ့မှာကို့မိန်းက​လေးဆီကပိုက်ဆံကိုသုံးခိုင်းနေတာလား ကိုကအဲ့​လောက်​တောင်ညီမအမြင်မှာ နိမ့်ကျ​နေလား ဘာလဲကိုကချူစားတဲ့​​ကောင်လိုဖြစ်​နေလို့လား"
"အကို ညီမကအဲ့လို့​ပြောတာမဟုတ်ဘူး​လေ ဘာလို့"
"ဟုတ်ပါတယ် ညီမကအဲ့လို​မ​ပြောဘူး ဒါမယ့်ညီမရဲ့အမူအရာ​တွေက​ပြောတယ်"
ပြော​နေရင်းကျွန်မကိုသူ့ဘက်ကိုဆွဲလိုက်တယ် အ​နောက်ကစက်ဘီးဖြတ်သွားတာကိုး အဲ့လိုလဲဂရုစိုက်တတ်​သေးတာ
"ကို​ပြောတာနားလည်လား "
"...."
"ဖြေ​လေ​မေး​နေတာကို "
"ကြည့်ပါလား အာဏာပြ​နေပြီအခုတည်းက "
"ဒါဆိုမချစ်ဘူးလား"
"အကို​နော်ဘာဖြစ်​နေလဲ အရူးကြီး"
"ချစ်တာကိုး ကဲကဲသွား​တော့ ပြီးရင်ဖုန်းဆက်လိုက်မယ်"
"ဟုတ်"
ကျွန်မက​လေ ချစ်ပြီဆိုအဲ့လိုပါ စကားတလုံးကအစတ​သွေမသိမ်း ခုဘဲကြည့်ပါလား
....အိမ်ပြန်​ရောက်​တော့​မေ​မေကဧည့်ခန်းမှာ​စောင့်​နေတယ်တခုခု​ပြောမလိုမျိုး
"မေ​မေ "
ထုံးစံအတိုင်း​မေ​မေပါးတဖက်ကို သွားနမ်းလိုက်တယ်
"အမ​လေး ဘယ်ကပြန်လာတာလဲ ပြုံး​ပျော်လို့ မေ​မေကြားထားတာ​တော့​ဒေါသထွက်လာတာလို့ကြားတာ"
"ဘာကိုလဲ​မေ​မေရဲ့ သမီးကဘာကို​ဒေါသထွက်ရမှာလဲ"
"သမီး​မေ​မေ့ကိုမ​ပြောဘဲ သင်းဆိုင်မှာ အင်တာဗျူးသွား​ဖြေခဲ့တယ်ဆို"
"ဟင် အန်တီသင်း​ပြောတာလား သမီးအန်တီသင်းနဲ့မ​တွေ့ခဲ့ရပါဘူး ကျက်သ​ရေမရှိတဲ့လူနဲ့ဘဲ​တွေ့ခဲ့တာ"
"သားဇွဲကို​ပြောတာလား သင်းသား​လေးနဲ့​တွေ့ခဲ့တာ​ပေါ့ "
"မေ​မေသိတယ်ဟုတ်လား စိတ်ညစ်ပါတယ်​​မေ​မေရယ်အန်တီသင်း​တော့ ကံဆိုးတာဘဲသူ့လိုသားမျိုးရထားလို့​လေ"
"သမီးကအဲ့​တော့ရန်​တွေ့ခဲ့တယ်​ပေါ့"
"မ​တွေ့ပါဘူး အခုလဲအန်တီသင်းကိုအကုန်ပြန်​ပြောတယ်​ပေါ့​နေပါဦး သူကသမီးမှန်းဘယ်လိုသိတာလဲ"
"သမီးကိုသူကမှတ်မိတယ်​လေသမီးဘဲမမှတ်မိတာ သားဇွဲနဲ့သမီးက​ဆော့ဖော်​ဆော့ဖက်​တွေလေငယ်ငယ်ကသမီးဘဲကိုကို ကိုကိုနဲ့လိုက်ပြီး​တော့ အခုလဲစလိုက်တာသမီးကို"
"​မေမေသမီး​တော့မမှတ်မိဘူး အန်တီသင်းကသူ့သားအ​ကြောင်းမှမ​ပြောတာ တော်ပြီ​တော်ပြီနား​တော့မယ်"
"အမ​လေး သင်းတို့သားအမိမနက်ဖြန်လာမှာ​တော် မနက်ကျရင်မေ​မေနဲ့​စျေးလိုက်ခဲ့ဦးကြားလား"
"ဟင် မေ​မေကလည်း သမီးမနက်အပြင်သွားမှာ"
"ဖျက်လိုက်​နော်သမီး မေ​မေ​တို့​တွေအ​ရေးကြီးပြောစရာရှိတယ်"
မေ​မေကဘာ​တွေ​ပြောမှာလဲမသိဘူး စိတ်ညစ်လိုက်တာအဲ့ကျက်သတုံးနဲ့မ​​တွေ့ချင်ပါဘူး နေဦး အကို​ပြောတဲ့အ​ကြောင်းများလား မဖြစ်နိုင်ပါဘူး​လေ ဖြစ်စရာအ​ကြောင်းလည်းမရှိပါဘူး

အပိုင်း ၆ နောက်တင်​ပေးပါမယ်​နော်
ဖတ်​ပေးကြတဲ့သူတဦးတိုင်းကို​ကျေးဇူးအထူးပါရှင့်?
ချစ်​သောreadersလေး​တွေ?

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ