မြသွန်း(တောင်ဒဂုံ)
?မိတ်ဆွေတို့ရေ..အခုပုံမှာမြင်တွေ့နေရတဲ့သူတွေဟာ ဗိုက်ကြီးပူကားနေမှ သူတို့ကိုယ်သူတို့ ဆွဲတောင်မှုရှိတယ်ဆိုပြီး ယူဆနေကြပါတယ်။ နောက်ပြီးဒါဟာ အယူဆသက်သက်တင်မဟုတ်သေးပါဘူး။ သူတို့မျိုးနွယ်တစ်ခုလုံးမှာ နှစ်စဉ်နှစ်တိုင်း အခုလိုအမျိုးသားတွေထဲကမှ ဗိုက်အပူဆုံးလူကိုရွေးချယ်ပြီး heroသရဖူကိုလည်း ချီးမြှင့်လေ့ရှိကြပါသေးတယ်။ ဒါကြောင့် လူပျိုအမျိုးသားတွေဟာ သူ့ထက်ဟာ ဗိုက်ပိုကားအောင်ဆိုပြီး အပြိုင်အဆိုင် အကြိတ်အနယ်ယှဉ်ပြိုင်ကြပါတော့တယ်။ ဒါကတော့ အီသီယိုးပီးယားနိုင်ငံက Bodiလူမျိုးစုတွေရဲ့သတ်မှတ်ချက်ကြီးတစ်ခုဖြစ်တဲ့ "ဝမှလှ၊ လှမှပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်"အဖြစ် ကြေညာပေးခြင်းခံရမယ့် ပြိုင်ပွဲကြီးတစ်ခုပဲဖြစ်ပါတယ်ရှင်..
?နောက်ပြီး ဒီပြိုင်ပွဲမှာက အိမ်ထောင်သည်မဟုတ်တဲ့အမျိုးသားတွေ၊ တစ်နည်းအားဖြင့် လူပျိုလူလွတ်တွေကပဲ ဝင်ပြိုင်ခွင့်ရကြတာပါ။ သူတို့တွေက အခုလိုတစ်နှစ်မှာတစ်ကြိမ်ပဲကျင်းပတဲ့ ဗိုက်ပူပြိုင်ပွဲကြီးမှာ အနိုင်ရချင်တဲ့စိတ်တစ်ခုတည်းနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်လေ့ရှိကြပါတယ်။ ပြီးတော့မိသားစုတစ်စုမှာ လူပျိုအမျိုးသားတစ်ယောက်ကပဲ အခုလိုဝိတ်တက်အောင်လုပ်ရမယ့် challenge ကြီးထဲမှာ ကိုယ်စားပြုဝင်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့လိုပြိုင်ပွဲဝင်တွေဟာ (၆)လတိတိ လူသူခေါင်ခေါက်တဲ့အဝေးတစ်နေရာမှာပဲ နေထိုင်ရပါတယ်။
?အဲ့ဒီနေရာမှာ တဲလေးဆောက်ပြီးအသီးသီးနေထိုင်ကြပြီးတော့ လုံးဝထွက်သွားခွင့်မရှိပါဘူး။ နောက်ပြီးပြိုင်ပွဲဝင်တွေရဲ့မိသားစုတွေက သူတို့ဗိုက်ပူအောင်ကြိုးစားတဲ့နေရာမှာ အထောက်ကူအများကြီးဖြစ်စေတဲ့ အမဲသွေးနဲ့နွားနို့ ဆတူရောစပ်ထားတဲ့ သောက်စရာလာပို့ချိန်မှာလည်း ပြိုင်ပွဲဝင်တွေက လုံးဝလှုပ်ရှားသွားလာခွင့်မရဘူးလို့ စည်းကမ်းသတ်မှတ်ထားပါသေးတယ်။ အခုလိုနဲ့နောက်ဆုံး ပြိုင်ပွဲဝင်ရမယ့်နေ့ရက်ကြီးကို ရောက်ရှိလာချိန်မှာတော့ ပြိုင်ပွဲဝင်အမျိုးသားတွေအားလုံးဟာ သူတို့ရဲ့တဲကုတ်တွေထဲကနေ ထွက်ရှိနိုင်ခွင့်ရသွားပါပြီ။ ဒါမယ့်တစ်ချို့ဆိုရင် ဗိုက်ကတစ်အားကိုဖောင်းကားနေလို့ အခမ်းနားကျင်းပတဲ့နေရာဆီကို လမ်းလျှောက်ပြီးသွားဖို့ မရတော့တဲ့အခြေနေအထိ ခက်ခဲတာမျိုးတွေရှိပါတယ်။
?အဲ့လိုနဲ့ အခမ်းနားနေရာကိုရောက်သွားရင်တော့ ပထမဦးဆုံးပြိုင်ပွဲဝင်အမျိုးသားတွေဟာ နာရီနဲ့ချီပြီးတော့ သူတို့ရဲ့အလေးမြတ်ထားရတဲ့သစ်ပင်ကြီးကို ပတ်လျှောက်ရပါတော့တယ်။ အဲ့လိုပတ်လျှောက်နေစဉ်အတွင်းမှာ အီသီယိုးပီးယားသူ အလှပဂေးလေးတွေဟာ သူတို့ကိုအရက်တိုက်ကျွေးတာတွေ၊ ချွေးတွေထွက်နေရင်လည်း သုတ်သက်ပေးတာတွေ လုပ်ပေးကြပါတယ်။ ဒီအခွင့်ရေးဟာ အဲ့ဒီလူမျိုးစုတွေရဲ့ အမျိုးသမီးတွေအဖို့ အလားလာရှိတဲ့အနာဂတ်ခင်ပွန်းလောင်းကို ရှာဖွေစစ်ဆေးဖို့အကောင်းဆုံးအခွင့်ရေးတစ်ခုပါပဲ။ အခုလိုရက်ရှည်လများ ပင်ပန်းခက်ခဲစွာနဲ့ ယှဉ်ပြိုင်ကြိုးစားခဲ့ကြတဲ့ အမျိုးသားတွေထဲမှာမှ တစ်ဦးတည်းသောသူကပဲ ဒီပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်ခွင့်ရနိုင်တာပါ။
?အဲ့လိုချန်ပီယံဖြစ်သွားရင်လည်း သူတို့လူမျိုးစုတွေရဲ့သရဖူကို ဆောင်းနိုင်ခွင့်ရပြီးတော့ ပိုပြီးအားရစရာကောင်းတာက သူတို့လူမျိုးတွေရဲ့ဘဝမှာ အခုလိုအောင်နိုင်သူကို ထာဝရ'hero'ဆိုပြီး သတ်မှတ်ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မိသားစုလိုက်ပူးပေါင်းပြီးတော့ ကိုယ်စားပြုလူပျိုကောင်လေးကို ဗိုက်ကားလာအောင် အသည်းအသည်ကြိုးစားခဲ့ကြတာပေါ့ရှင်.. ဒါဆိုရင် မိတ်ဆွေတို့အားလုံးလည်း အခုပြောပြလိုက်တဲ့ ကမ္ဘာတစ်လွှားကမတူညီတဲ့လူမျိုးစုတွေထဲကမှ ထူးခြားအံ့ဩစရာကောင်းတဲ့ လူမျိုးတစ်စုအကြောင်းနဲ့ ရိုးရာဓလေ့တွေကို နားဆင်လိုက်ရလို့ ဗဟုသုတရရှိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်..
Keep Reading