Author's Profile Photo

Thet Naing Aung

6/11/2024

?မျှော်လင့်ချက်တို့ရှင်သန်ရာစာကြည့်တိုက် - စုမြတ်ချစ်

1 min read
Book Review
?မျှော်လင့်ချက်တို့ရှင်သန်ရာစာကြည့်တိုက် - စုမြတ်ချစ်'s photo

?စာအုပ်ချစ်သူတယောက်အနေနဲ့ စာကြည့်တိုက်ဆိုတဲ့စကားတခုဟာ အင်မတန်နွေးထွေးစေတဲ့ စကားလုံး ၊ ရပ်ဝန်းဒေသတခုပါပဲ။စာအုပ်တွေရှိနေတဲ့ ကိုယ့်အခန်းလေးဟာ ကိုယ့်ရဲ့စာကြည့်တိုက်လေးပါပဲ ။ စာတွေဖတ်ရင်း ကြည်နူးရတယ် ၊ လွမ်းမောရတယ် ၊ ရင်မောရတယ် ၊ အေးချမ်းရတယ် … အမျိုးမျိုးအဖုံဖုံပါပဲ။ ဒါပေမယ့်လေ စာကြည့်တိုက်တခုဟာ မျှော်လင့်ချက်တွေရှင်သန်စေနိုင်တယ်ဆိုတာ အရိုးသားဆုံးဝန်ခံရရင် မခံစားမိခဲ့ဘူး။

? ကျွန်တော် အများဆုံးဖတ်ဖြစ်တာက ရသစာပေ၊ ဘာသာပြန်စာပေတို့ပါ။ဘာသာပြန်တွေက ခုနောက်ပိုင်းမှ ပိုဖတ်ဖြစ်တာပါ။ စိတ်ခွန်အားဖြည့်စာပေတွေကတော့ ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ ဖတ်ဖြစ်ခဲ့ပါတယ်။ ရသစာပေတွေအဖတ်များလာတဲ့နောက်ပိုင်း စိတ်ခွန်အားဖြည့်တွေမဖတ်ဖြစ်ခဲ့တော့တာပါ။ စိတ်ခွန်အားဖြည့်စာပေတွေဟာ ကျွန်တော့်အထင် ဆယ်ကျော်သက်လူငယ်တွေအတွက် ပိုမိုပြီးအံဝင်ဂွင်ကျဖြစ်မယ်လို့ ထင်မိပါရဲ့။ထားပါတော့ ။

? ဆယ်ကျော်သက်လူငယ်တွေကို စိတ်ခွန်အားဖြည့်သီးသန့်တွေထက် ဇာတ်လမ်း၊ဇာတ်ကွက် အချိတ်ဆက်မိမိနဲ့ ကိုယ့်ဘဝကိုခွန်အားပေးတဲ့ စာအုပ်မျိုးတွေ ဖတ်ကြည့်စေချင်တယ်။ လွယ်လင့်တကူ ညွှန်ရရင် " ပါပီလွန်နဲ့ဗင်က်ို " " ဓားတောင်ကိုကျော်၍ မီးပင်လယ်က်ိုဖြတ်မည် " အဲ့လိုမျိူး ရသကော ၊ စိတ်ခွန်အားကော ပေးတာမျိုးပေါ့။

? မျက်မှောက်ခေတ်ကာလမှာ ကျနော်တို့လူငယ်တွေအပါဝင် လူတော်တော်များများဟာ လမ်းတွေပျောက်နေကြတယ် ၊ ရည်ရွယ်ချက်တွေမဲ့နေကြတယ်၊ ခန္ဓာကိုယ်လှုပ်ရှားနေပေမယ့် စိတ်တွေသေနေကြတယ် ။ အဲဒီအခြေနေတွေကနေ လွတ်မြောက်ဖို့ ဒီ ဆရာမစုမြတ်ချစ် ဘာသာပြန်ပေးထားတဲ့ " မျှော်လင့်ချက်တို့ရှင်သန်ရာ စာကြည့်တိုက် " ဆိုတာလေး ဖတ်ကြည့်စေချင်တယ် ။ ဟာ ဒီစာအုပ်ကြီးဖတ်လိုက်တာနဲ့ အိပ်မက်တွေတကယ်
ဖြစ်လာမှာလား ဆိုပြီးတော့ မေးခဲ့ရင် ဖြေနိုင်တာတခုက လက်ရှိမွန်းကြပ်နေတဲ့စိတ်တွေ ၊ ကြုံနေရတဲ့အခက်ခဲတွေ ရာခိုင်နှုန်းတော်တော်လျော့ပြီး ပိတ်နေတဲ့လမ်းစတွေအတွက် အလင်းစလေးပါပဲလို့ ပြောရပါမယ် ။

?တိုမိုကာ(အသက် -21 ) ၊ ယို (အသက်-35 ) ၊ နာစုမိ (အသက်-40) ၊ ဟီရိုယာ (အသက်-30) ၊ မာဆာအို (အသက်-65) ဆိုတဲ့ လူငါးယောက်။ အဲဒီလူငါးယောက်ဟာ အသက်ရွယ်မတူညီ၊အလုပ်အကိုင်တွေမတူညီကြဘူး။ တူညီတာတခုက ကိုယ်စီပြဿနာတွေနဲ့ စိတ်ဓာတ်ကျနေကြတာပါ။ အကြောင်းအမျိုးမျိုးနဲ့ ရပ်ကွက်စာကြည့်တိုက်က်ို ရောက်ရှိသွားကြပြီး စာကြည့်တိုက်မှူးရဲ့စကားတွေ ၊ လိုအပ်လို့ရှာတဲ့စာအုပ်တွေအပြင် ဖတ်စေချင်လို့ ထည့်ပေးတဲ့စာအုပ် ၊ ပေးလိုက်တဲ့လက်ဆောင်ရယ်ကြောင့် ပိတ်မိနေတဲ့အတွေးတွေ ၊ လမ်းစပျောက်နေတဲ့ အတွေးတွေ ပြန်လည်ရှင်သန်လာခဲ့ကြတာပါ။

? ဒီစာအုပ်မှာ စာကြည့်တိုက်မှုးကြောင့် လူငါးဦးဟာ ဘဝနေနည်းကိုရှာဖွေတွေ့ရှိသွားတယ်လို့ လွယ်လင့်တကူ တွေးနိုင်ပါတယ် ။ မဟုတ်ပါဘူး ။ လူခြောက်ဦးပါ ။ခြောက်ယောက်မြောက်လူဟာ ဒီစာအုပ်ဖတ်မိတဲ့ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။ ဒါကြောင့် စာကြည့်တိုက်တခုဟာ မျှော်လင့်ချက်တို့ရှင်သန်ရာနေရာတခုဆိုတာ အပြည့်အဝ လက်ခံရမယ့်အရာတခုပါပဲ။

? မျှော်လင့်ချက်တို့ရှင်သန်ရာစာကြည့်တိုက်
✍️ စုမြတ်ချစ်
? စာရိပ်မြိုင်
?️ ပထမအကြိမ် ၊ အောက်တိုဘာလ 2024
? စာမျက်နှာ - 248

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်