Author's Profile Photo

ခွန်သစ်

6/11/2024

သင်ဘာလို့မပြောင်းလဲသေးတာလဲ

2 mins read
Art
သင်ဘာလို့မပြောင်းလဲသေးတာလဲ's photo

ကျွန်တော်တို့လူသားတွေဟာ ပြောင်းလဲချင်းနိယာမ၊ သို့မဟုတ် အသစ်အဆန်း တွေကို အမြဲသဘောကြလေ့ရှိပါတယ်။အမြဲတမ်း ဆန်းသစ်တီထွင်ပြောင်းလဲနေကြသူများလည်းဖြစ်ပါတယ်။ခေတ်စနစ်နည်းပညာ များလည်းတစ်နှစ်ထက်နှစ် တိုးတက်ပြောင်းလဲလာကြတာကို သင်ကိုယ်တိုင် အမြင်ပဲဖြစ်မှာပါ။တိုးတက်စွာ အမြဲပြောင်းလဲလေ့ရှိသော အနောက်နိုင်ငံလူသားများသည်
ရှင်သန်ချင်း၏ ဘဝအဓိပ္ပပါယ်ရှိသော သူများ ပင်ဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။ သင်ယခုကိုင်ထားသောလက်ကိုင်ဖုန်းသည် ယခင်က နှင့်မတူ အမျိူးမျိူး
ပြောင်းလဲလာချင်းကို သင်စဥ်းစားတွေးခေါ် သတိမူရမည်။အရာရာကို ပြောင်းလဲပြုပြင်ရန် လွယ်ကူရိုးရှင်းသောယနေ့ခေတ်ကြီးတွင် သင်ဟာ သင့်ဘဝကို အဘယ်ကြောင့် ပုံစံခွက်ထဲကရုန်းမထွက် နိုင်သေးသနည်း။
သင်မပြောင်းလဲနိုင်ချင်းဟာ အချက် ၂ချက်သာ ရှိပေသည်။
နံပတ်( ၁) သင်ဟာ ပြောင်းလဲလိုစိတ်မရှိခြင်း
နံပတ် ( ၂) သင်ဟာ အချိန်ဆွဲခြင်း
အကျယ်တစ်ပွင့် ရှင်းလင်းရမည် ဆိုလျင်
နံပတ် ( ၁) သင်ဟာ ပြောင်းလဲလိုစိတ်မရှိခြင်း
သင့်မှာ အနာဂတ်ပလန် ၊စိတ်ကူးစိတ်သန်း၊ဘဝရည်မှန်းချက် မရှိခြင်း ၊တစ်နည်းအားဖြစ် လေးစားအားကျစံနမူနာ ထားသော ပုဂ္ဂိုလ် မရှိခြင်းတို့ ပင်ဖြစ်သည်။ လူနေမှုအဆင့်အတန်း ဟု ဆိုလျင် သင်ဘာကိုပြေးမြင်မိ သနည်း။ "ပိုက်ဆံ ရှိခြင်း လား "
"no ပါ" သင်ဟာ သန့်ရှင်းသပ်ရပ်ချင်း၊ အကျင့်စာရိတကောင်းမွန်ခြင်းနှင့် လက်ရှိနေထိုင်သောဘဝ မှာ ကြိုးစားရုန်းကန်ခြင်းပင်ဖြစ်ပေသည်။ဥပမာ အားဖြင့်
သင်ဟာ မပြည့်စုံသော ဘဝတွင်ရှင်သန်မွေးဖွားခဲ့သည်
ဆိုပါစို့ သင်ဟာ ယခုအရွယ်ဠ် မိမိဟာ မိမိအိမ်ကို ပြန်လည်ထောက်ပံ့မပေးနိုင်ခဲ့ဘူးဆိုလျင်၊ မိမိကြောင့်
မိမိအိမ် အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် စတင်ပြောင်း
လဲရမည်။သင်ဟာ သင့်စိတ်ကူး အိမ်မက် ရှိသူဖြစ်ရမည်။ ရည်ရွယ် ချက်ကောင်း ထားတက်ရမည်။ လူတစ်ယောက် စတင် ပြောင်းလဲနိုင်ချင်းရဲ့ အလွယ်ကူဆုံးသည် သန့်ရှင်းစင်ကျယ်ခြင်းပင်ဖြစ်သည်။ သင်ဟာ
တစ်ကိုယ်ရေ သန့်ရှင်း သူတစ်ဦး ဖြစ်ရမည်။ ရှိတာနဲ့ လုံလောက်စွာ သန့်ရှင်းရမည်။ သင်ရဲ့ စတင်ပြောင်းလဲခြင်းပေါ့ "သူ့ကို ကြည့်ရတာ လူရည် လူသန့် လေးပါ "
ဆိုသည့်စကား ဟာ သင့်အတွက်ဖြစ်လာစေရန်ဖြစ်ရမည်။ မိုးလင်း မိုးချုပ်အထိ လူရည်သန့်တစ်ယောက် အဖြစ် လွယ်ကူရိုးရှင်စွာ စတင်ပြောင်းလဲပါ။ ထို့နောက်
သင့်အခန်း သင့်အိမ်ကိုစတင်သန့်ရှင်းပါ။ လူဆိုတာ တိုက်နဲ့ပဲနေနေ တဲနဲ့ပဲနေနေ အဆောင်မှာပဲ နေနေ စည်းစနစ်ကျ သေသေ သပ်သပ်နေတက်သူသည်အမြဲ ထင်ပေါ်စေပါသည်။နောက်တစ်ခု မနက်စောစော
ထခြင်းကို စတင်ပြောင်းလဲပါ။ မနက်စောစောထနိုင်သူသည် တစ်နေ့တာအတွက် အချိန်ပို ရသူများ ပင်ဖြစ်ကြသည်။သင်ပြောင်းလဲချင်းကို သင့်မိသားစုများက ပင်
စတင်သတိထားဝမ်းမြောက်ချင်းကို သင်ရယူနိုင်ရမည်။
သို့သော် ကောက်ရိုးမီး မဖြစ်ဖို့တော့လိုပေသည်။ရှေ့ခေတ်လူသားတို့သည် ကောင်းသောအရာများ ကို လေ့လာသင်ယူ၍ပညာရှိပုဂ္ဂိုလ်များ ဖြစ်လာကြပေသည်။ယနေ့ခေတ်လူသားတို့မှာ ကိုယ်နှင့်မသက်ဆိုင်ဟုထင်မြင်သော ပညာရပ်များအား၊ လွယ်ကူသော်လည်း
ဥပစ်ခါပြုတက်ကြသောကြောင့် အရာရာတွင် နောက်ကျကျန်ရစ်တက်ကြ၍ ရွယ်တူတစ်ချို့ လူအနည်းစုသာပင် ထွန်းပေါက်အောင်မြင်ကြသည်။ထိုစကားသည် ဥပမာအားဖြင့် ထမင်း၊ဟင်းချက်ချင်း၊
ကိုသင်တို့သည် မိမိသည်အိမ်မှာ အငယ်ဆုံးဖြစ်၍သော်လည်းကောင်း၊ယောက်ျားလေးဖြစ်
​၍သော်လည်းကောင်း၊ မသက်ဆိုင်သည်ဟုထင်မြင်တက်ကြသည်။
သင့်ရဲ့ အလွယ်အကူအဆုံးပြောင်းလဲ ချင်းဟာ
ထမင်းဟင်းချက်၊ ကိုယ့်အဝတ်အစားကိုလျှော်ဖွတ်သန့်စင်၊ ကိုယ်လက်လေးကျင့်ခန်းလုပ် ​ခြင်းတို့သည် သင့်အတွက် အလွယ်အကူဆုံးစတင်ခြင်းပင်ဖြစ်သည်။
အနောက်နိုင်ငံများတွင် မိမိတာဝန်ကို မိမိယူချင်းသည့်အတိုင်း မိမိအခန်း မိမိအသုံးအဆောင်ပစ္စည်း မိမိစာကြည့်စာပွဲ စသဖြင့် သည်းခြားနေထိုင်တက်ခြင်းသည်လည်း အောင်မြင်သူတို့၏ လမ်းစပင်ဖြစ်သည်။
သင်ဟာ အချိန်ကို တွက်စ တန်ဖိုးထား တိကျသူအဖြစ်
ပြောင်းလဲရမည်။သင်ဟာ အရာရာကို အကောင်းမြင်ဝါဒ လက်ကိုင်ထားသူဖြစ်ရမည်။ ဘာသာရေး လေ့လာလိုက်စားသူ ဖြစ်ရမည်။လေ့လာလိုက်စားသူနှင့် အယူဝါဒ ကိုးကွယ်သူသည် အနည်းငယ်ကွဲလည်းနေတက်ပါသည်။ ထို့နောက် သင်၏ ရည်မှန်းချက်ဟာ
သင်ဘဝရဲ့ အကြီးမားဆုံးပြောင်းလဲခြင်းပင် ဖြစ်ပေသည်။ သင်မျှော်မှန်းလိုသော ဘဝ ကိုပိုဆိုင်ရာတွင်
သင်သည် ရည်မှန်းချက်နှင်ပြည့်စုံသော ပညာရပ်တစ်ခုတည်းသာလိုအပ်သည်မဟုတ်ပေသည်။ သင့်နှင့်မကင်းကွာလှသော ယခုလက်ရှိလုပ်ကိုင်သော အလုပ်များ
နှင့် အောက်ခြေသိမ်း အတက်ပညာများစွာကအစသင်ယူလိုစိတ်များရှိရမည်ပင် ဖြစ်ပါသည်။သင်သည်
ပြောင်းလဲချင်းကို လိုလားသော အခါ သင်ယူချင်းကို
လက်ခံရပေမည်။သင့်ရည်မှန်းချက်နှင့် သင့်ဝါသနာ
နီးစပ်ရာ အခြေခံ သဘောတရားများကို လည်း တစ်ဖက်တစ်လမ်းမှာ လေ့လာရန်အချိန်ဇယားသတ်မှတ်ရမည်။
လူငယ်တစ်ချို့ဟာ သင်ယူလိုစိတ်နည်းပါးကြသည်။ထို့ကြောင့်သင်ယူလိုစိတ်ရှိသော လူအနည်းစုသာ အောင်မြင်ကြသည်ကို သတိမူသင့်သည်။ဘဝရည်မှန်းချက်ဟူသည် အရည်အချင်းရှိသူတို့အဖို့
တစ်နေ့တစ်ချိန် ရောက်မည်မှာ မလွဲ သေချာပင်ဖြစ်ပေသည်။
နံပတ် ( ၂) သင်ဟာ အချိန်ဆွဲခြင်း
အချိန်ဆွဲ ခြင်းဟူသည် တနည်းအားဖြင့် ပျင်းရိခြင်းပင်ဖြစ်ပေမည်။ သင်ဟာ တစ်စုံ တစ်ခု လုပ်မည်ကြံတိုင်း
စောပါသေးတယ် ၊ လိုပါသေးတယ် အရေးမကြီးပါဘူး
စသော အကြောင်းပြချက်များစွာ တွေးတက်သော သူဆိုလျင် ယခုချက်ချင်းပင် ပြုပြင်ပြောင်းလဲရပေမည်။
ထိုအချက်များ မပြောင်းလဲနိုင်လျင် အထက်ပါ လေ့လာသင်ယူမည့် ပြောင်းလဲမှုများလည်း ရရှိလာနိုင်မည်မဟုတ်ပေ။ ဘာလို့ အချိန်ဆွဲ နေမှာလဲ စတင်ပြောင်းလဲ
မည်ဟု သင်ဆုံးဖြတ်ပြီးလျင် ယခုပင်စတင်လုပ်ဆောင်
ပြောင်းလဲပါ ၆လအတွင်း သင့်အကျင့်တစ်ခုပြောင်းလဲရမည်။ သင်၆ လအတွင်း တိုးတက် သောလူတစ်ယောက်ဖြစ်ရမည်။ သင့်ရဲ့ ပြောင်းလဲမှုသည် သင်၏အောင်မြင်မှုသာဖြစ်ပေသည်။ လောက တွင်မည်သည်အရာမှ လွယ်လွယ်မရပေ မိမိကိုယ်တိုင်
ကြိုးစားပြောင်းလဲယူမှသာ ရလဒ်ကောင်းတစ်ခုရလာပေမည်။ယနေ့မှစ၍ သင့်ရည်မှန်းချက်ပန်တိုင်းတစ်ခုစီသို့ မြဲမြန်စွာ ပြောင်းလဲ လျှောက်လှမ်း နိုင်ပါစေ။
(ကိုယ်တွေ့ အကြောင်းအရာများ ဖော်ထုတ်တင်ပြသူ
ခွန်သစ်)
#ခွန်သစ်

Keep Reading

ကျွန်ုပ်တို့ရဲ့......မျှော်လင့်ချက်မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အရမ်းလွမ်းတယ်အဖေမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်မိသားစုနဲ့ဝေးနေချိန်မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )မရှိလွင့်မျောနှင်းစက်များ