SarPhat Author
၁၉၉၀ ကျော်က အမေရိကန် တက္ကသိုလ်တစ်ခုက စမ်းသပ်မှုတစ်ခု လုပ်ခဲ့ကာ စာတမ်းထုတ်ပြန်မှုတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ယနေ့ခေတ်ဈေးဝယ်ရတာ ကို အမျိုးသမီးတွေအနေနဲ့ နှစ်သက်ပျော်ရွှင်ပေမဲ့ အမျိုးသားတွေနဲ့ ကလေးသူငယ်တွေက မကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ် တဲ့။ ဒါဆို ဈေးဝယ်ထွက်တာကို ပျော်ရွှင်နှစ်လိုဖွယ်ကောင်းအောင် ဘာလုပ်ကြမလဲလို့ မေးခွန်းကို ကျွမ်းကျင်တဲ့အရောင်းသမားများနဲ့ ဈေးကွက်ဆိုင်ရာသုတေသီတွေက ဝိုင်းပြီး အကြံပြုချက်တွေ ပေးကြပါတယ်။
အဲ့ဒီကနေ ဈေးဝယ်စင်တာတွေမှာ ကနေ့ ဆံပင်ညှပ်ဆိုင်တွေ၊ အစားအသောက် ဆိုင်တန်းတွေ၊ Spa & Lounge တွေ၊ ကလေးတွေအတွက် ကစားကွင်းတွေ ပါဝင်လာအောင် လုပ်ခဲ့ကြပါတယ်။ Shopping ထွက်ရင်း၊ အိမ်အတွက် လိုအပ်တာတွေ ဝယ်ရင်း ကော်ဖီသောက်မလား၊ ဆံပင်အလှပြင်မလား၊ ကလေးတွေ အတွက်လဲ ထိန်းကျောင်း ပျော်ရွှင်စရာကောင်းအောင် ထားနိုင်ကြ၊ လုပ်နိုင်ကြပါပြီ။ Cinema တွေ Cineplex တွေ အားကစားလေ့ကျင့်ရေးစင်တာတွေ အသီးသီးရှိလာကြပါပြီ။
ကိုယ့်ဆိုင်ကို လာကြတဲ့ ဧည့်သည်တွေကို shoppatainment လုပ်ဖို့ လိုသလား..။
ဒါကို မဖြေခင်မှာ အချက်(၂)ချက်ကို အရင် စဉ်းစားကြည့်ရအောင် ..
(၁) ဆိုင်ကို လူလာစေချင်တာပေါ့။ လူတွေ လာအောင် ဘာလုပ်ရမလဲ။
(၂) ဆိုင်ထဲကို လူတွေလာပြီးတာနဲ့ ချက်ချင်း ပြန်ထွက်မသွားစေချင်ပါဘူး။ ဆိုင်ထဲမှာ လူရှိနေတာအချိန်ကြာလေလေ၊ ရောင်းရဖို့ chance ပိုများလေလေပါပဲ။
နောက်ထပ်က သာမဏေန သာမဏေနော၊ ဂေါနေန ဂေါနော တဲ့။ လူရှိရာ လူလာတတ်တဲ့ ဓါတ်သဘော ရှိပါတယ်။ ဒါဆို ဆိုင်ကို လူတွေ လာအောင် လုပ်ဖို့ရယ်၊ လူတွေ အချိန်ကြာကြာရှိနေအောင်ရယ် လုပ်ဖို့လိုပါတယ်။ ဘယ်အရာတွေကြာင့် လူတွေက ဆိုင်မှာ အချိန်ကြာကြာ ရှိနေမှာလဲ.. ။ ဒါတော့ စဉ်းစားပါ..။
TV အရောင်းဆိုင်တွေမှာ TV တွေကို ထိုင်ကြည့်နိုင်အောင် ခုံရှည်တွေ ချထားပေးလေ့ရှိပါတယ်။ သက်တောင့်သက်သာ ထိုင်ပြီး ကြည့်ရှုနိုင်ပါတယ်။ တစ်ချို့ restaurant တွေဟာ လူဝင်ထိုင်တာနဲ့ ရေခပ်အေးအေး တစ်ခွက် လာချပေးပါတယ် ။ welcome drink ပဲ ပြောပြော၊ ကျနော်တို့ စိတ်ကျေနပ်မှုတစ်ခု ရပါတယ်။ Fashion ဆိုင်တွေမှာ မှန်မျိုးစုံ စီစဉ်ပေးထားပါတယ်၊ တချို့ဆို အမြန်ရိုက် ပိုလာရွိုက် ကင်မရာလေးတွေ ပေးထားပါတယ်။ အဝတ်ကို စမ်းဝတ်ကြည့်ပြီးတာနဲ့ ဓါတ်ပုံရိုက်ပြီး ချက်ချင်း ကြည့်လို့ရပါတယ်။
Pro-1 အရောင်းဆိုင်တွေမှာ အရင်က Coca Cola, Sprite, Orange, 100 Plus သောက်လို့ရတဲ့ bending machine တွေ ထားပေးထားပါတယ်။ လှည့့်လည်ကြည့့်ရှုရင်း အမောပြေ ရေငတ်ပြေ သုံးဆောင်နိုင်ပါတယ်။
ကျနော် ရောက်ဖူးတဲ့ ဆံသဆိုင်မှာ သတင်းစာ ဂျာနယ် ဖတ်လို့ရပါတယ်။ chess ထိုးလို့ ၇ပါတယ်။ ဘီယာတစ်ခွက် တိုက်ပါတယ်။ PS game စက် ထားပေးထားပါတယ်။
Shopptainment ဟာ အချက်(၂)ခုကို လုပ်ပါတယ် ။ ဆိုင်ကို လူလာချင်အောင်ရယ်၊ လာတဲ့သူတွေ ပျော်အောင်၊ မှတ်မိတသသ ဖြစ်နေအောင်ရယ် ပါ။
ဒီ အချက်ကို ကျနော့် ကူညီဖူးတဲ့ အရောင်းဆိုင် အတော်များများမှာ စမ်းသပ်ဖူးပါတယ်။ ရလာဒ် ထူးခြားတာကို တွေ့ရပါတယ် ။
အဲ့တော့ ဒီဆောင်းပါးလေးကနေ shopptainment အကြောင်းလေး အနည်းငယ် တင်ပြလိုက်ရပါတယ် ခင်မျာ..။
Keep Reading