Author's Profile Photo

Tawtawti

8/11/2024

"ပန်းရောင်နှုတ်ခမ်းနီ"

2 mins read
Art
Novel
Creative



"ပန်းရောင်နှုတ်ခမ်းနီ"
.............................
ဝတ္တုတို
(၁)

"မီးပန်းဇူဇူးဇူ..ဇူဇူးဇူ"

Facebook ကလား.. tick tock ကလား၊ ဘယ်ကနေ ကြားမြင်မှတ်ယူလာမှန်းတော့ မသိပါ။

တူမလေးသည် တေးတပုဒ်ကို အော်ဟစ်သီဆိုလျက်က ကိုယ့်အခန်းထဲသို့ဝင်လာသည်။

ကိုယ့်လက်ထဲမှ ပန်းရောင်နှုတ်ခမ်းနီဘူးလေးတဘူးကို မြင်သောအခါမှာတော့ သူ့မျက်ဝန်းလေးများက ဖြတ်ခနဲ တောက်ပသွားသည်။

ပန်းရောင်သည် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည်ဟု ဆိုကြပါသည်။

သူကလေးသည် ပန်းရောင်ခရေဇီ ဖြစ်သည်။ ဘာဝယ်ပေးပေး ပန်းရောင်ရယ်မှ ပန်းရောင်ရယ်လေ..။

ယခု နှုတ်ခမ်းနီဘူးလေးက ပန်းရောင်ကလေးလည်းဖြစ်၊ မိန်းမသားဟူသည် ငယ်ငယ်ကြီးကြီး အရွယ်စုံဆိုဒ်စုံ ပင်ကိုယ်ဗီဇသဘာဝမှာကိုက လှချင်ပချင်သည့်ဓာတ်လေးမှာလည်း ကိန်းအောင်းနေတတ်လေ့ရှိရာ

"မီးကို ပေးမှာလား"

ပြုံးရယ်ပြီး..ချစ်စဖွယ်မေးသည်။
ကလေးတွေ ပြုံးရယ်လိုက်လျှင် အမတန်မှ ချစ်စရာကောင်းသည်။
ထိုအပြုံးအရယ်ကို ကိုယ်မလွန်ဆန်နိုင်ချေ။

သို့နှင့်..ထိုပြုံးရယ်မှုဖန်ဆင်းပေးသော သူကလေး၏နှုတ်ခမ်းလွှာကို ပိုမိုလှပစေရေးအတွက် ပန်းရောင်နှုတ်ခမ်းနီဘူးလေးသည် ပိုင်ရှင်ပြောင်းသွားစေခဲ့၏။

"မီးအတွက်..လေးနှစ်ပြည့် မွေးနေ့လက်ဆောင်"

တူမလေး ပျော်သွားလေပြီ။

...........................................

(၂)

"ဒီနေ့ ကိုယ့်တူမလေး..ရက်တရာပြည့်မွေးနေ့လေ၊ ကြာဇံချက်ကျွေးတယ်"

မက်ဆင်ဂျာကနေ စကားပြောကြရင်း ကလေးငယ်ကို ဓာတ်ပုံ ရိုက်ပြလိုက်သည်။

"ချစ်စရာလေး.."

မက်ဆင်ဂျာမှ မီးစိမ်းလေးကို..ပန်းရောင်မီးလေး ဟု ခံစားရသည်။

"ကိုယ့်ကို ပြောတာလား.."

"ကိုကိုကတော့..ချစ်စရာကြီး"

ကိုယ့်ရင်တခွင်တွင် ပန်းရောင်မီး အကြီးကြီး လင်းလေသည်။

..............................................

(၃)

ယုဇနပလာဇာအတွင်းရှိဆိုင်တဆိုင်ရှေ့။ နှုတ်ခမ်းနီဘူးလေးတွေ အလှပြိုင်နေကြသည်။ ထိုသို့သော မယ်နှုတ်ခမ်းနီရွေးပွဲတွင် မိမိကိုယ်ကို ဒိုင်လူကြီးအဖြစ် ခန့်အပ်လိုက်သည်။

မည်သည့်နှုတ်ခမ်းနီရောင်သည် အလှပဆုံးဖြစ်မည်နည်း။ ခြယ်သစရာ အရောင်အသွေးတို့ကစုံလင်လှသည်။ ပထမဆုံးရည်းစားထားဖူးသော ကိုယ့်အဖို့ကား မိမိနှလုံးသား၏နိဒါန်းပျိုအတွက် ဝယ်ယူပေးချင်မိသော်လည်း သူမနှင့် လိုက်ဖက်နိုးနိုးအရေ

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်လွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

Unlock to read this premium article with 10 points.