Author's Profile Photo

Chancellor

8/11/2024

(၂၀၁၅ မှ ၂၀၁၉)ဆီသို့...... လတွေပေါင်းပြီးမှ အတွေးတစ်စကြောင့် အမှန်တကယ်ဖြစ်ခဲ့သော အကြောင်းအရာအချို့နှင့် ဖြစ်စဉ် အကျဉ်း စိတ်ကူးဉာဏ်နှင့်ပေါင်း၍ ကျွန်တော်ဉာဏ်မီသလောက်ရေးသားတင်ပြရပါသည်။ Author - Chancellor

5 mins read
Culture
Art
Entertainment
(၂၀၁၅ မှ ၂၀၁၉)ဆီသို့......
လတွေပေါင်းပြီးမှ အတွေးတစ်စကြောင့် အမှန်တကယ်ဖြစ်ခဲ့သော အကြောင်းအရာအချို့နှင့် ဖြစ်စဉ် အကျဉ်း စိတ်ကူးဉာဏ်နှင့်ပေါင်း၍  ကျွန်တော်ဉာဏ်မီသလောက်ရေးသားတင်ပြရပါသည်။

Author - Chancellor's photo

(၂၀၁၅ မှ ၂၀၁၉)ဆီသို့
လတွေပေါင်းပြီးမှ အတွေးတစ်စကြောင့် အမှန်တကယ်ဖြစ်ခဲ့သော အကြောင်းအရာအချို့နှင့် ဖြစ်စဉ် အကျဉ်း စိတ်ကူးဉာဏ်နှင့်ပေါင်း၍ ကျွန်တော်ဉာဏ်မီသလောက်ရေးသားတင်ပြရပါသည်။
Author - Chancellor


ငွေနှင်းငယ်မှုန်
လေညင်းရယ် တသုန်သုန်နှင့်
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
သည်ခေတ်မှာ သည်လိုဟာဖြင့်
သည်ကိုယ်မှာ သေသေလုပါပေါ့
ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
ဆောင်းရတုပွဲ။
စာဆိုပညာရှင် အချုပ်တန်း ဆရာဖေ ရေးသားခဲ့သော ဆောင်းရတုပွဲ လေးချိုးကဗျာအား သတိရမိပြန်သည်။
           မန္တလေးဆောင်းရာသီ ချမ်းခိုက်ခိုက်တုန်နေအောင် အေးသောအချိန်အား ကိုယ်တိုင်ကြုံတွေ့ဘူးသောကြောင့် အထက်ပါကဗျာလေးအား သတိတရရှိခဲ့ဘူးသည်။ မနက်စောစော ၅ နာရီအချိန်ကျော်လောက်မှာလည်း မြူတွေဝေ့နေ အောင် ဆိုင်းနေခဲ့သည်။ မြို့တွင်း၌ ကျုံးဘေးပတ်လည်မှာ မနက်စောစော လမ်းလျှောက်သူတွေမှာလည်း တက်ကြွစွာ အားကစားလုပ်ဆောင်နေကြသည်။ မနက်ခင်းတို့ရဲ့ ဥဩငှက်တို့မှာလည်း လွမ်းမောဖွယ်ရှိသော အသံနှင့် ကျွန်တော်ကြား ခဲ့ဘူးသည်။ ထို့ကာလအတွင်းမှာ သပြေဘူတအပင်တို့မှာလည်း စိမ်းလန်းစွာ တက်ကြွနေသည်။ ဟေမန္တ ရာသီဖြစ်တဲ့ အခိုက် အေးချမ်းမှုတွေနှင့်အတူ စိမ်းလန်းပေးကြသည်။ ကျွန်တော်လည်း မနက်ခင်းပိုင်း လမ်းလျှောက်မှုမှာ တက်ကြွနေမိ ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အနုပညာဆန်သော မြင်ကွင်းအလှတို့မှာ ကျွန်တော့ရဲ့ စိတ်မျက်စိမှာ ပုံဆွဲဖို့လည်း မြင်တွေ့ခဲ့ရသည့်အလှကို တုပနိုင်မှာ မဟုတ်ချေ။

           မြို့ပတ်လမ်းဘက်တွင် စိုက်ပျိုးထားသော မယ်ဇလီပင်တို့မှာလည်း တန်ဆောင်တိုင်မှာ ဆေးဖက်ဝင်ဖို့ ဖူးပွင့်ကြ တော့မည့်သယောင်ရှိလှသည်။ ရန်ကင်းတောင်တော်ကို မြူနှင်းတို့ဖုံးတော့မလိုလိုနဲ့ ရောင်ခြည်ဖျာထွန်းသော ရာသီစက်ဝန်းရဲ့အလှမှာလည်း ကျွန်တော်ဘယ်လိုမှ မမေ့နိုင်သော မြင်ကွင်းကျယ်တစ်ခု တွေ့မြင်ခဲ့ရသည်။

           မန္တလေးမြို့ရိုးတွေကြည့်လိုက်ရင် သာမန်လို့ထင်ရသော်ငြား ကျုံးတော်၊ ပြဿဒ်၊ ပြအိုး၊ ပစ္စင်တို့မှာလည်း အနုပညာနှင့်မစိမ်းတော့ပဲ ကြည့်လိုက်တိုင်း ရိုးသွားတယ်မရှိတော့ချေ။  ရိုးမတောင်တန်းတွေမှာလည်း အေးချမ်း သယောင်ရှိတယ်ဆိုသော်လည်း အလှတွေ ဖော်ကျူးလှစ်ဟပြကြသည်။

           တန်ဆောင်တိုင်လ မန္တလေးမြို့မှာ ပူပြင်းလှသည်ဟု ထင်ရသော်လည်း တကယ့်အပြင်ရာသီဥတုမှာ အေးချမ်းလှ သည်။ ရှမ်းရိုးမတောင်တန်းကြီးတွေနှင့်လည်း သိပ်မဝေးတာ မှန်ပါသည်။ သို့ပေမယ့် မန္တလေးမြို့မှာ လူမျိုးစုတွေ အများကြီး ရှိကြသည်။ ယဉ်ကျေးမှုတွေထွန်းကားကြသည်။ ယုံကြည်ကိုးကွယ်မှုအပိုင်းတွင် တစ်ဉီးနှင့်တစ်ဉီး ဘာသာခြင်းမတူသော်လည်း ဂါရဝတရားနှင့်အတူ ယဉ်ကျေးသိမ်မွေ့ကြသည်။တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန်လေးစားရိုသေကြသည်။

         တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလအတွင်း ကျရောက်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတစ်ဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ် ပန်းမှာ ခဝဲပန်း  ဖြစ်သည်။

           တန်​ဆောင်မုန်းလ၏ ထူးခြား​သော လက္ခဏာတစ်ရပ်မှာ ​ကောင်းကင်ကြည်လင်ခြင်းဖြစ်သည်။ တန်​ဆောင်မုန်းလ ၏ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်) ဖြစ်သည်။ တန်​ဆောင်မုန်းလပြည့်​နေ့ ညသန်း​ခေါင် အချိန်တွင် ဦး​ခေါင်းနှင့်တည့်တည့် ​ကောင်းကင်ကို ​မော့ကြည့်ပါ။ လပြည့်ဝန်းကြီး မွန်းတည့်​နေသည်ကို ​တွေ့ရမည်။ လပြည့်ဝန်း အနီးအနားတွင် ကြတ္တိကာနက္ခတ် (ဖျောက်ဆိပ်ကြယ်) ကို ​တွေ့ရမည်။

            မြန်မာတို့၏ရိုးရာဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့၌ ပွဲတော်အနေနှင့်ဆိုလျှင် ကထိန်ခင်းပွဲကျင်းပ လေ့ရှိသည်။  တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလပြည့်နေ့ဆိုလျှင်  "ကထိန်ပွဲတော်" ကို အစဉ်အလာမပြတ် ကျင်းလေ့ရှိကြသည်။

  "ကထိန်" သည် "ကထိန" ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ် ၏။ ကထိန် ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင်ဖြစ်သည်။

  မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ "ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ" ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ဝိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။

  မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ် သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ် ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ "ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။" ဟူ၍ လည်းကောင်း၊ "ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ" ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။
           
ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း၊ ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း၊ မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း၊ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း ဟူသော အကျိုးတရားငါးပါးတို့ကို ရရှိခံစားနိုင်သည်။

  ညနေပိုင်းအတွက် မုန့်လုံးရေပေါ်နှင့် မယ်ဇလီဖူးသုပ် လုပ်ရန်အတွက် ကြိုတင်ပြင်ဆင်သော လူငယ်တစ်စုရှိသည် ကိုလည်း မြင်တွေ့ခဲ့ရသည်။ လပြည့်နေမတိုင်ခင် ဈေးရှိရာသို့ ဥပုသ်နေ့အတွက် လိုအပ်သော လှူဖွယ်ပစ္စည်းအချို့နှင့် ဒါနပွဲလုပ်ရန် လိုအပ်သော ပစ္စည်းအချို့ကို ကြိုတင်ဝယ်ယူနေသူတွေလည်း မနည်းရှိလှသည်။

  မြန်မာနိုင်ငံမှာ ဆယ့်နှစ်လ ရာသီမှာ လစဉ်ပွဲတွေ ရှိပါသည်။ သို့ပေမယ့်လည်း ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း အစရှိသည်တို့မှာ အသင်းအဖွဲ့ရှိကြသည်။ အခါကြီးရက်ကြီးများမှာ သက်ဆိုင်ရာတာဝန်ကျ အသင်းက နေပြီးတော့ မြို့တွေမှာဆိုရင် ဓမ္မာရုံ၊ အချို့ဘုန်းတော်ကြီးကျောင်း၌ ဥပုသ်သီလ စောင့်တည်ကြသည်။ ဥပုသ်သီလ စောင့်တည်သော ဥပုသ်သည်တွေအတွက် ဒါနပွဲတွေကို လိုအပ်သော အပျိုခေါင်း၊ လူပျိုခေါင်းတို့က ပြင်ဆင်လုပ်ဆောင် ကြသည်ကိုတွေ့ရသည်။ လူပျိုခေါင်းတို့ ကုသိုလ်ယူရသော အလုပ်မှာကား ရေနွေးအိုးနှင့်လက်ဖက်ရည်ပွဲ၊ အချို့က ဆေးလိပ်၊ ကွမ်းယာ၊ အချို့က အချိုပွဲနှင့် အသုပ်စုံ အမျိုးမျိုးအဖုံဖုံ ဧည့်ခံဒါနပြကြ သည်ကို မြန်မာတို့၏ယဉ်ကျေးသော ဓလေ့ကိုလည်းတွေ့ရှိရပါသည်။ အပျိုခေါင်းနှင့်အဖွဲ့ကတော့ လပြည့်နေ့ မနက်ခင်းပိုင်းမှာ ဥပုသ်စောင့်လာသော မိန်းမများ ဥပုသ်သည်အဖွဲ့ကို ဒါနပွဲပြင်ဆင်ပြီး လှူတန်းရန်ပစ္စည်းအချို့နှင့် တရားဟော မစခင် ဒါနပွဲများဝေငှရန် အသုပ်စုံ အချို့တို့သာမက ချိုချိုချဉ်ချဉ်အစရှိသည့် တက်နိုင်သော ဥပုသ်သည်တို့က ဝေငှဒါန ပြုကြသည်။ အချို့ကလည်း မုန့်ဆီကြော်၊ ကြောင်သျှာသီးသုပ်၊ ခေါင်းလျှော်ရည်ထုပ်၊ အချိုပွဲ၊ အသီးပွဲ အစရှိသည့်တို့ကို ဒါနပြုကြသည်။ ညနေမဝင်မီအချိန် လူငယ်တစ်စု ဗျို့ဟစ်သံလိုမျိုး  မုန့်ဖိုးလာယူတက်သည်။ အချို့အိမ်တို့မှာ ညနေပိုင်း မုန့်လုံးရေပေါ် လုပ်ပေးသော အဖွဲ့ကလည်း သပ်သပ်ရှိခဲ့သည်။ ပျော်စရာလူငယ်တစ်စုနှင့် ကြုံရတိုင်း ရင်ထဲသို့ပီတိအပျော်တွေရခဲ့သည်။

           တန်ဆောင်မုန်းလပြည့်နေ ညနေပိုင်းတွင် လမ်းပေါ် လူအချို့နှင့် စည်းကားသိုက်မြိုက်နေတက်သည်။ အဘယ့် ကြောင့်ဆိုသော် တန်ဆောင်မုန်းလပြည့်နေ ညတွင် "ပံ့သကူပစ်ပွဲ" သည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာ တွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်း ကြသောပွဲမျိုးဖြစ်သည်။ ပံ့သကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ "ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။

           ၂၁ရာစု လူငယ်အချို့သည် တန်ဆောင်မုန်းလပြည့်နေရောက်ပြီဆိုလျှင် ရပ်ရွာအချို့၌ ညနက်လျှင် ကြက် ရှိသည့် အိမ်ကနေ ကြက်ခိုး၍ ဘူးသီးဖြင့်သော်လည်းကောင်း၊ ကာလသားချက်၍သော်လည်းကောင်း အပျော်တမ်းအနေဖြင့် ချက်ပြုတ် စားသောက်သည်လည်း ရှိလှပါသည်။ ပံ့သကူပစ် ဖို့ လူအချို့လည်းရှိသလို ပံ့သကူကောက်ဖို့ လူတစ်စုအချို့ လည်း ရှိလှသည်။ အချို့လူငယ်များမှာလည်း တစ်ညလုံးနီးပါး မအိပ်ပဲ ဆေးဖက်ဝင်သော အသုပ်တွေကို ရေနွေးနှင့် စားကြ သောက်ကြလေ့ ရှိသည်။ အချို့မှာလည်း လပြည့်ည ၁၁ နာရီနှင့် ၁၂ နာရီထိ စောင့်ပြီး ဆေးဖက်ဝင်သော မယ်ဇလီဖူး သုပ် ကို စားသုံးလေ့ရှိသည်။ အချို့သော လူငယ်တစ်စုမှာ အိပ်မောကျနေသော အိမ်တစ်ခုစီမှ စနစ်တကျထားထားသော ပစ္စည်းအချို့ကို စနစ်တကျမရှိအောင် အပျော်သဘောြဖင့် စ နောက် လေ့ ရှိကြသည်။

(မှတ်ချက်။ ။ စာလုံးစောင်းပြထားသော စာအချို့သည် ကထိန်းအကြောင်း အကျယ်တဝင့်ဖော်ပြထားသော ဆောင်းပါးမှ ကောက်နုတ်ချက်ကို ဖော်ပြထားပါသည်။)

#Chancellor
#Author
#ကထိန်မှတ်စု
#ကိုယ်တွေ့ကြုံတွေ့ရသောစာအချို့နှင့်ဖော်ပြလိုက်ပါသည်။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ