Author's Profile Photo

dawna

7/11/2024

အညတရ - ၂

1 min read
Life Style

နေ့တစ်နေ့ကို အဓိပ္ပါယ်ရှိသောနေ့တစ်နေ့ဖြစ်ဖို့ ကြိုးစားရသည်ထက် စိတ်လှုပ်ရှား၍ ပျော်စရာကောင်းသည်ကို ကျွန်တော်မကြုံဖူးသေးပါ။ အသစ်အဆန်းလုပ်ရသည်ကို နှစ်ခြိုက်ပါက မနက်နိုးထလာသည့် နေ့သစ်ကို ပိုကောင်းအောင်ဖန်တီးရန်ဖြစ်သည်ဟူသော အသိထက် တခြား အသိ ကျွန်တော့်တွင် မရှိပါ။

အညတရဖြစ်သောဘဝကို ထူးခြားသော စိတ်တန်ခိုးဖြင့် နေထိုင်ဖို့ရာ ဖြစ်နိုင်ပါသည်။ ကျွန်တော်သည်လည်း ထိုနည်းလည်းကောင်းပင် ယုံကြည်သည်။ ယုံကြည်သည့်အတိုင်းလည်း လိုက်နေသည်။ ထိုအတွက် အဖိုးအခကိုလည်း ကျွန်တော်ရပါ၏။ ၎င်းမှာ ကျွန်တော်သည် တည်ကြည်မှုကို ရရှိသည်။ ကျွန်တော့်စကား ကျွန်တော်တည်နိုင်သည့်အတွက် ကျွန်တော့်ကို ကျွန်တော် လေးစားသည်။

ယင်းအချက်မှာ ကျွန်တော့်အတွက် အရေးကြီးလှပါသည်။ ထိုအတိုင်းမဟုတ်ခဲ့လျှင် ကျွန်တော်သည် အပေါ်ယံဆန်သော ဟန်ပြဖြစ်၍ အညတရဘဝတွင် စိတ်ထောင်းကိုယ်ကြေ ညစ်နွမ်းစွာနေနေပေလိမ့်မည်။ သို့ရာတွင် ယခု ထိုသို့မဟုတ်သည်ကို မြင်ရ၍ ကျွန်တော် ဝမ်းသာ၏။

ဒေါန
ကြာသပတေး။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ကျွန်တော့်ပြောင်းလဲမှု အချို့၏ အစဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာ