Tawtawti
" လောကသင်္ခန်းစာ "
ဝတ္တုတို
-တော်တော်တည်
...........................
အခန်း ( ၁ )
ထိုကိစ္စသည် တကိုယ်လုံးစိုရွဲနေမည့် သကြင်္န်မဏ္ဍာပ်အောက်တွင်တော့ ဘောင်းဘီချွတ်ရန်ပင် မလိုချေ။ ရေပြွတ်မှရေကို မနှမျောသကဲ့သို့ လွှတ်ထုတ်လိုက်၍ ရသည်။ လူမြင်ကွင်းမှာတောင် အရှက်မရအောင် အကြောင်းညီညွတ်လှပါ၏။
ယခုအနေထားမှာကား. ...
ခန္ဓာဗေဒစက်ရုံမှ မလိုအပ်တော့သည့် အဆိုပါ စွန့်ပစ်ခံရေနံကြည်ကို အလွယ်တကူ ဖယ်ရှားပစ်ဖို့က ခက်၏။
လူမမြင်ကွယ်ရာဆိုသည့်တိုင် အိပ်ရာခင်းထက်ဖြစ်နေသည်ကြောင့် အိမ်ပေါ်ကနေ ခြံထဲကို အရေးပေါ်ဆင်းလာရသည်။
ထိုအရည်သည် နံ၏။ စက်ကျမ်းမာရေးအရည်အသွေးကောင်းလျှင် ထွက်ရှိသော ထုတ်လုပ်မှုမှာ ကြည်လင်သော သဘောရှိ၏ ။ ထို့ကြောင့် ရေနံကြည်ဟု ခေါ်ပါသည်။
ညသည် လေတိုးလျှင် ညမွှေးပန်းလေး၏ ဝတ်ရုံယိမ်းလိုက်သံကို ကြားရလောက်သည်မျှ တိတ်ဆိတ်နေသည်။
ကိုယ့်ပြဿနာရှိမှသာ လာရောက်ကြပြီး ကိစ္စမပေါ်လျှင် အဝေးကရှောင်သည့် နေရာလိုဆီကို လှမ်းခဲ့ရသည်။
ထိုနေရာကလား..။
ဟုတ်ကဲ့။
စားထားသမျှ ထားသွားရတာချည်း။
သောက်ထားသမျှ ရောက်သွားကြသည့်
အိမ်သာ ဟုခေါ်လေသတည်း။
ယင်းသည် ခြံဝန်းလေး၏ အနောက်အရပ်တွင်တည်ရှိ၏။
အဝင်လွယ်၍ အထွက်ခက်သည့် နေရာတော့မဟုတ်ပါ။
အထဲမှာ လူရှိလျှင် အဝင်ခက်ပြီး အပြင်က
ချက်မပိတ်သွားလျှင် အထွက်ကတော့ လွယ်သည်။
ထိုနေရာမှထွက်လာတော့...
မလှမ်းမကမ်းရှိ ခြံထဲမှ ရေတိုင်ကီဘေးတွင် လက်သွားဆေးမိသည်။
ထိုစဥ်...ရနံ့တခုကိုရမိသည်။
ရနံ့.... မွှေးသောရနံ့။
ညမွှေးပန်းရနံ့လည်းမဟုတ်.. ။
ညာဥ့်နက်နက်ထဲ သည်ရနံ့သည် ဘယ်က လာသည်နည်း။
လက်ဆေးနေသော နေရာနှင့်အနီးမှာတော့ အုတ်ခြေတွင်သံစကာတပ်ပြီး ခြံဝန်းကိုကာရံထားသော စည်းရိုးရှိသည်။ ထိုဘေးမှာက လူသွားလမ်း။ လမ်းတဖက်တွင်က ဘုန်းကြီးကျောင်းဝန်းစည်းရိုး အုတ်တံတိုင်းရှိ၏။
ထိုဘုန်းကြီးကျောင်းသည် ပါးစပ်ရာဇဝင် များမြောင်လှသည့် စကားစာတင်ကျောင်းဖြစ်သည်။ ဥစ္စာစောင့်များ ကျက်စားနေထိုင်သည့် နယ်ပယ်ရပ်ဝန်းတခုဖြစ်သည်ဟုလည်း ဆိုကြသည် ။
သို့ဖြစ်ရာ
ဥစ္စာစောင့်သည် အမျိုးသမီးအသွင်နှင့်
အုတ်တံတိုင်းပေါ်တွင် ဆံပင်ကို ဖျားလျားချထိုင်နေသည်လား။ အုတ်တံတိုင်းဘေးလမ်းသွယ်ထက်တွင် မတ်တပ်ရပ်နေသည်လား။ သူမဆီက လွင့်ဝဲလာသည့် ရနံ့ပေလား။
အို့ဟို့...တွေ့လိုက်ရလျှင် ချောမောလှပသည်ဟု အများပြောတတ်ကြသလို မြင်ရမည်များလား။ သူတို့ပိုင်ဆိုင်မှုရှိတတ်သည်ဆိုသော ရွှေမန်ကျည်းသီးတောင့်ပင်..တောင်းရမည်လား။
အကြည့်က အုတ်တံတိုင်းနှင့် လမ်းထက်ကို ရောက်သွားသည်။ ညအတွေးက စိတ်မိထင်မိထင်ရာရယ်ပေါ့။
မရှိပါ။ ဥစ္စာစောင့်သည်လည်းမရှိ၊ မွှေးရနံ ကလည်း ရနေသည်မှ မပြတ်။ ဥစ္စာစောင့်တို့မည်သည် ကိုယ်သင်းရနံ့ မွှေးဆွတ်ပျံ့သည်ဟု ဆရာကြီးဒေါက်တာသန်းထွန်းက လက်တွေ့သုတေသနပြု မှတ်ချက်ချခဲ့သည်ဟု မဖတ်ဖူးသော်လည်း ဘိုးဘွားဘီဘင် မိရိုးဖလာ ကြားဖူးနားဝ ရှိခဲ့ဖူးသည်ကိုး။
ကိုင်း...သို့ဆိုလျှင်...မွှေးရနံ့သည် ဘယ်ဆီကလာနေသနည်း။ မွှေးဌာနီ အလာရပ်ဆီသို့ မျှော်ရည်မျှော်ရမ်း စိတ်ဝယ် မှန်းဆ ဘေးဘီဝန်းကျင်ကို လှမ်းပတ် အကဲခတ်ကြည့်မိပြန်သည်။
မတွေ့ပါ။ အင်း...သို့တပြီကား... ပိ န်နဲ ပင် အောက် ရပ်နေမိသည်ကြောင့် အပေါ်ကနေ ရုက္ခစိုးတွေကများ ရွှေချိန်ပိဿလေးတွေကို ထုတ်ပိုးပြီး ဘေးပစ်ချပေးချင်လို့ ရနံ့ပေးလေသလား။
သိချင်ဇောနှင့် မော့ကြည့်မိပြန်သည် ။
ရရင်...ပွပြီ။
သြော်...
ကြောက်စိတ်ပင် နှမ်းစေ့မျှမပေါ်မိအောင်ပါလား။
လူ့အလိုများ...နတ်လိုက်ရင်တောင် သူ့ဗိမ္မာန်ပင်လျှင် ပေါင်ပေးရမယ့်ကိန်း..။
လောဘအမှောင်ကြောင့်ထင်သည်။ နတ်လည်း မမြင်ရပါ။
နောက်ဆုံးမှ သေချာ ပြန်လည်အာရုံစိုက်မိလိုက်တော့...
သြော်...
လက်ကို ပွတ်သပ် ဆေးသာဆေးနေမိသည်။
သတိမမူမိ။
သတိမမူလျှင် ဂူပင်မမြင်ဟုဆိုကြသည်မှတ်လား။
ယခုမှ အမှတ်ဂရုထားမိသွားပြီ ။
ညနေကမှ
အိမ်သားတဦးမှ အသစ်ဝယ်လာဟန်ရှိသည့် တခါသားမှ အသုံးမပြုဖူးသေးသော
လက်ဆေးဆပ်ပြာရည်အသစ်။
လက်ကိုပွတ်သပ်ဆေးနေသည့်အခါ ဆပ်ပြာရနံ့က မွှေးပျံ့လာခြင်းပင်ဖြစ်တော့သည်။
ညနက်နက်ထဲတွင် ညမွှေးပန်းမဟုတ်ဘဲ ထမွှေးနေရာက ကာလံဒေသံ အလိုက်
ယုန်ထင်ကြောင်ထင် အတွေးများမိလေခြင်းပင်ဖြစ်၏။
အခန်း ( ၂ )
တခုသောညနေခင်း၏ လေအသော့တွင် ရွက်ဝါလေးများ ကြွေနော့နေသည်။
သူ့ဘာသာ..မင်္ဂလာဒုံမြို့နယ်ဘက် ဘူတာသံလမ်းဘေးမှာ အရက်ထိုင်သောက်နေသူကို
"ဟေ့လူ..ဒီမှာထိုင်မနေနဲ့..ခေတ်အနေအထားအရက ကိုယ့်လူအတွက် မလုံခြုံဘူး၊ မှောင်ရိပ်ဝင်လာရင်...မသင်္ကါမှုနဲ့ ဖမ်းခံထိနေဦးမယ်"
လှမ်းပြောရင်းက ဆိုင်ကယ်ကို ရပ်လိုက်သည်။
"လာတက်ဗျာ..ဒီနားကဆိုင်သွားမယ်၊ လာ...ဆိုင်မှာထိုင်တာက စိတ်ချရမယ်"
ကိုယ်နဲ့လည်းမသိဘဲနဲ့၊ ယောကျ်ားချင်းကြီးကိုပင် စာနာတတ်နေသည်။
တယောက်တည်း အပျင
Unlock to read this premium article with 10 points.