Tawtawti
"သီတင်းကျွတ်မုန့်ဖိုး"
ဟာသဝတ္တုတို
-တော်တော်တည်
(၁)
ကြာခဲ့ပါပြီ။
ထိုစဥ်က သီတင်းသာကျွတ်လာသည်။
လက်ထဲတွင် သီတင်းမကျွတ်ခင်တုန်းကအတိုင်း သုံးစရာငွေ မရှိချေ။
ငွေရပေါက်ကိုစဥ်းစားမိသောအခါ သီတင်းကျွတ်မုန့်ဖိုးဟု ခေါင်းစဥ်တပ်ကာ ဆွေမျိုးသားချင်းများဆီက မရှက်မကြောက်စတမ်း ခပ်တည်တည်နှင့် လိုက်လံတောင်းရမ်းရင်ဖြင့် ရနိုင်သည်ဟုတွေးမိသည်။
သို့သော် သူတို့သည် ငွေကြေးအားဖြင့်
အဆင်ပြေသော်လည်း စာပေကိုစိတ်မဝင်စား၊ စာရေးဆရာဆိုတာ ထမင်းငတ်မည့်အလုပ်ဟု တွေးကြကုန်သည့် စိတ်အခြေခံရှိကြသောကြောင့် ကိုယ့်အနေဖြင့် ခပ်တန်းတန်းနေမိသည်ကတကြောင်း၊ ငါဟဲ့...စာရေးဆရာဟူသော မရှိမာနလေး ခံ
နေသည်က တမျိုးနှင့်၊ အသက် (၂၀)ကျော် လူငယ်အရွယ်မာန်ကလေးကလည်းတင်းထားသည်ကြောင့် မိဘဆီကပင် လက်မဖြန့်ချင်၊ ဖြန့်လည်းရချင်မှရတတ်၍ ထိုအစီအစဥ်ကို အကောင်အထည်ဖော်ဖို့က နာနတ်သီးကိုအခွံခွာရလောက်သည်မှ မလွယ်ပြန်သေးချေ။
(၂)
သို့နှင့် ဘိုင်ကျဘူမိနှင့် ထိုင်မရအပူထိနေလေရာ ကပ်စားနေရသော အမေ့အိမ်မှ ထထွက်လာခဲ့၏။
ပျော်စရာငွေမရှိသည်နှင့် သွားလာရန်နေရာမရှိခိုက် ဘုံဆိုင်လေးတဆိုင်တွင် ဘော်ဒါတွေကို သွားကြည့်မိ၏။
သူငယ်ချင်းကောင်းများနှင့်တွေ့လေရာ ကောင်းမှုဘက်သာစွဲဆောင်၍ခက်မည်။ သောက်စားဖို့ဆိုလျှင် သူ့သဘော ကိုယ့်သဘော အညှာကိုင်ရန်မလိုသော ဘူးစို့တူတို့မနောအတိုင်း ကိုယ်လည်း ရီဝေခွင့်လေးရသွား၏။
ယမကာတို့၏ လှည့်စားမှုသည်ဆန်းကြယ်၏။ ရှက်တတ်သူကို တက်ကြွစေ၊ ကြောက်တတ်သူကို ရဲရင့်စေတတ်၏။
သည်တွင် မပြုလုပ်ဟုတေးထားသော အရာကို ဆောင်ရွက်ရန် စွမ်းအားရှိလာသလိုမျိုး ခံစားရ၏။
ကိုယ့်အပေါ်မည်သို့သဘောထားမှန်း စမ်းသပ်ချင်စိတ်ကို လှုံ့ဆော်ပေး၏။
ရှည်ရှည်ဝေးဝေးမစဥ်းစားမိတော့ချေ။
အိမ်သို့အပြန် လမ်းတွင် အဒေါ်တယောက်အိမ်သို့ ဝင်လိုက်မိ၏။
မည်သို့မည်ပုံရောက်ရှိသွားသည်မသိ။
သတိထားမိသောအခါ လက်အုပ်ချီ ကန်တော့ပြီးချေပြီ။
နှုတ်ကလည်း မွေးရာမှသည် ယနေ့တိုင်ထိ ကာယကံ၊ မနောကံ၊ ဝစီကံတို့ဖြင့်ပစ်မှားမိသည်ရှိသော် ခွင့်လွှတ်ပါရန် ၊ ငွေကြေးဥစ္စာထက် ဂါရဝတရားသာအရေးကြီးကြောင်းတွေကို တင်ဖူးတောင်းထောင်
နဖူးကြမ်းစိုက်ရင်း နှုတ်ရေးကြွယ်နေမိ၏။
သည်တွင် ငါမှမုန့်ဖိုးမပေးလျှင် ခေါင်းပြန်ထောင်ပြီး ခြေကပြန်တော့မည်မထင်ဟုရိပ်မိပုံသော အဒေါ်သည် မုန့်ဖိုးငွေမြည်သည်ကို ထုတ်ပေးလေသည်။ သည်တွင် ရုပ်တည်နှင့်ပင် မုန့်ဖိုးလိုချင်တာထက် ချစ်ခြင်းမေတ္တာကိုသိခွင့်ရလို့ ဝမ်းသာကြောင်း မိမိကိုယ်ကိုယ် ကာဗာလုပ်လိုက်သေး၏။
စျေးဦးပေါက်တအိမ်ရသွားတော့ လူက သွေးပိုရဲသွား၏။
သွက်လက်လန်းဆန်း အယ်လ်ကိုဟောအစွမ်းဖြင့် နောက်ထပ် အဒေါ်တယောက်၏အိမ်သို့ ခြေလှမ်းကူးသွားမိ၏။
အထက်ပါနည်းအတိုင်းထပ်ရ၏။
သို့သော်...သုံးအိမ်မြောက်အဒေါ်ဆီရောက်သည့်အခါမှာတော့ သူမမှာ သူဌေးစာရင်းပင်ဝင်လင့်ကစား တပြားမှထုတ်မပေးချေ။ ထိုအဒေါ်သည် ဘုန်းကြီ
Unlock to read this premium article with 10 points.