SarPhat Author

တဖက်လူက အကြောင်းကိစ္စတစ်စုံတစ်ခုရှိလို့ လာရောက်ပြောဆိုဆက်သွယ်တဲ့ အချိန်မှာ ကိုယ့်ဘက်က မသိကျိုးကျွံပြုပြီး မတုံ့ပြန်လိုက်တာမျိုး ကြုံဖူးပါသလား။ ကိုယ်တကယ်တမ်းအလုပ်ရှုပ်နေတာ၊ အခြားအရာတစ်ခုကို အာရုံစူးစိုက်နေတဲ့ အချိန်ဖြစ်နေနိုင်တာ၊ ပိုအရေးကြီးတာတစ်ခုကိုလုပ်ဆောင်နေရတာတွေကြောင့် တဖက်လူကလာရောက်ပြောဆိုဆက်သွယ်တာကို ချက်ချင်းပြန်မတုံ့ပြန် မပြောဆိုနိုင်ရင်တောင် မိမိအချိန်ပေးနိုင်ပြီး အားလပ်တဲ့အချိန်ကာလတစ်ခုရောက်ရင်တော့ အသိအမှတ်ပြုပြန်လည်တုံ့ပြန်ပြောဆိုသင့်ပါတယ်။
ဒါကို Feedback Skills လို့ခေါ်ပါတယ်။ ကျွန်မတို့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် ကြီးကြီးငယ်ငယ်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပတ်သက်ဆက်နွယ်ရတဲ့သူတွေပဲဖြစ်ဖြစ် မည်သူနဲ့မဆို တစ်ဖက်က အကြောင်းကိစ္စရပ်တစ်ခုကြောင့် လာရောက်ဆက်သွယ်ပြောဆိုခြင်းကို ကျွန်မတို့အနေနဲ့ လိုအပ်သလို သင့်တော်သလို ပြန်လည်တုံ့ပြန်ပြောဆိုသင့်ပါတယ်။
ဥပမာ- The Voice Myanmarတို့ Myanmar Idol တို့လို အဆိုပြိုင်ပွဲတွေ၊ Miss ရွေးချယ်ပွဲတွေမှာ Judge တွေပါဝင်ဖိတ်ခေါ်ထားကြပါတယ်။ ဒါသည် ပြိုင်ပွဲဝင်တွေရဲ့ယှဥ်ပြိုင်မှုအပေါ် Feedback ပေးနိုင်ဖို့ရာဖြစ်ပါတယ်။ ကျွန်မတို့ငယ်စဥ်ကစာမေးပွဲဖြေပြီးလို့ ဖြေနိုင်သည် မဖြေနိုင်သည် အပထား ကိုယ်စာမေးပွဲဖြေထားတဲ့ ရလဒ်ကို ကိုယ်တိုင်တော့ အများစုကသိချင်ကြပါတယ်။ ဒါသည်လည်း ကိုယ်လုပ်ထားတဲ့ အရာတစ်ခုအတွက် Feedback လိုချင်တာဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်နှစ်နေလို့ နှစ်နှစ်နေလို့ ဒါမှမဟုတ်ကိုယ်သည် Target တစ်ခုခုထိအောင်လုပ်ဆောင်နိုင်လို့ Company ဘက်က ကိုယ့်ကို Reward တစ်ခုအနေနဲ့ ချီးမြှင့်မှုကို လိုချင်တာကလည်း ဒါသည်တစ်နည်းအားဖြင့် တဖက်လူဆီက ကိုယ့်အတွက် Feedback ကို လိုချင်တာပါပဲ။
အဲဒီတော့ ကိစ္စတော်တော်များများအတွက် လိုချင်တဲ့ Feedback ကို ကိုယ်ကိုတိုင်ကရောတခြားသူကိုဘာလို့မပေးချင်ကြရတာလဲ။ မလိုအပ်ဘူးထင်တာလား၊ လျစ်လျူရှုတာလား ?
အရေးမကြီးတဲ့အရာ၊ အကျိုးမရှိစေတဲ့အရာ၊ အရေမကအဖတ်မရလို့ သတ်မှတ်နိုငိတဲ့အရာတွေနဲ့ ပတ်သက်ပြီး လာရောက်ပြောဆိုဆက်သွယ်တဲ့အပေါ်မှာတော့ လျစ်လျူရှုသင့်ရင် ရှုနိုင်ပါတယ်။ ဒါတောင်သင့်တော်သလိုလေးတော့ ပြန်လည်တုံ့ပြန်ပြောဆိုရင်း စကားစဖြတ်ချလို့ရပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးလို့ လိုအပ်လို့ တဖက်ကလာရောက်ဆက်သွယ်ပြောဆိုတာကိုတော့ Respect လေးထားပြီးတုံ့ပြန်မှုလေးပြုသင့်ပါတယ်။
သို့မှသာ မိမိအနေနဲ့လဲ မိမိရဲ့ Brand Image ကောင်းမွန်မှုရှိပြီး အခြားသောသူများအနေဖြင့်မိမိကိုအပြင်ပန်းတင်မကဘဲ သူတို့ရဲ့စိတ်နှလုံးထဲကပါ လေးစားမှုရှိကြမှာဖြစ်ပါတယ်။ လူအချင်းချင်း ကြီးသည်၊ငယ်သည်၊ ရွယ်တူမရွေးပဲ လေးစားတတ်ကြ၊ လိုအပ်သလို တုံ့ပြန်မှုပြုနိုင်ကြပါစေ။
#TheNoteBySD
Keep Reading